Author's Profile Photo

SarPhat Author

19/06/2024

ကျန်းမာခြင်း

2 mins read
Health
General Knowledge
ကျန်းမာခြင်း's photo

နေထိုင်ရာ ဤကမ်ဘာတွင် ကျန်းမာရေးသည် အရေးကြီးဆုံး ဖြစ်သည်။ ကျန်းမာမှ အရာရာစွမ်းဆောင်နိုင်မည် ဖြစ်သည်။ မကျန်းမာသူတစ်ဦး ၏ပထမဆုံးဆုတောင်းမှာ ကျန်းမာခြင်းပင်ဖြစ်သည်။

ကျန်းမာရေးကို ကျန်းမာစဉ်အခါကပင် ဂရုစိုက်သင့်ပါသည်။အာရောဂျုံ၊ ပရမံ၊ လာဘံ” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်။ ကျန်းမာခြင်းလာဘ်ကြီးကို လက်ဝယ်ပိုင်ပိုင်ရရှိထားပါမှ လူဖြစ်ရကျိုး နပ်ပေလိမ့်မည်။ ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်နိုင်ပါမှ အကျိုးကြီးမားသော ဆုလာဘ်ကြီးကို ရရှိနိုင်မည်ဖြစ်သည်။ တစ်နည်းဆိုလျှင် အနာရောဂါ ကင်းဝေးအောင် နေထိုင်နိုင်ပါမှ ကျန်းမာချမ်းသာသောဘဝကို ပိုင်ဆိုင်နိုင် မည်ဖြစ်သည်။အနာရောဂါကာကွယ်နိုင်သော နည်းလမ်းကောင်းမှာ ကျန်းမာရေးနှင့် ညီညွတ်သော အပြုအမူအနေအထိုင် အလေ့အထများကို အစဉ်အမြဲ ကျင့်ကြံနေထိုင်လုပ်ကိုင်သွားရန်ဖြစ်သည်။ လောကတွင် “အသက်ဉာဏ်စောင့်၊ ဥစ္စာကံစောင့်” ဟုဆိုလေ့ရှိသည်။ ထိုရှေးပညာရှိတို့၏ ဆိုစကားသည် မိမိတို့ အသက်ရှည်ကျန်းမာ ချမ်းသာရေးအတွက် မိမိတို့၏ဉာဏ်အလုပ်ကို အမြဲမပြတ် သတိမူနေစေလိုရင်းဖြစ်သည်။ နေ့စဉ်သတိမမူ ပေါ့ပေါ့တန်တန် ပြုမူ စားသောက်နေထိုင်မိပါက မိမိတို့၏ဥစ္စာ၊ မိမိတို့၏အသက်ခန္ဓာ ပျက်စီးဆုံးရှုံးခြင်းဆီသို့ သက်ဆင်းနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။မိမိတို့၏နေ့စဉ်ဘဝကျန်းမာရန်အတွက် လေကောင်းလေသန့်၊ရေကောင်းရေသန့်များကို သောက်သုံးရှုရှုိက်သင့်သည်။လေကောင်းလေသန့်ကို အများဆုံးရရှိနိုင်စေရန် အိမ်အပြင်ပများတွင် နေနိုင်သမျှ နေသင့်သည်။ သန့်ရှင်း စင်ကြယ်သောလေကို ရှူရခြင်းသန့်ရှင်း စင်ကြယ်‌ေသာ‌ေရကို‌ေသာက်သံုးခြင်းအားဖြင့် ရောဂါပေါင်းများစွာ တို့ကို ကာကွယ်စေနိုင်သည်။ထို့အတူသန့်ရှင်းသောအစားအစာ များကိုစားသုံးခြင်း၊ကိုယ်လက်လှုပ်ရှားအားကစားများကိုလည်းသင့်သင့်သလောက်လုပ်ဆောင်ရန်လိုအပ်ပေသည်။ကိုယ်ခံအားကောင်းမှသာ ကျန်းမာရေးကောင်းမွန်မည်။ရာဂါအသစ်အဆန်းတစ်ခုကို ချက်ချင်းကာကွယ်တိုက်ဖျက်ရန်မှာ မလွယ်ကူပေ။ ရောဂါကူးစက်ဖြစ်ပွားလျှင်လည်း သက်သာပျောက်ကင်းအောင် ကုသနိုင်ရန်မှာ ကိုယ်ခံအားကောင်းမှသာ သက်သာပျောက်ကင်း နိုင်ပေသည်။ ယနေ့ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကြောင့် အသက်သေဆုံးသွား ကြသူများမှာ ကိုယ်ခံအားနည်းသည့် သူများသာ အများဆုံးဖြစ်သည်။ မိမိတို့ကိုယ်ခံအားကောင်းနေလျှင် မည်သည့်ရောဂါပိုးမွှားမှ မိမိတို့၏ အသက်ကို အလွယ်တကူပျက်စီးအောင် လုပ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လူတိုင်းလူတိုင်း ကျန်းမာရေးနှင့် ညီညွတ်အောင်၊ ကိုယ်ခံအားကောင်းအောင် အစဉ်အမြဲသတိမူလုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်သည်။အချို့ရောဂါဝေဒနာများကို နေရောင်ခြည်ဖြင့် ကုသပျောက်ကင်းစေနိုင်ပေသည်။ငွေကြေး မပေးရသော သဘာဝနေရောင်ခြည် ဆေးဆရာသည် လူ၏ ခန္ဓာကိုယ်မှလည်းကောင်း နေအိမ်ပစ္စည်း အသုံးအဆောင်များမှလည်းကောင်း ရောဂါပိုးများကို နှိမ်နင်းနိုင်ပေသည်။ ကျန်းမာရေး ကျင့်စဉ်များမှာ ခက်ခဲ ပင်ပန်းစွာ ကျင့်ဆောင်ရသော နည်းလမ်းများ မဟုတ်ကြောင်း ကို သိသာနိုင်ပေပြီ။ မိမိတို့၏ နေထိုင်စားသောက်မှုကို အနည်းငယ် ဂရုစိုက်၍ ပြုပြင်နေထိုင် သွားလိုက်လျှင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ကျန်းမာခြင်း အကျိုး ကျေးဇူးများကို မုချရနိုင်ပေသည်။ကျန်းမာမှ အရာရာစွမ်းဆောင်နိုင်မည် ဖြစ်သည်။

မိမိသည် ခန်နာကိုယ်ကို ရထား၍ ခန်နာကိုယ် အ‌ေြကာင်းသိသင့်ပါသည်။ ကျန်းမာရေးလိုက်စား၍ မှားသွားသူမရှိပါ။ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ ထိရောက်ပါသည်။ အထူးသဖြင့် သက်လတ်ပိုင်း၊ သက်ကြီးပိုင်းအရွယ်များသည် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး အညောင်းအညာပြေစေရန်၊ သွေးလေ လည်ပတ်မှုကောင်းစေရန် အသက်အရွယ်နှင့် လိုက်ဖက်သည့် ကိုယ်လက်လှုပ်ရှား ကျန်းမာရေး လေ့ကျင့်ခန်းများကို ပုံမှန်အချိန်ပေးဆောင်ရွက်သင့်ပါသည်။ ထိုထို ကျင့်စဉ်များအပြင် နောက်ဆုံးနှင့် အရေးအကြီးဆုံး အချက်တစ်ခုကို ဖြည့်စွက် လိုသေးသည်။ 'စိတ်ပျိုလျှင် ကိုယ်နု'၊ 'ပျော်ပျော်နေ သေခဲ' ဟူသော စကားများအတိုင်း စိတ်ညစ်ညူးစရာ စိတ်မသက် သာစရာများကို ထပ်တလဲလဲ တွေးတောပူပင်တတ်သူများသည် ကျန်းမာရေး ချို့တဲ့တတ်သည်။ ထို့ကြောင့် ကျန်းမာရေးတည်း ဟူသော လာဘ်ကို ရရန် တရားရှိကြဖို့လည်း လိုပေသေးသည်။

အိမ်သူအိမ်သားများ ကျန်းမာစွာ နေထိုင်နိုင်ကြမှုမှာ အိမ်ရှင်မတို့၏ ကြီးလေးလှသော တာဝန်ဝတ္တရားကြီး တစ်ခု ဖြစ်ပေသည်။ ယခုခေတ်ကဲ့သို့ စက်မှုလက်မှု ထွန်းကားနေသော ကမ္ဘာကြီးတွင် ကျန်းမာစွာ နေထိုင်နိုင်မှုမှာ ပေါ့ပေါ့ဆဆ နေ၍ မဖြစ်ပေ။ အိမ်ရှင်မတို့သည် ကျန်းမာရေး၏တန်ဖိုး၊ ကျန်းမာ ရေးနှင့် ပြည်စုံစွာ မည်သို့နေထိုင်ကျင့်သုံးရန်များကို တတ်သိ နားလည်မှသာ နေအိမ်များကို စည်းကမ်းတကျ အုပ်ချုပ်၍ အိမ်သူအိမ်သားတို့အား ကျန်းမာရေးတည်းဟူသော ဆုကြီးကို ပေးဆောင်အပ်နှင်းနိုင်ပေမည်။အိမ်သူအိမ်သားများသည်လည်းကျန်းမာရေး၏ကောင်းကျိုးဆိုးကျိုးများကိုသိနာလည်၍ ကိုယ်ကိုယ်တိုင်ကလိုက်နာကျင့်သုံးရန်လည်းလိုသည်။ဘယ်သူကျင့်ကျင့်ကိုယ်တိုင်ကျင့်မှပိုမိုထိရောက်မည်။ထို့ကြောင့် ကျန်းမာရေးကို ကိုယ်တိုင်ကစလိုက်နာကျင့်သုံးကြပါရန် မေတ္တာစကားပါးလိုက်ချင်ပါသည်။

Keep Reading

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)