Author's Profile Photo

သင်္ကေတ

24/06/2024

ကဗျာအကြောင်း တစ်ပိုင်းတစ်စ

1 min read
General Knowledge
Poetry
18 Again
ကဗျာအကြောင်း တစ်ပိုင်းတစ်စ's photo

ဒီဆောင်းပါးလေးက ကဗျာရေးချင်‌သောသူ‌တွေအတွက် အနည်းငယ်ဗဟုသုတရစေဖို့ ရည်ရွယ်ရေးသားခြင်းဖြစ်ပါတယ်။

ကျွန်မက ကဗျာကြိုက်နှစ်သက်တဲ့သူတစ်ယောက်မဟုတ်ပါ၊၊ ကဗျာလည်း ဖတ်လေ့ဖတ်ထမရှိပါ။ ဒါပေမဲ့ ကျွန်မကျောင်းတက်တဲ့အခါ မြန်မာစာမှာ ကဗျာတွေသင်ရပါတယ်၊ သင်ရတဲ့အခါတော့ လိုက်ပြီး မှတ်သားလေ့ရှိပါတယ်။ ကဗျာမှာလည်း အမျိုးအစားတွေ အများကြီးရှိတယ်ဆိုတာ သိရပါတယ်၊ ကဗျာရေးပုံရေးနည်းတွေက သူ့စည်းမျဉ်းစည်းကမ်းဘောင်တွေနဲ့ သတ်မှတ်ချက်တွေလည်းရှိပါတယ်၊ တချို့ကဗျာတွေမှာ ကာရန်ညီပြီးရေးသားထားတာများလည်းရှိပါတယ်။

  • ကဗျာဆိုတာ အနုပညာ ဖန်တီးမှုတစ်ခုပါ၊
  • ကဗျာတွေကနေ လူနေမှုဘဝတွေကို သိခွင့်ရနိုင်တယ်၊
  • ကဗျာတွေကနေ လူတွေအကြောင်းသိနိုင်တယ်၊
  • အကြောင်းရာတစ်ခုခုကို အလွယ်တကူအမြန်ဆုံးသိချင်ရင် ကဗျာဖွဲ့ထားတာကိုဖတ်ပြီး သိနိုင်တယ်၊
  • ရှေးကဗျာစာဆိုတွေ ရေးဖွဲ့ထားသော ကဗျာအများစုမှာတော့ မြှုပ်ကွက်များပါရှိတယ်၊
  • အဲ့ခါကျ လိုက်လံတွေးတောပြီး ဦးနှောက်ကိုအလုပ်ပေးလို့ရပါတယ်။


ဒီ‌နေ့ ကျွန်မ ဖတ်မိတဲ့ထဲမှာ ကဗျာတစ်ပုဒ်ကို ဖွဲ့ဆိုမည်ဆိုလျှင် အသံသဘော၊အသံစီးဆင်းပုံ(နရီ) စည်းဝါးသဘောနှင့် ကာရန်ယူပုံများကို ပိုင်ပိုင်နိုင်နိုင်သိထားဖို့လိုအပ်ကြောင်း သိရပါတယ်။

ကဗျာရဲ့ အသက်က ကာရန်ပဲဖြစ်ပါတယ်၊ ကာရန်ဆိုတာ အသံတူတာကို ပြောတာပါ၊ ဖွဲ့စည်းပုံအက္ခရာမတူ‌ဘဲ အသံတူရင်ပြီး‌ရောပါ။
ကဗျာတစ်ပုဒ်ဖတ်လိုက်ရင် ကာရန်ညီနေဖို့အရေးကြီးပါတယ်၊ ကာရန်ညီနေမှ ကဗျာတစ်ပုဒ်က ဖတ်လို့ကောင်းပါတယ်၊ မြန်မာကဗျာမှာ ကာရန် ၆၄ ပါးရှိပါတယ်။

ကာရန်အကြောင်းနှင့် အမျိုးအစားများကိုဖတ်ရှုရန် Link များထည့်ပေးထားပါတယ်။
  • ကျွန်မတို့ စာရေးတတ်ချင်ရင် စာအုပ်တွေ များများဖတ်ရပြီး စာပေဝမ်းစာကိုဖြည့်ရတယ်၊ပြီးတော့ အမြဲတမ်းစာရေးကြည့်နေရပါတယ်။
  • ကဗျာရေးချင်တဲ့သူများလည်း ကဗျာနဲ့ပတ်သက်တဲ့စာအုပ်များကိုဖတ်ပြီး များများရေးကြည့်နေသင့်တယ်၊ ပြီးတော့ ကဗျာများကို လိုက်ဖတ်သင့်ပါတယ်။
ကဗျာစာအုပ်နဲ့ပတ်သက်ပြီး ကျွန်မညွှန်းပေးချင်သော စာအုပ်နှစ်အုပ်ရှိပါတယ်၊ 

တစ်အုပ်က ဆရာကြီး မင်းသုဝဏ်ရေးထားခဲ့တဲ့ ကဗျာရေးချင်စာစပ်သင် စာအုပ်နှင့် ဆရာတင်မိုးရေးသားခဲ့တဲ့ မြန်မာကဗျာဖွဲ့နည်း စာအုပ်တို့ပဲဖြစ်ပါတယ်။

ကဗျာများရေးဖွဲ့ပြီး ကိုယ်ခံစားချက်များကို ဖော်ထုတ်နိုင်သလို အများအကျိုးအတွက် ဗဟုသုတရစေဖို့လည်း ရေးသားနိုင်ကြ‌စေကြောင်း ရေးသားလိုက်တော့သည်။

စာအုပ်များကို ဖတ်ရှုရန် Telegram Channel ထဲမှဝင်၍ Pdf file များအနေဖြင့် ဖတ်နိုင်ပါတယ်ရှင့်။
MyCollectionsChannel

  • https://t.me/My_Collections_Channel
  • ဆရာကြီးမင်းသုဝဏ်_ ကဗျာရေးချင်စာစပ်သင်
  • ဆရာတင်မိုး_ မြန်မာကဗျာဖွဲ့နည်း


ကဗျာအကြောင်းပိုမိုဖတ်ရန်

  • https://myanmarpoetry.blogspot.com/2017/03/blog-post_34.html
  • https://myanmarpoetry.blogspot.com/


စာဖတ်သူများအား ထားဝစဉ်လေးစား လျှက်...
June 24 Monday 2024
20:50PM (@Ag)

Keep Reading

Haruki Murakami ဘာကြောင့်ဆုမရသေးတာလဲErnest Hemingway ဘဝဟာသများပျော်စရာနေ့စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးမိတ်ဆွေမှရန်သူဖြစ်သွားခြင်းအချစ်ကိုကိုးကွယ်ခဲ့တဲ့မြန်မာဘုရင်ရူးဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်The Gentleman in the Parlourအဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။ကက်ဖကာ၏လက်တွေ့ဘဝ