Var Han Jar

ဘဝဆိုတာ ရိုးရှင်းစွာ သရမပါ ဗျည်းနဲ့သာ တည်ဆောက်ထားတဲ့ စကားတစ်လုံးဖြစ်ပါတယ်။ ဘဝဆိုတဲ့ စကားလုံးဟာ ဘယ်လိုတွေ ရှင်းလင်းတဲ့ ပုံစံတည်ဆောက်ပါစေ သူ့ရဲ့အဓိပ္ပါယ်ကိုတော့ ပြည့်စုံစွာရှင်းလင်းမရတဲ့ ရှုပ်ထွေးနေတဲ့ စကားဖြစ်ပါတယ်။ ရေးနေ ပြောနေကြတဲ့ ဘနှင့်ဝ ကိုပေါင်းလိုက်ရုံနဲ့တင်
ဘဝဆိုတာ ရေးဖို့ပြောဖို့ လွယ်သလို ဖြတ်သန်းရဖို့တော့ ခက်ခဲလိမ့်မယ်။
ဘနဲ့ဝက ပုံသဏ္ဍာန်အသံထွက်တွေ ကွဲပြားသလို လူတိုင်းရဲ့ဘဝဟာလဲ ကွဲပြားခြားနားနေကြပါတယ်။ လူတွေကို ပန်းပွင့်လေးတွေနဲ့တင်စားကြည့်ရင် လူတစ်ယောက်စီ ပန်းတစ်မျိုးအနေနဲ့ဆို ရှင်သန်ကြီးထွားတဲ့ နေရာ၊ဒေသ၊ ရာသီဥတု အရောင်အသွေးတွေ မတူညီကြပါဘူး။
ပန်းတွေမှာလည်း မျိုးစေ့ပေါက်ရောက်အမြစ်တွယ်ရာ ဝန်းကျင်အနေအထား လိုအပ်တဲ့ ရာသီဥတုရရှိမှု၊ ပန်းရဲ့အရောင်၊အရွယ်အစား ကွာခြားကြပါတယ်။
လူတစ်ယောက်ကလည်း မိဘ၊မျိုးရိုး၊ ဗီဇ၊
စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်၊ မွေးဖွားရာဇာတိ၊ ပညာရေး၊ ကျန်းမာရေးကအစ တစ်ဦးနှင့်တစ်ဦး သွင်မတူအောင်ရှိနေတဲ့အတွက် ဘဝဖြတ်သန်းပုံများကလည်း ကွာခြားလွန်းပါတယ်
#varhanjar
Keep Reading