မြသွန်း(တောင်ဒဂုံ)
?ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ အထူးဆန်းဆုံးအုတ်ဂူတွေအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ မိခင်တစ်ဦးက သူ့ရဲ့သားလေးကိုဆုံးရှုံးလိုက်ရတဲ့နောက်မှာ သူ့သားနဲ့ပတ်သတ်ပြီး အမှတ်ရစရာတစ်ခုခုပြုလုပ်ဖို့အတွက် စဉ်းစားခဲ့ပါတယ်။
?အဲ့ဒီနောက်မှာ သူ့သားလေးရဲ့အုတ်ဂူပေါ်ကို ကစားစရာသဲမှုန်လေးတွေထည့်ထားလိုက်ပြီးတော့ အခုဆိုရင် ကောင်လေးရဲ့အစ်ကိုဖြစ်သူဟာ ဒီအုတ်ဂူမှာ နေ့တိုင်းလာလာပြီး ဆော့ကစားနေပါတယ်။
?ဒါကတော့ ၁၈၆၅ခုနှစ်တုန်းက ကုသလို့မရတဲ့ရောဂါတစ်မျိုးဖြစ်ပြီးဆုံးပါးသွားခဲ့တဲ့ကောင်လေးတစ်ယောက်ရဲ့ အုတ်ဂူပဲဖြစ်ပါတယ်။ ဒီအုတ်ဂူဟာ သာမန်အုတ်ဂူတွေနဲ့မတူပဲ ထူးခြားတာတစ်ခုက ပြတင်းပေါက်လေးတစ်ပေါက်ပါနေတာပဲဖြစ်ပါတယ်။
?ဘာကြောင့် အခုလိုအုတ်ဂူမှာ ပြတင်းပေါက်တပ်ထားရသလဲဆိုတဲ့အကြောင်းရင်းလေးက တကယ်ကိုဝမ်းနည်းကြေကွဲဖို့ကောင်းပါတယ်။ ဒီကလေးလေးက မကွယ်လွန်ခင်နာရီပိုင်းအလွန်မှာပဲ သူ့အဖေကို သူသေရမှာကြောက်တယ်ဆိုပြီး ပြောပြနေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူသေသွားရင် အလင်းရောင်မရှ်ိတဲ့မြေအောက်ထဲမှာ သူ့ကိုမြှုပ်နှံကြမယ်ဆိုတာသူသိနေလို့ပါတဲ့။
? နောက်ဆုံးအချိန်ရောက်နေတဲ့ ကိုယ့်ရင်သွေးဆီကနေ ဒီလိုစကားမျိုးကြားလိုက်ရတဲ့မိဘတစ်ယောက်အတွက်ကတော့ တကယ်ကိုရင်ထုမနာပါပဲ။ နောက်ပြီးဘယ်သူမဆို သူတို့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ အကောင်းဆုံးကြိုးစားမိကြမှာပဲလို့ထင်ပါတယ်။
?ဒီလိုပဲ ဒီကလေးလေးရဲ့မိဘတွေကလည်း မသေခင်မှာပြောသွားခဲ့တဲ့ သူ့သားလေးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက် ကလေးရဲ့အုတ်ဂူပေါ်မှာ အခုလိုပဲ ပြတင်းပေါက်လေးတစ်ပေါက် ပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။
?ဒါကတော့ ၁၈၈၂ခုနှစ်တုန်းက အသားရောင်အသားဝါရောဂါဖြစ်ပြီး ကွယ်လွန်သွားခဲ့တဲ့ ကလေးမလေးတစ်ယောက်ရဲ့ အုတ်ဂူပဲဖြစ်ပါတယ်။ အုတ်ဂူရဲ့ဘေးနားမှာ လှေကားဆင်းပေါက်တစ်ခုရှိပြီးတော့ အဲ့ဒီလှေကားပေါက်အတိုင်းအောက်ကိုဆင်းသွားရင် ကလေးမလေးရဲ့အုတ်ဂူနားကို ရောက်သွားမှာပါ။
?အဲ့ဒီအုတ်ဂူရဲ့ဒီဇိုင်းကိုတော့ ကလေးမလေးရဲ့အမေက အိုင်ဒီယာထုတ်ထားတာဖြစ်ပါတယ်။ horror movie တွေထဲမှာဆိုရင် ဒါမျိုးက သရဲခြောက်တာတွေ၊ စိတ္တဇဝေဒနာတွေနဲ့ပတ်သတ်ပြီး ရိုက်ကူးကြတာများပေမယ့် တကယ့်အပြင်လောကမှာကတော့ သနားဖို့တောင်ကောင်းနေပါတယ်။
?အရှေ့မှာပြောခဲ့သလိုပဲ မိဘတစ်ယောက်အတွက်တော့ ကိုယ့်ရင်သွေးကိုဆုံးရှုံးလိုက်ရတဲ့အဖြစ်က ကမ္ဘာပျက်သလိုပါပဲ။ တကယ်တော့ သူမရဲ့သမီးလေးက မိုးတွေဝုန်းဒိုင်းရွာပြီး လျှပ်စီးမိုးကြိုးပစ်တာမျိုးတို့၊ မုန်တိုင်းတိုက်တာမျိုးတို့ဆိုရင် အရမ်းကိုကြောက်လန့်နေတတ်ပါတယ်။
?ဒါကြောင့် ဒီအမျိုးသမီးက အဲ့ဒီအချိန်တွေဆိုရင် သေသွားတဲ့သူ့သမီးလေး တစ်ယောက်ထဲကြောက်နေမှာဆိုးလို့ အခုလိုထူးဆန်းတဲ့အုတ်ဂူမျိုးကို တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။ ဒါဆိုရင် မိုးတွေတစ်အားရွာလာတိုင်း သူ့သမီးနားမှာ အဖော်ပြုပေးလို့ရသွားတာပေါ့ရှင်။
?တကယ်လည်းမိုးတွေရွာလာပြီဆိုရင် သူမက အုတ်ဂူဆီကိုအပြေးဆင်းသွားပြီးတော့ တစ်နာရီကျော်လောက် နေထိုင်ပေးခဲ့တယ်လို့သိရပါတယ်။ အခုပြောပြပေးလိုက်တဲ့အုတ်ဂူတွေဟာ ဘာလို့ထူးဆန်းနေရတာလဲလို့မေးရင် အဖြေကရှင်းပါတယ်... မိဘတွေရဲ့မေတ္တာတွေ၊ ယုတ္တိမရှိတဲ့လုပ်ရပ်တွေမှန်းသိပေမယ့်လည်း သားသမီးရဲ့နောက်ဆုံးဆန္ဒကိုတောင် အကောင်းဆုံးဖြည့်ဆည်းပေးချင်တဲ့စေတနာတွေပါပဲရှင်...
Keep Reading