Tapathi (တပသီ)

ကျွန်တော်ငယ်ငယ်ကတည်းက စာအုပ်ဆိုရင် သိပ်ကြိုက်တာ။ ဘယ်လိုစာအုပ်မျိုးကိုပဲဖြစ်ဖြစ် စာအုပ်ဆိုရင်ကို ကျွန်တော်က အရူးအမူးပဲ။ ဖေဖေက စာအုပ်ဆိုင်ေတွလိုက်ပို့တဲ့အချိန်ဆို သိပ်ပျော်တာ စာအုပ်တွေအများကြီးကို စာအုပ်စင်အကြီးကြီးတွေပေါ်မှာ မြင်နေရတာ စာအုပ်သိပ်ကြိုက်တဲ့ ကျွန်တော့်အတွက် နိဗ္ဗာန်ပါပဲ။ ရုံးကအပြန် မေမေ့ဆီက ပါလာတတ်တဲ့ ယဉ်ကျေးလိမ္မာကာတွန်းဂျာနယ်တွေကလဲ မမေ့နိုင်တဲ့ ငယ်ဘဝရဲ့အမှတ်တရတွေပဲပေါ့။ အဲ့ဒီအရွယ်တုန်းက စာအုပ်ကိုကြိုက်ပေမယ့် စာဖတ်ရတာကိုတော့ ငြီးငွေ့ခဲ့ပါတယ် ။ စာအုပ်တွေအများကြီး ဝယ်ရတာကို သဘောကျတယ် ဖတ်ချင်စိတ်ကတော့ လိုချင်စိတ်လောက်တော့ မရှိခဲ့ပါဘူး ။ ဘယ်လောက်ဝယ်ဝယ် မိဘတွေကလဲ စာအုပ်ဆိုရင် စိတ်ကြိုက်ဝယ်ခွင့်ပေးတယ် ။ စာဖတ်တတ်တဲ့အလေ့အကျင့်ရဖို့ ငယ်စဉ်ကတည်းက စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို လမ်းပြပေးခဲ့တာ ကျွန်တော့်ရဲ အုပ်ထိန်းသူတွေပါ ။ မရင့်ကျက်သေးတဲ့ ကလေးတစ်ယောက်ရဲ့ အပြုအမူ အပြောအဆိုတွေဟာ သူတို့ရဲ့အုပ်ထိန်းသူတွေနဲ့ပတ်ဝန်းကျင်အပေါ် အများကြီး သက်ဆိုင်ပါတယ်။ အုပ်ထိန်းသူလို့ ဆိုလိုရခြင်းမှာ ကျွန်တော့်မိဘနှစ်ပါးကိုပဲ ပြောချင်တာမဟုတ်၍ ဖြစ်ပါတယ် ။ ကျွန်တော့် မိဘများကအစိုးရဝန်းထမ်းများဖြစ်တာကြောင့် ငယ်စဉ်အခါက အဖိုး၊အဖွားနှင့်တကွ မေမေရဲ့ ညီအစ်ကိုမောင်နှမေတွနဲ့ ကြီးပြင်းခဲ့ရတဲ့အတွက် ထိုသူတို့ရဲ့ ထူးချွန်မှုတွေကလည်း ကျွန်တော့်အပေါ် လွှမ်းမိုးကာ သင်ကြားရရှိခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော့်အတွက် စေတနာ၊မေတ္တာဖြင့် သင်ကြားပေးတဲ့ ဆရာ၊ဆရာမတွေဆီကလည်း ခွန်အားတွေရရှိခဲ့ပါတယ်။ ထိုသို့ ပတ်ဝန်းကျင်ကောင်းတစ်ခုမှာ ကြီးပြင်းခဲ့ရတဲ့ ကျွန်တော်ဟာ စာဖတ်ခြင်းကို အေလ့အကျင့်ရခဲ့ပြီး စာဖတ်ခြင်းရဲ့အကျိုးေကျးဇူးေတွကို လက်တွေ့ခံစားမိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကျွန်တော်ဟာ စာဖတ်ရတာကိုပါ နှစ်သက်လာခဲ့ပါတယ်။ ငယ်စဉ်ကလို စာအုပ်ေတွကိုပဲ ကြိုက်တာမဟုတ်တော့ဘဲ စာအုပ်ထဲက စာတွေရဲ့ အနှစ်သာရ အကျိုးကျေးဇူးတွေကို နားလည်လာခဲ့ပါတယ်။ စာအုပ်တွေက ကျွန်တော့်ဘဝအတွက် တကယ်ကို မရှိမဖြစ် အရေးပါေနခဲ့တာဟာ ယခုအချိန်ထိပဲဖြစ်ပါတယ် ။
/စာအုပ်တွေဟာ ကျွန်တော်တို့ရဲ့ ဦးနှောက်နှင့်နှလုံးသားအတွက် ဆေးလုံးလေးတွေပါ။ /
? အုပ်ထိန်းသူများနှင့်တကွ ပတ်ဝန်းကျင်ကောင်းမှာ ရှင်သန်ခွင့်ပေးတဲ့အတွက်လည်း လောကကြီးကို ကျေးဇူးအထူးတင်ပါတယ်။☘️
#Tapathi
စာဖတ်သူအပေါင်း ကျန်းမာပျော်ရွှင်ကြပါစေ။✨☘
Keep Reading