Author's Profile Photo

မိုးနှောင်းအလင်္ကာ

23/06/2024

အာရုံကြောအားနည်းခြင်းအတွက်

2 mins read
Health
General Knowledge
18 Again
အာရုံကြောအားနည်းခြင်းအတွက်'s photo

ကျွန်တော်တို့ရဲ့ အာရုံကြော တွေ ဟာအလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတွေပါ။ကျွန်တော်တို့ ရဲ့ ဦးနှောက်အာရုံကြောတွေဂရုစိုက်ဖို့လိုနေပါတယ်။အာရုံကြောတွေ အားနည်းတာအတွက်သိရှိစေဖို့နဲ့ကျွန်တော်တို့ရဲ့ ဦးနှောက်မှတ်ဉာဏ်ကောင်စေဖို့လုပ်တာ စသည်ဖြင့် ဘယ်လိုတွေလုပ်ဆောင်ပေးသင့်လည်းဆိုတာ ပြောပြပေးမှာဘဲဖြစ်ပါတယ်။အရင်ဆုံအာရုံကြောအကြောင်းကိုသွားရအောင်။
ဘယ်လိုအရာတွေကြောင့် အာရုံကြော အားနည်းခြင်းကို ဖြစ်စေမှာလည်း?
အခြေခံအားဖြစ်ဆိုရင် ထိခိုက် ဒဏ်ရာများ၊ ရောဂါ ပိုးများ၊ ဇီဝဖြစ်စဉ် ပြဿနာများ၊ ဆီးချိုရောဂါ၊ အရက်သောက်ခြင်း၊ အာရုံကြောကို ဖိမိခြင်း၊ Vitamin ချို့တဲ့ခြင်းစတဲ့ အရာတွေအပြင် ရိုးတွင်းချဉ်ဆီ ပြဿနာများအလိုအလျောက် ခုခံမှုအား ဆိုင်ရာရောဂါများ၊ ကျောက်ကပ်အသည်းရောဂါများ၊ မျိုးရိုးလိုက်သော ရောဂါများ၊ အဆိပ်အတောက်များ ထိတွေ့မှု တို့ကြောင့် ဖြစ်နိုင်ပါတယ်။အာရုံကြောအားနည်းခြင်းရောဂါကအာရုံကြောတွေ ပျက်စီးမှု ကြောင့် ဖြစ်တဲ့ ရောဂါပါ။ အာရုံကြောများရဲ့ တာဝန်က ဦးနှောက်နဲ့ပင်မအာရုံကြောမကြီး ကနေ သတင်းအချက်အလက်တွေကို ခန္ဓာကိုယ်ရဲ့ ကျန်အစိတ်အပိုင်းတွေကို ပို့လွှတ်ပေးပါတယ်။ အာရုံကြော အားနည်းပြီဆိုဘယ်လိုရောဂါလက္ခဏာ တွေကြုံတွေ့ရမလည်း?။
အာရုံကြော အားနည်းပြီဆိုဘယ်လိုရောဂါလက္ခဏာ တွေကြုံတွေ့ရမလည်း?။
အာရုံကြောအားနည်းပြီဆို လက်များ၊ ခြေထောက်များ လှုပ်ရှားမှု အားနည်းပါမယ်။ပင်အပ်နှင့် ထိုးသကဲ့သို့ စူးကနဲ၊ ပူကနဲ ဖြစ်ခြင်း၊ ထုံကျင်ခြင်း၊ အထိမခံနိုင်ဖြစ်ခြင်းတို့ ဖြစ်ပါတယ်။ အချို့လူနာများမှာချွေးထွက်မမှန်ကန်ခြင်း၊ အထိုင်အထ မိုက်ခနဲဖြစ်ခြင်း၊ ဆီးဝမ်းနှင့် အစာခြေဆိုင်ရာ ပြဿနာများအားနည်းခြင်းတို့ ဖြစ်နိုင်ပါတယ်။
အာရုံကြောတွေအတွက်ဆောင်ရန်ရှောင်ရန်တွေကဘာတွေဖြစ်မလည်း?။
အာရုံကြောအားကောင်းစေတဲ့ ရဲယို၊ မြင်းခွာရွက်၊ ဒန့်သလွန်ရွက်၊ ဆင်တုံးမနွယ်တို့ကို မကြာခဏ စားပေးသင့်တယ်။ အဲ့ဒီအပြင် ငါးကြင်း၊ ငါးလူး၊ ငါးသလဲထိုး တို့ကို ကင်ပွန်းချဉ်ရွက်နှင့် ချက်စားခြင်း နောက်ထက်လည်းရှောက်သီးသုပ်၊ သံပရာသီးသုပ်တို့ကို မကြာခဏ စားပေးသင့်ပါတယ်။ မျှတသော၊ ကြေညက်လွယ်သော အာဟာရတို့ကို စားပေးရပါမယ်။ သွေးအားကောင်းစေသော အစားအစာ၊အသီးအနှံများကိုလည်း စားသုံးပေးသင့်တယ်။
အာရုံကြောအားနည်း ရောဂါမှာ အအေးခံလွန်းခြင်း
အအေးစာများကို လွန်စွာစားသုံးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အစာကိုအချိန်မှန်မစားခြင်း၊ ကွမ်းစားခြင်း၊ အတက်စာများကို အစားများခြင်း၊အိပ်ရေးပျက်ခံခြင်း၊ ပင်ပန်းသောအလုပ်များကို လွန်စွာ လုပ်ကိုင်ခြင်းတို့ကို ရှောင်ကြဉ်ရပါမယ်။အာရုံကြော အားနည်းရောဂါကို သက်သာစေရန်အတွက်တော့ သင့်လျော်တဲ့ ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပေးသင့်တယ်။ စားသောက်ချိန်ကို အချိန်မှန်စေခြင်း၊ အချိန်မှန်မှန် အိပ်ခြင်း၊ စိတ်ဖိစီးမှုလျော့နည်းစေရန်အတွက် တရားထိုင်ခြင်း စတဲ့အရာတွေအပြင်နွေးနွေးထွေးထွေးနှင့် သန့်ရှင်းလတ်ဆတ်တဲ့ နေရာတွင်နေခြင်း၊ နံနက်စောစောတွင် နေပူဆာလှုံခြင်းတို့ကို လည်းပြုလုပ်ပေးသင့်ပါတယ်။
အကယ်၍သင့်မှာနဂိုရောဂါ အခံရှိနေပြီဆိုရင်ရော?။ နဂိုရောဂါအခံတစ်ခုခုရှိနေရင် အာရုံကြောပြဿနာတွေကိ ပိုဆိုးစေနိုင်ပါတယ်။ ဥပမာ ဆီးချိုရောဂါ၊ အရေပြားလေးဖက်နာ၊ လေးဖက်နာအဆစ်ရောင်ရောဂါ၊ လေဖြတ်တာ စတာတွေပဲ ဖြစ်တယ်။ ဒီရောဂါအခံတွေရှိနေပြီး အာရုံကြောထိခိုက်မှာ စိုးရိမ်တယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်တယ်လို့အကြံပေးပါစေ။
ကျွန်တော်တို့ဦးနှောက်မှတ်ဉာဏ်အားကောင်းဖို့ဆိုရင်ရော်?။
အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်က ပြောင်းလဲလာပါတယ်။ ဦးနှောက်ကျန်းမာပြီး မှတ်ဉာဏ်ကောင်းနေစေဖို့ ဒီ နည်းလမ်းတွေကိုလိုက်နာသင့်ပါတယ်။တရားထိုင်ပါ။ ဘာသာတရားအရမဟုတ်ဘဲ ဦးနှောက်ကိုဖြေလျော့စေဖို့အတွက် တစ်နေ့ကိုအနည်းဆုံး 5မိနစ်လောက်တရားထိုင်ပေးပါ။ဦးနှောက်ကို အလုပ်ပေးပါ။ ဥပမာ Puzzles ဆော့တာ၊ စာအုပ်ဖတ်တာ၊ ပန်းချီဆွဲတာ စသည်ဖြစ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ အာဟာရပြည့်ဝအောင် စားသောက်ပါ။ ဥပမာ အသီးအနှံ၊ အသီးအရွက်၊ အစေ့အဆန်တွေနဲ့ မပြည့်ဝဆီ"စတဲ့အစားအစာတွေကိုအဓိက စားပေးသင့်ပါတယ်

#မိုးနှောင်းအလင်္ကာ
(အချို့အချက်အလက်များကိုအခြားသောနေရာများမှရှာဖွေစုစည်းတင်ပြသည်။)

Keep Reading

အမြဲလိုလို ချွေးထွက်နေတတ်တဲ့လက်ဖဝါးတွေ သင့်မှာရှိနေပြီလားသင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…ဖားပြုပ်အဆိပ်အရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မှန်ကန်စွာ သင့်စွမ်းအင်ကိုစီမံခန့်ခွဲပြီး အောင်မြင်မှုကိုရယူလိုက်ပါလူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု Doorway Effectငိုစရာ မျက်ရည်တွေ မကျန်တော့တဲ့အထိ ငိုပါ‘Me Time များများပေးပါ’