Author's Profile Photo

Phoo Thitsar Nyo

21/06/2024

"မိန်းမတွေ ငွေမက်တယ်"

1 min read
General Knowledge
"မိန်းမတွေ ငွေမက်တယ်"'s photo

မိန်းမတွေ ငွေမက်တယ်လို့
ပြောတဲ့စကားကို ကြားတဲ့အခါ
ဆိုက်ကားနင်းနေတဲ့အမျိုးသားပြန်အလာကို
အိမ်မှာ ချက်ပြုတ်ပြီး စောင့်နေတဲ့
အမျိုးသမီးက ပြုံးနေတယ်...

မိန်းမတွေ ငွေမက်တယ်လို့
ပြောတဲ့စကားကို ကြားတဲ့အခါ...
ခင်ပွန်းဖြစ်သူ ဒုက္ခတိဖြစ်သွားလို့
လုပ်ကိုင်ကျွေးမွေးနေတဲ့ ဇနီးသည်က
ပြုံးနေတယ်...


ငွေရှိ​တဲ့သူကိုပဲ ရွေးချယ်ကြမှာတဲ့...
အဲ့တာက အပေါ်ယံသဘောတရားအရ
မှန်ကန်ပေမဲ့...
တကယ့်အချစ်စစ်နဲ့ တွေ့ရှိခဲ့တဲ့
မိန်းမကတော့ အချစ်ကိုပဲ ရွေးချယ်မှာပါ

ဒီနေရာမှာ တကယ့်အချစ်စစ်လို့ပါတယ်နော်
"ချစ်တယ်"ပြောရုံနဲ့၊ အပေါ်ယံဂရုစိုက်ပေးရုံနဲ့တော့ အချစ်စစ်လို့မခေါ်ဘူး

ငွေက ကိုယ်တိုင်ရှာလို့ရတယ်ဆိုတာ
တချို့မိန်းမတွေ သိတယ်
ငွေမက်တာခြင်းတူပေမဲ့
ရှာပုံခြင်းမတူဘူး.....

ငွေမက်တိုင်း
မကောင်းတဲ့မိန်းမ မဟုတ်ပါဘူး

မင်းကို မိန်းကလေးတစ်ယောက်က
တကယ့်အချစ်စစ်နဲ့ချစ်မိပြီး
မင်းသာ ယောကျ်ားတစ်ယောက်၊
အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့
နွေးထွေးမှု၊ ကြင်နာမှု၊ စိတ်လုံခြုံမှုကို
ပေးနိုင်မယ်ဆိုရင် သူက သေချာပေါက်
မင်းကိုပဲ ရွေးချယ်မှာပါ

-ဖူးသစ္စာညို
(21.6.2024 Friday 2:15 p.m)

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး "ဂ" နှင့်သက်ဆိုင်သော သတ်ပုံများစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levels