SarPhat Author
ကျွန်မဘဝမှာ အရူးမူး ချစ်ခဲ့ရသူရှိခဲ့တယ်.......။
သူနဲ့ ကျွန်မနဲ့က ရှင်သန်ရာ ကမ္ဘာမတူကြပင်မယ့် ကျွန်မသူ့ကို ချစ်တယ်။ သူရဲ့ တောင်းဆိုမှုကိုကြောင့်သာမဟုတ်ခဲ့ရင် ကျွန်မသူရှိရာ ရပ်ဝန်းဆီ လိုက်သွားခဲ့လိုက်ပြီ။ ကျွန်မအခုရေးခဲ့တဲ့ စာအုပ်လေးက နောက်ဆုံးပါပဲ။ သူ့အတွက် ရည်ရွယ်ပြီးရေးထားတဲ့ ဒီစာအုပ်လေးရယ် အဖြူရောင် ချည်ကြိုးလေးကို ကျွန်မသေသွားရင် ကျွန်မအုတ်ဂူလေးပေါ်မှာ တင်ပေးဖို့ တောင်းဆိုပါတယ်။
မြဇူလီ
"ဟန်သီ ရေ "
"ဟန်သီ မရေ"
"ဟဲ့ ဘာဖြစ်လာတာလဲဟ"
"လာ..အိမ်ထဲဝင်ထိုင်ပြီး အေးဆေးပြော"
"အေး အေး"
"ကဲ..ဆိုပါအုံး ဘာတွေဖြစ်လာတာ"
"ဟဲ့ သတင်းစာမဖတ်ရသေးဘူးလား၊ ဒီမှာလာကြည့် စာရေးဆရာမကြီး မြဇာလီ ကွန်လွန်သွားပြီတဲ့"
"ဟယ်.....ဟုတ်ပ။ ဘယ်လိုဖြစ်တာလဲ ။ အခုမှအသက်က လေးဆယ့်သုံးနှစ်ပဲ ရှိသေးတာကို"
"နေရီ ရောက်နေတာပဲ၊ သမီး တို့သွားစရာရှိလို့လား၊ ထူးထူးဆန်းဆန်း အစောကြီးလာလို့လေ"
"မဟုတ်ဘူး မေမေရေ ၊ သမီးကြိုက်တဲ့ စာရေးဆရာမကြီး ဆုံးသွားလို့ ၊ အဲ့တာ နေရီက လာပြတာ"
"ဟယ်......ဟုတ်လား။ ဘယ်သူများလဲ"
"စာရေးဆရာမကြီး မြဇာလီ အန်တီရဲ့"
"ဘယ်လို၊ မြ.....မြ ဟုတ်လား"
"ဟုတ်တယ်လေ အန်တီ ၊ အန်တီ သိလို့လား"
"အော်......သိတာပေါ့ကွယ်။ သူနဲ့ကွဲသွားတာ ဆယ်နှစ်လောက်ရှိပြီ ၊ အန်တီ သူငယ်ချင်းပေါ့"
"ဟင်......အန်တီအဲ့တာဆို သတင်းစာထဲက ဆရာမကြီး မြဇာလီရဲ့ နောက်ဆုံး ရေးခဲ့တာ စာလေးရဲ့ အကြောင်းသိလား"
"ဘာစာများလဲကွဲ့"
"ဒီမှာ အန်တီဖတ်ကြည့်လိုက်"
...........
"အော်.....မြရယ်"
"နင်သိပ်အစွဲလန်းကြီးပါ့လား"
"အန်တီပြောပြမယ်၊ ဒီလိုကွဲ့".............
(လွန်ခဲ့သော15 နှစ်အကြာက)
"မြရေ....ဒီတစ်ပတ်အပြီး အန်တီကို စာမူလာအပ်ပေးနော်"
"ဟုတ်ကဲ့ အန်တီမေနွယ်၊ မြ အမြန်ဆုံးလာအပ်ပေးပါ့မယ်"
(အန်တီမေနွယ်က မြစာမူသွင်းတဲ့ စာအုပ်တိုက်ပိုင်ရှင်ပါ)
"ဟုတ်ပြီသမီးရေ၊ ဆက်ကြိုးစားနော်
မြ ကအလားအလာရှိတယ်"
"ဟုတ်ကဲ့ပါအန်တီမေနွယ်၊ မြ ကိုယုံယုံကြည်ကြည်နဲ့ စာချူပ်ချူပ်ပေးလို့ကျေးဇူးပါနော်"
"သမီးဂရုစိုက်ပြန်နော်"
"ဟုတ်ကဲ့ အန်တီမေနွယ်၊ ခွင့်ပြုပါအုံးရှင့်"
..............
(မြအနီးဆုံးက တက်ဆီ ကားကိုအရင်ရှာလိုက်တယ်)
"ကျွန်မ လှည်းကူးဘက်ကို သွားချင်လို့ပါ၊ ဘယ်လောက်ပေးရမလဲ"
"နည်းနည်းလှမ်းတော့ တစ်သောင်းတော့ပေးဗျာ"
"မလျှော့တော့ဘူးလား"
"အတန်ဆုံး စျေးပါဗျာ"
"ဟုတ်ပါပြီ၊ သွားမယ်"
.............
(မြလမ်းမှာ ဟိုငေးဒီငေးနဲ့ စာမူအတွက်စဉ်းစားနေတာပေါ့)
"ရောက်ပြီ၊ ညီမရေ......လမ်းက ကျဉ်းလို့ကားဝင်လို့မရဘူး"
"ရပါတယ်ရှင့်၊ ရော့....ဒီမှာကားခ"
"မှောင်နေတော့ ဂရုစိုက်ညီမရေ"
"ဟုတ်ကဲ့...ကျေးဇူးပါ"
(မြလမ်းအတိုက်းလျှောက်သွားရင် ချည်ဆွဲကြိုးလေး ကိုတွေ့လိုက်တယ်)
"ဟယ်......ဆွဲကြိုးလေး၊ လှလိုက်တာ"
(လေတစ်ချက် ခပ်ပြင်းပြင်းတိုက်သွားတယ်၊ မြဇူလီ လည်းဆွဲ ကြိုးကို အိပ်ထဲထည့်ယူသွားလိုက်တယ်၊ သူ့နောက်မှာတော့ အဖြူတီရှပ်နဲ့ ကောင်လေး တစ်ယောက် လိုက်ပါသွားတယ်)
အပိုင်း(2)မျှော်
နန်းသွေးသစ်
Keep Reading