Author's Profile Photo

Moe

25/06/2024

ဗိဿနိုးမြို့

1 min read
General Knowledge
History
ဗိဿနိုးမြို့'s photo

ဗိဿနိုးမြို့ဟောင်းက မကွေးခရိုင် တောင်တွင်းကြီးမြို့မှာရှိတဲ့ ပျူမြို့ဟောင်းတစ်ခုဖြစ်ပြီး သံခေတ်မှာထွန်းကားခဲ့တဲ့ မြို့ပြယဉ်ကျေးမှုကိုစတင်ခဲ့တာကလည်း ပျူလူမျိုးများဖြစ်ပါတယ်။
အရင်က ခရစ်တော်မပေါ်ခင်ကတည်းက ရှေးဟောင်းမြို့ပြယဉ်ကျေးမှုတွေကို လူအဖွဲ့အစည်းထဲ တဖြည်းဖြည်းတည်ထောင်လာခဲ့ကြပါတယ်။
ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ၊ မိုင်းမော တို့ကို ရှေးဟောင်းပျူမြို့တော်များအဖြစ် လူသိများကြပါတယ်။
အဲဒီပျူမြို့ဟောင်းတွေမှာတွေ့ရတဲ့ မြို့ပြတွေရဲ့ မြို့တည်ဆောက်ပုံအနေအထား၊ မြို့နေရာ ရွေးချယ်ထားရှိမှု၊ မြို့ရိုးနဲ့ မြို့ဝင်ပေါက်လက်တံ တည်ဆောက်ပုံ အနေအထား၊ အဆောက်အအုံ ပုံသဏ္ဌာန်များ၊ အသုံးပြုသောအုတ်များရဲ့ အရွယ်အစား၊ လက်ရေးစင်းရာပါရှိသော အုတ်များ၊ သေဆုံးသူကို မီးရှို့သဂြိုဟ်ပြီး အရိုးအိုးမှာ ထည့်သွင်းမြှုပ်နှံခြင်း၊ အရိုးအိုး ပုံသဏ္ဌာန်တူညီနေမှုတို့က ဒီမြို့ဟောင်းများရဲ့ ပျူယဉ်ကျေးမှု ထွန်းကားခဲ့ရာ ဒေသတွေဖြစ်ကြောင်း နှိုင်းယှဉ်သိရှိ ခဲ့ကြပါတယ်။
ပျူမြို့တော်ဟောင်းတွေထဲကမှ ဗိဿနိုးမြို့ဟောင်းမှာ ဒုတိယအကြီးဆုံး မြို့ဟောင်းဖြစ်ပါတယ်။

#Moe
#History
#forward_only
#Crd

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levelsအလုပ်ထွက်ဖို့ စဉ်းစားနေပြီလား