Author's Profile Photo

Moe

25/06/2024

သတိထားသင့်တဲ့ ဖုန်းအားသွင်းခြင်းအမှား (၇)မျိုး လူတိုင်းမပြုလုပ်မိစေဖို့သတိထားသင့်တဲ့ဖုန်းအားသွင်းခြင်း အမှား (၇) မျိုး

1 min read
Software Development
General Knowledge
Startup
သတိထားသင့်တဲ့ ဖုန်းအားသွင်းခြင်းအမှား (၇)မျိုး 

လူတိုင်းမပြုလုပ်မိစေဖို့သတိထားသင့်တဲ့ဖုန်းအားသွင်းခြင်း အမှား (၇) မျိုး's photo



ဖုန်းအားသွင်းခြင်း အမှားတွေကသင့်အတွက် အဆင်မပြေစေတာတွေလည်းဖြစ်စေနိုင်ပါသေးတယ်။

လူတိုင်းနီးပါးကတော့ ဖုန်းအားသွင်းတာနဲ့ ပတ်သက်ပြီးအမှားတွေပြုလုပ်မိတတ်ကြပါသေးတယ်။

ဒီလိုအမှားတွေကတော့ မလုပ်လေကောင်းလေမို့ စာဖတ်သူတို့ ဖတ်ရှု့ကြည့်လိုက်ပါဦးနော်။

အားအပြည့်ထိမသွင်းပါနဲ့။

အမြဲတမ်းအားအပြည့်သွင်းနေမယ်ဆိုရင် ဘက်ထရီသက်တမ်းက ကြာကြာခံမှာမဟုတ်ပါဘူး။

ဘက်ထရီတိုင်းမှာ တိကျတဲ့စနစ်တစ်ခုထားရှိပြီး အမြဲအားအပြည့်သွင်းမယ်ဆိုရင် မြန်မြန်သက်တမ်းကုန်သွားနိုင်စေပါတယ်။

ဒါကြောင့်အမြဲဖုန်းအားက ၂၀% ကနေ ၈၀% ကြားထားရင် အကောင်းဆုံးပါပဲ။

အားကုန်ထိ မသုံးပါနဲ့။

ဖုန်းအားတစ်စက်မှမရှိတဲ့အထိသုံးတာလည်းလုံးဝမကောင်းပါဘူး။

နောက်ဆုံးပေါ် ဘက်ထရီပုံစံတွေက သူအလုပ်လုပ်ပုံသီးသန့်ရှိလို့ သတိထားရတာဖြစ်ပါတယ်။

တကယ်လို့အမြဲအားကုန်အောင်သုံးမိရင်တော့ သင့်ဖုန်းကိုဖြည်းဖြည်းချင်းဖျက်စီးနေတာပဲဖြစ်ပါတယ်။

အားသွင်းလျှက်နဲ့ဖုန်းမသုံးသင့်ပါဘူး။

ဖုန်းကို အားသွင်းထားတဲ့အချိန်မှာ ကိုယ်ကဖုန်းသုံးနေတာမျိုး မလုပ်သင့်ပါဘူး။ 


ဖုန်းသုံးတာက ဖုန်းကိုအားဆွဲနေတာဖြစ်လို့ ဖုန်းကိုတပြိုင်တည်း အလုပ်နှစ်ခု ခိုင်းမိသလိုဖြစ်နေတတ်ပါတယ်။

တကယ်လို့သုံးမယ်ဆိုရင် အားသွင်းတာကနေဖြုတ်လိုက်ပါနော်။

ဖုန်းအားရှိနေရင် အားမသွင်းပါနဲ့။

ဖုန်းအားက ၂၀% အထက်ရှိနေရင် ဖုန်းအား မသွင်းတာအကောင်းဆုံးပါပဲ။

ဖုန်းအားသွင်းသင်တဲ့အချိန်ကတော့ ဖုန်းအားက ၂၀%အောက်နည်းပြီး ၅%ထက် များနေတဲ့ အချိန်ပဲဖြစ်ပါတယ်။

ဈေးပေါတဲ့ အားသွင်းကြိုးတွေမသုံးပါနဲ့။

ဖုန်းတိုင်းက သူနဲ့ကိုက်ညီတဲ့ အားသွင်းကြိုးတွေ ရှိနေပါတယ်။

ဒါကို တခြားတစ်ခု သုံးပြီး အားမသွင်းသင့်ပါဘူး။

ဈေးဆိုင် တွေကနေ ဈေးမကြီးတဲ့အားသွင်းကြိုး တွေဝယ်သုံး‌တာတွေလည်း မလုပ်သင့်ပါဘူး။

အားသွင်းကြိုးပျောက်တာပဲဖြစ်စေ၊ ပျက်တာပဲဖြစ်စေ ကိုယ်ဖုန်းနဲ့ ကိုက်ညီမယ့်အားသွင်းကြိုးတွေကိုသာ ဝယ်ယူအသုံးပြုသင့်ပါတယ်။

Laptop ကနေ အားမသွင်းပါနဲ့။

ကွန်ပျူတာတွေကနေ ဖုန်းအားသွင်းနိုင်ပါတယ်။ ဒါပေမယ့် အမြဲသွင်းဖို့တော့ မကောင်းပါဘူး။ အမြဲတမ်း laptop ကနေ ဖုန်းအားသွင်းနေမယ်ဆိုရင် အားအမြန်ပြည့်စေတဲ့စနစ်ကို ပျက်စေမှာဖြစ်ပါတယ်။

အားသွင်းကြိုးတွေကို မသွင်းဘဲ ပလက်ပေါက်မှာမတပ်ထားပါနဲ့။

အားသွင်းကြိုးတွေကို ပလက်မှာ တပ်ပြီး အားသွင်းလိုက်၊ ပြည့်သွားရင်ဖြုတ်ပြီး ထားခဲ့လိုက်တာမျိုး မလုပ်သင့်ပါဘူး။

အားသွင်းကြိုးကို ပလက်ပေါက်မှာတပ်ထားတာမို့အားမသွင်းနေရင်တောင် ပလက်ပေါက်ကနေ လျှပ်စစ်က ဆွဲနေမှာမို့ မီတာတက်ဖို့ ပြုလုပ်ထားသလို ဖြစ်နေမှာဖြစ်ပါတယ်။

#Moe
#knowledge
#forward_only
#Crd

Keep Reading

VPN အကြောင်း သိကောင်းစရာဘာကြောင့် နည်းပညာနယ်ပယ်မှာ အမျိုးသမီး Software Developer ဦးရေက 10 ရာခိုင်နှုန်း ခန့်သာရှိတာလဲ?လုပ်ငန်းခွင်ဝင်ရောက်မယ့် လူငယ်များအတွက် Remote Working ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် အချက်(3)ချက်Programming လေ့လာရာမှာ Study Plan တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။What Is a VPN? VPN ဆိုတာဘာလဲ?အင်္ဂလိပ်စာကို မြန်မာပြန်ခြင်းမှ ရသည့် အသိ။cyber security အကြောင်းသိကောင်းစရာWhat is Function??Telegram ကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်တည်ထောင်ခဲ့လဲ။ ဆက်လေ့လာကြမယ်။