SarPhat User
အဖေ့ရဲ့လက်ဖဝါး။
ကျွန်တော်ငယ်ငယ်ကတွေးမိတယ်•••အဖေ့ရဲ့
လက်ဖဝါးတွေဘာလို့ကြမ်းနေတာလဲလို့ အခုတော့
သိပြီ ကျွန်တော်နှစ်တန်းတုံးက မုန့်ဝယ်စားတိုင်းအ
ဖေ့လက်နဲ့လုပ်မှရတဲ့ ပိုက်ဆံကို ကျွန်တော်မသိခဲ့ဘူး။
အဖေကအလုပ်တွေကို အကုန်လုပ်ရတယ်။
တစ်နဲ့ကြတော့ ကျွန်တော်ကအဖေ့ကို မုန့်ဖိုးပေးပါ
အုံးဖေဖေလို့ပြောလိုက်တော့အဖေက အေးပါသား
ရယ် ဆိုပြီးပိုက်ဆံကိုရေတွက်နေတယ်။ ကျွန်တော်
ချောင်းကြည့်လိုက်တော့အဖေကမျက်ရည်တွေ
ကျနေတယ်သေချာကြည့်ကြည့်မှပိုက်ဆံက နှစ် •••နှစ်ရာမပြည့်ဘူးတဲ့။
ကျွန်တော်ရင်ထဲ ဘယ်လိုမှန်းမသိဘူးဖြစ်သွား
တယ်။ အဖေက ပိုက်ဆံတစ်ရာ့ငါးဆယ်ကို ကျွန်
တော့်ကိုလာပေးတယ် ကျွန်တော်မယူနိုင်ပါဘူး အ
ဖေ့ကိုသနားနေတာပဲသိတာပါ ဒါနဲ့ကျွန်တော် အဖေ့
ရဲ့မျက်ရည်တွေကိုသုတ်ပေးလိုက်ပြီးအဖေ့ကို ဖက်
လိုက်တယ်။ အဖနဲ့ကျွန်တော် သစ်ပင်အောက်မှာ
ထိုင်နေရင်းသစ်ပင်ပေါ်ကိုမော့ကြည့်လိုက်တော့
ငှက်ကြီးက သို့ရဲ့ ကလေးတွေကို အစာကျွေးနေတာ
ကိုတွေ့တော့ ကျွန်တော်ပိုပြီးသဘောပေါက်လိုက်
တယ် အဖေကကျွန်တော်ရဲ့ဘဝအတွက် အရေးကြီးတယ်ဆိုတာကိုပေါ့••••••
အေဖ့ရဲ့လက်တွေကို အမြဲတန်းဆွဲပြီး ဘဝ
ရဲ့အခက်အခဲတွေကို အတူရင်ဆိုင်မှာပါ။ဒီလိုမျိုး
ရေးရတာက ကမ္ဘာပေါ်က လူငယ်တွေဖတ်ရအောင်
လို့ပါ။လူငယ်တွေအားလုံးအဖေတွေရဲ့တန်ဖိုးကိုသိ
ဖို့အတွက်လဲဖြစ်တယ်။အဖေဆိုတာက သားသမီး
တွေအတွက် အားဆေးတစ်ခုလိုပါပဲ။အဖေတွေရဲ့
စိတ်မှာလဲသားသမီးတွေလိုအပ်တာကို မပေးနိုင်ရင်
သူတို့စိတ်ထဲမှာလဲဝမ်းနည်းရပါတယ်။
သားသမီးတွေလဲလိုအပ်တာမရတိုင်းဝမ်း
မနည်းပါနဲ့ အဖေတွေရဲ့စိတ်တွေကို အရင်ဆုံးဝင်
ကြည့်ပါ သူတို့လည်းစိတ်ရှိပါတယ်။သူတို့ရဲ့စိတ်
တွေကစက်ရုပ်တွေမဟုတ်ပါဘူး။
ကျေးဇူးတင်ပါတယ်
Keep Reading