My Life's Corner
သင် ယုံပါသလား...?
သင် နေ့တစ်နေ့ကို စလိုက်တာနဲ့
သင့်ဘေးနားကလူတစ်ယောက်ဖြစ်ဖြစ်
သူစိမ်းတစ်ယောက်ဖြစ်ရင်တောင်မှ
သူတို့ရဲ့ ကောင်းကွက်ကလေးတွေကို ပါးစပ်က ထုတ်ပြောပေးလိုက်ရင် ချီးမွမ်းပေးလိုက်ရင်
အဲ့ဒီလူရဲ့ တစ်နေ့တာကို positive vibeတွေအပြည့်နဲ့ ကုန်ဆုံးသွားအောင် သင့်မှာ ပြောင်းလဲပေးနိုင်စွမ်းရှိတယ် လို့ဆိုရင် သင်ယုံပါသလား။
တကယ့်ကို ပြောင်းလဲပေးနိုင်တာပေါ့။
သင်အပြင်သွားတဲ့အချိန် လမ်းမှာတွေ့တဲ့ သနပ်ခါးအဖွေးသားနဲ့ အဖွားတစ်ယောက်ကို တွေ့တဲ့အခါ "အဖွား ဒီနေ့ လန်းဆန်းပြီး လှနေတာပဲနော်" လို့ တစ်ခွန်းပြောကြည့်လိုက်ပါ။ ??
အဲ့ဒီစကားလေးတစ်ခွန်းက ဒီအဘွားရဲ့ သိမ်ငယ်ကောင်း သိမ်ငယ်နေနိုင်တဲ့စိတ်ကို စိတ်ချမ်းသာမှု၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု၊ ယုံကြည်မှု တွေ တိုးလာစေပါလိမ့်မယ်။ သူ့ရဲ့ စိတ်တွေ နောက်ကျိနေရင်လဲ အကြည်ဓာတ်ကလေးတော့ အနည်းနဲ့အများ ဝင်လာပါလိမ့်မယ်။ ☘️?
သင်နဲ့ သူ့ရဲ့ ဆက်ဆံရေးကပါ ပိုကောင်းမွန်လာပါလိမ့်မယ်။
နောက် positivity✨ဆိုတာ ကူးတတ်တဲ့စွမ်းငင်အား ရှိတယ်တဲ့။ အဲ့ဒီအဘွားက စိတ်ချမ်းသာနေတဲ့အခါ သူကနေတစ်ဆင့် ဆက်ဆံပြောဆိုနေတဲ့သူကပါ positive vibe✨တွေ ကူးစက်ကောင်း ကူးစက်နိုင်ပါလိမ့်မယ်။ ဒီလိုနဲ့ ကျွန်မတို့ လူမှုပတ်ဝန်းကျင်ကြီးက toxicity ဆိုတဲ့ စိတ်အညစ်အကြေးများ တတ်နိုင်သလောက် ကင်းစင်လာပါလိမ့်မယ်။
အဲ့ဒီလောက်တောင် သင့်ရဲ့ အခမဲ့ စကားလုံးတစ်ခွန်းက အကျိုးသက်ရောက်မှုတွေ ရှိစေနိုင်ပါတယ်။ ဒီလိုပဲ အပြစ်တင်ရှုပ်ချတဲ့ စကားတွေဟာလဲ လူ့တစ်ယောက်ရဲ့ စိတ်ကို အားငယ်မှုတွေ၊ စိတ်နောက်ကျိမှုတွေ လွယ်လွယ်ကူကူပေးနိုင်ပါလိမ့်မယ်။ သင်နေ့စဉ်ပြောဆိုနေတဲ့ စကားတွေကိုလဲ သတိထားကြည့်ပါ၊ ငါ ပတ်ဝန်းကျင်အတွက် positive vibeပေးနေလား၊ Toxic vibeပေးနေလား ဆန်းစစ်ကြည့်ပါ။
ဆိုတော့ ဒီနေ့က စပြီး သင် လူတွေကို တစ်ခုခုကောင်းတာတွေ့ရင်
စိတ်ထဲမှာပဲ သိမ်းမထားဘဲ အဲ့ဒီလူကြားအောင် ပါးစပ်က ထုတ်ပြောကြည့်ပါ။ (ဒီနေရာမှာ မကောင်းတာကို အတင်းကောင်းအောင် ပြောပြီး မြှောက်ပင့်ပြောဆိုခြင်းကို မဆိုလိုပါ၊ ရင်ထဲက လာတဲ့ စကားကသာ ထိရောက်ပါလိမ့်မယ်)
နောက်ထပ် ကျွန်မတို့ မှတ်ထားသင့်တာတစ်ခုက
လူတစ်ယောက်ကို ချီးမွမ်းချင်ရင် လူရှေ့မှာ ချီးမွမ်းပါ၊
အပြစ်တစ်ခုပြောချင်ရင်တော့ လူတွေကွယ်ရာမှာ နှစ်ဦးတည်း ဝေဖန်ပါတဲ့။
ဒီလိုပါပဲ။ ကိုယ့်ရဲ့ ချစ်ရသူတွေ ကိုယ့်အပေါ် ကောင်းမွန်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေကိုတော့ ကျောက်ဆောင်ပေါ်မှာ ထွင်းထုထားသင့်သလို
စိတ်အနှောင့်အယှက်ဖြစ်စရာ လုပ်ရပ်တွေကိုတော့
သဲသောင် ပေါ်မှာပဲ ချရေးမှတ်ထားသင့်ပါတယ်တဲ့။
ဘာလို့ဆို တစ်ချို့က အမှားလေးတစ်ခု လုပ်လိုက်မိတာနဲ့ အရင်က ကောင်းခဲ့တဲ့ အရာအားလုံးဟာ သဲထဲရေထဲ လွင့်ပျောက်သွားသလိုပဲ မေ့ပြစ်လိုက်ပြီး ဒီလူဟာ ငါ့အပေါ် မကောင်းဘူးလို့ လွယ်လွယ်သတ်မှတ်တတ်ကြလို့ပါ။ အဲ့ဒီလူသာဆို ငါဘယ်လုပ်မလဲ၊ ငါဘာဖြစ်နေမလဲလို့ စာနာကြည့်ပါ။ ဒီလိုတော့ သင်ရဲ့ relationships အခြေအနေတွေလဲ ပိုပြီး ခိုင်မာလာပါိလမ့်မယ်။
ဒီလို တိုတောင်းတဲ့ ဘဝလေးမှာ စိတ်နောက်ကျိပြီး စိတ်အလိုမကျမှုများစွာနဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရတာဟာ သိပ်နှမြောစရာကောင်းသလို မွန်းကြပ်လှပါတယ်။ ပျော်ရွှင်တတ်အောင် သင်ယူပါ၊ နေထိုင်ကြည့်ပါ မိတ်ဆွေ။ တစ်နေ့အရာအားလုံးဟာ ရုပ်ရှင်တစ်ခုလို ဇာတ်သိမ်းပိုင်းအရောက် ပြီးဆုံးသွားမှာဖြစ်တဲ့အတွက် ဘာအရာကမှ ကိုယ့်ပျော်ရွှင်မှု၊ လူအများ ပျော်ရွှင်မှုလောက် အရေးကြီးမှာ မဟုတ်ပါဘူး။✨?
ဒါ့ကြောင့် ချစ်ရတဲ့ စာဖတ်သူများ
နေ့ရက်ကောင်းများစွာကို အပြုသဘောနဲ့သာ ဖြတ်သန်းနိုင်ကြပြီး toxic people, negative thoughtsတွေ အဝေးကနေ အတတ်နိုင်ဆုံး ရှောင်ကြဉ်နိုင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ရှင်။?✨
Let's create a positive community together!!☘️
#MyLifeCorner
#advice
#SPPZ
25.6.24, 11:23 PM
Keep Reading