Author's Profile Photo

WHY:ဘာကြောင့်လဲ

24/06/2024

ဘာမြူဒါ နောက်ကွယ်က အမှန်တရား

2 mins read
Education
General Knowledge
History
ဘာမြူဒါ နောက်ကွယ်က အမှန်တရား's photo

"ဘာမြူဒါတြိဂံ (Burmuda Triangle) ထဲမှာဘာတွေရှိနေသလဲ၊ ဂြိုလ်သားတွေ ရှိနေနိုင်သလား"

20 ရာစုရဲ့လျှိုဝှက်ဆန်းကြယ်မှုတွေထဲက တစ်ခုဖြစ်တဲ့ ဘာမြူဒါတြိဂံဆိုတာကိုတော့ လူတိုင်းကြားဖူးကြမှာပါ၊ ဘာမြူဒါတြိဂံနဲ့ ပတ်သတ်တဲ့ ထူးဆန်းတဲ့အကြောင်းအရာတွေ ၊ လျှို့ဝှက်ဆန်းကြယ်တာတွေ၊ပဟေဠိတွေကတော့ ယနေ့ထိ ပြောလို့ မပြီးနိုင်အောင် ဒုနဲ့ဒေး ရှိ နေတုန်းပါပဲ၊ ဘာမြူဒါတြိဂံ အပေါ်ကို ဖြတ်သွားတဲ့ သင်္ဘောတွေ၊ လေယာဥ်ပျံတွေမှန်သမျှ အစအနရှာမတွေ့အောင် ပျောက်ဆုံးသွားကြတယ်၊ ပျောက်ဆုံးသွားတဲ့လေယာဥ်တွေ ၊သင်္ဘောတွေကို ရှာဖွေတဲ့ ကယ်ဆယ်ရေးယာဥ်တွေပါ ထပ်မံပျောက်ဆုံးသွားတယ်ဆိုတဲ့ သတင်းတွေက ဘာမြူဒါတြိဂံအပေါ် လူတွေရဲ့အာရုံစိုက်မှု ပိုမိုများပြားခဲ့ပါတယ်၊ လူတချိူ့ကတော့ ဘာမြူဒါတြိဂံဆိုတာဂြိုလ်သားတွေရဲ့ လျှို့ဝှက်ကင်းစခန်း၊ ပင်လယ်ကြမ်းပြင်အောက်မှာ ဂြိုလ်သားတွေရှိနေတယ်လို့တောင် ယုံကြည်ကြပါတယ်၊ တချို့ကတော့ ဘာမြူဒါတြိဂံဟာ ဂရိအတွေးအခေါ်ပညာရှင်ကြီး "ပလေတို" ပြောခဲ့ဖူးတဲ့ အတ္တလန်တစ် မြို့ဟောင်း နစ်မြုပ်ရာနေရာလို့ ပြောကြပါတယ်၊ ဘာမြူဒါတြိဂံကနေ လွတ်လာခဲ့ဖူးတဲ့ Pilot တစ်ယောက်ပြောတာတော့ "အဲ့ဒီနားရောက်တဲ့အခါ လေယာဥ်က ထိန်းချုပ်လို့တော့ဘူး၊ သံလိုက်အိမ်မြှောင်ကလည်း လည်ချင်သလို လည်နေတယ်၊ တစ်ခုခုကလှမ်းဆွဲတာခံရသလိုပဲ" လို့ပြောခဲ့ဖူးတာရှိပါတယ်၊ အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့သူ "ကိုလံဘတ်" ကလည်း အဲ့နားရောက်တဲ့အခါ သံလိုက်အိမ်မြှောင်က အလုပ်မလုပ်တော့ဘူး ဆိုပြီး သူ့ရဲ့ခရီးသွားမှတ်တမ်းထဲမှာ ရေးသားထားခဲ့ဖူးပါတယ်။

ဒါပေမယ့် အဲ့ဒီ့ ဇာတ်လမ်းတွေက တော်တော်လေး ကြာခဲ့ပါပြီ၊ နည်းပညာတိုးတက်နေတဲ့ ယခုခေတ်မှာတော့ ဘာမြူဒါတြိဂံအကြောင်းကို အသေးစိတ်လေ့လာရာကနေ လျှို့ဝှက်ဆန်းကြယ်မှုရဲ့နောက်ကွယ်က အဖြေကိုရှာတွေ့ခဲ့ပါပြီ၊ "Sonar Ultrasound Printing " ( ပင်လယ်ကြမ်ခင်းဆီ အသံလှိုင်းလွှင့်ပြီး ပဲ့တင်ပြန်လာတဲ့ အသံကို ပြန်ဖမ်းယူကာ 3D Printing နည်းနဲ့ ပုံရိပ်ငယ် Landscaping ကို တထေရာထဲ ထုတ်ပေးတဲ့နည်းပညာ၊ ခန္ဓာကိုယ်ကို Ultrasound ရိုက်သလိုမျိုး ပင်လယ်ကြမ်းပြင်ကို ရိုက်ယူတဲ့သဘောပါ ) ကို အသုံးပြုပြီး ရှာဖွေခဲ့ရာမှာတော့ ပင်လယ်ကြမ်းပြင်အောက်မှာ ရေအောက်မီးတောင်တစ်ခု ရှိနေတာကို တွေ့ရှိခဲ့ပါတယ်၊ ရေထုဖိအားကြောင့် မီးတောင်က ပင်လယ်ကြမ်းပြင်အောက်ကို တဖြည်းဖြည်း နိမ့်ဝင်လာရာကနေ ထိပ်ဝက ကြမ်းပြင်နဲ့ တစ်ညီတည်း ဖြစ်သွားပါတယ်၊ ပြတ်ရွေ့ကြောင်းတွေနဲ့ မြေပြင်ကမညီညာတဲ့အတွက် ငလျင်လည်း မကြာခဏ လှုပ်ခတ်နေပါတယ် ၊ ဒါပေမယ့် သူ့ရဲ့တည်နေရာအနေအထားက တြိဂံပုံစံ ဖြစ်နေတော့ ငလျင်လှိုင်းတွေက အဲ့ဒီ့တြိဂံနေရာမှာပဲ ထပ်ခါ" ပဲ့တင်ရိုက်ခတ်နေတယ်၊ အဲ့ဒီ့နေရာမှာပဲ ငလျှင်ကွက်လှုပ်နေတာမလို့ တြိဂံနေရာမှာပဲ ရေပြင်က ကဆင့်ကလျား ဖြစ်ပြီး မူမမှန်တဲ့ ရေစီးကြောင်းတွေ ဖြစ်နေတဲ့အပြင် ဝဲတွေ ပါ ထနေပါတယ်၊နောက်ပြီး လေထုဖိအားကလည်း များနေပါသေးတယ်၊ တောင်တန်းဒေသတွေမှာ လေဖိအားများသလိုပါပဲ၊ သူကကျတော့ တောင်က ရေအောက်မှာ ရောက်နေတာမလို့ မမြင်သာတာပါ၊ ခြုံပြီးပြောရရင် ဘာမြူဒါမှာ လေဖိအားများတဲ့အပြင် ငလျင်ကလည်းလှုပ်နေသေးတာမလို့ လေမော်လီကျူးတွေက တစ်ခုနဲ့တစ်ခုတိုက်မိပြီး လေကြောင်းလိုင်းတွေက ဦးတည်ရာပျက်နေပါတယ်၊ လေထုမော်လီကျူးတွေက ကဆင့်ကလျားဖြစ်နေတော့ လေရဲ့ Density နည်းပြီး Pressure ကများနေတာကြောင့် သူ့အပေါ်ဖြတ်တဲ့ ယာဥ်မှန်သမျှကို ပင်လယ်ထဲကို ဖိချနေသလိုဖြစ်နေတာပါ၊ အဲ့ဒါကြောင့်မလို့ လေယာဥ်တွေက အောက်ကိုထိုးကျပြီး တစ်ခုခုက ဆွဲယူခံထားရသလို ဖြစ်နေတာပါ၊ သင်္ဘောတွေကတော့ ရေစီးကြောင်းဝဲ ကြောင့်ပါ၊ ဆွဲစုပ်တဲ့ လေထုဖိအားက 1နာရီကို 450 ကီလိုမီတာနှုန်းလောက် ရှိပါတယ်၊ လူလေးငါးရာလောက်တင်ဆံ့နိုင်တဲ့ ဘိုးရင်း လေယာဥ်ကြီးတွေတောင်မရုန်းနိုင်ပါဘူး ၊ ဒါပေမယ့် နောက်ပိုင်းလေယာဥ်တွေက အင်ဂျင်အား ပိုကောင်းလာတာမလို့ ဘာမြူဒါတြိဂံကို အလွယ်တကူပဲ ဖြတ်ကျော်မောင်းနိုင်နေပါပြီ၊ သံလိုက်အိမ်မြှောင်(Analog) တွေလို Density အပေါ် မှီခိုတဲ့ဟာတွေကိုမသုံးတော့ဘဲ Satellite ပေါ်မှီခိုတဲ့ Digital စနစ်တွေသုံးလာတာမလို့ လမ်းပျောက်တာလိုမျိုးလည်း ဖြစ်မှာမဟုတ်တော့ပါဘူး ( လေထု Density နည်းရင် သံလိိုက်အိမ်မြှောင်တွေက အလုပ်မလုပ်ဘဲ လည်ချင်သလို လည်နေတာကြောင့်ပါ) ။
ယနေ့ခေတ်မှာတော့ ဘာမြူဒါအပေါ် နေ့စဥ်နဲ့အမျှဖြတ်သန်းသွားလာနေတဲ့ လေယာဥ်တွေ၊သင်္ဘောတွေက အမြောက်အများ ရှိနေပါတယ်၊ နည်းပညာတွေလည်း တိုးတက်လာတာမလို့ ဘာမြူဒါတြိဂံဟာ အရင်လို ကြောက်ဖို့ကောင်းတဲ့နေရာတစ်ခုမဟုတ်တော့ပါဘူး၊ အပြောအဟောကောင်းတဲ့ Youtuber တွေ၊ Content Creator တွေရဲ့ သိပ္ပံယောင်ယောင် စိတ်ကူးယဥ်ဇာတ်လမ်းတွေကို ယုံမှားမမိအောင် ဂရုစိုက်ကြရမှာပါ၊ သဘာဝတရားအပေါ်မှာ လူတွေရဲ့လက်တွေ့မကျတဲ့ ယုံကြည်မှုတွေကနေ လျှို့ဝှက်ဆန်းကြယ်တာတွေ ဖြစ်ပေါ်လာတတ်တာကို သတိပြုစေချင်တယ်လို့ပြောရင်း အဆုံးသတ်ပါရစေ.........................

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့My Life Notesတွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------I Love Me ( Part -1 )အားရှိတဲ့ချိန် ခုန်လိုက်ပါA4 တစ်မျက်နှာနဲ့ ၃နှစ်စာကို ပုံဖော်မယ်ကိုယ်ချင်းစာစိတ် ---------------ပြည်သူ့နီတိပညာ သင်ကြားမှုအား လေ့လာဆန်းစစ်ခြင်း (၁) ----------------------------------------------------------မိသားစုအရေး