Author's Profile Photo

အက္ခရာ - Haruki

18/06/2024

နားကြပ်သုံးသူများ သတိပြုစရာ

1 min read
Health
General Knowledge
18 Again
နားကြပ်သုံးသူများ သတိပြုစရာ's photo

ဒီနေ့ခေတ်မှာ နားကြပ်အမြဲတမ်းတပ်ဆင်ပြီး သီချင်းနားထောင်လေ့ရှိသူ၊ ဂိမ်းကစားလေ့ရှိသူတွေကို နေရာအနှံ့မှာတွေ့မြင်နေရပါပြီ။ တစ်ချို့တွေဆိုရင် နားကြပ်တပ်ထားတယ်လို့ပြောပေမယ့် အသံတွေက ဘေးကလူတွေတောင် ကြားရတဲ့အထိ ကျယ်လောင်စွာဖွင့်ထားလေ့ရှိကြတယ်။

ဒီလိုအမြဲတမ်း နားကြပ်တပ်ပြီး အသံတွေကျယ်လောင်စွာဖွင့်ထားခြင်းက ကျန်းမားရေးဆိုးကျိုးတွေ အများကြီးရှိတာကို သတိထားသင့်ပါတယ်။

ဒီနေ့မှာတော့ နားကြပ်တွေအသုံးများခြင်းရဲ့ ဘေးထွက်ဆိုးကျိုးလေးတွေကို စာဖတ်သူလေးတို့သိအောင် မျှဝေပေးသွားမှာပါခင်ဗျာ။

နားကြပ်တွေအသုံးများခြင်းရဲ့ ကျန်းမာရေးဘေးထွက်ဆိုးကျိုးများ

?- အကြားအာရုံဆိုင်ရာပြဿနာများ


နားကြပ်သုံးတဲ့အခါ နားထဲကိုအသံက တိုက်ရိုက်အနီးကပ်ဝင် ရောက်လာတာဖြစ်ပါတယ်။ 90 decibels ထက်ကျော်တဲ့အသံ အတိုင်းအတာက အကြားအာရုံမှာ နောက်ဆက်တွဲထိခိုက်မှုတွေဖြစ်လာစေနိုင်ပြီး နားမကြားတော့တဲ့အထိဖြစ်စေနိုင်ပါတယ်။

100 decibels ထက်ကျော်တဲအသံနှုန်းနဲ့ ၁၅ မိနစ်လောက်နားထောင်ရုံနဲ့ပဲ ဒီအန္တရာယ်ကိုစိတ်ပူရပါတယ်။အကယ်၍ နားကြပ်ကိုသုံးရတော့မယ်ဆိုရင်တော့ နားကိုမကြာခဏ အနားပေးတာဖြစ်ဖြစ် အသံအကျယ်ကြီးမဖွင့်ပဲ ကြားလောက် ယုံဖွင့်တာဖြစ်ဖြစ် လုပ်သင့်ပါတယ်။

? - ဦးနှောက်ဆိုင်ရာပြဿနာ


နားကြပ်တွေ၊ headphone တွေဆီကထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေက ဦးနှောက်ကိုပြင်းထန်တဲ့အန္တရာယ်တွေ ဖြစ်လာစေနိုင်ပါတယ်။

ဒီအကြောင်းအရာကိုသက်သေပြဖို့ တော့ မရှိသေးပေမယ့် Bluetooth၊ headphone နဲ့ နားကြပ်ကို နေ့စဉ်သုံးသူတွေဟာ ဦးနှောက်နဲ့ ပတ်သက်တဲ့ရောဂါတွေ ပိုအဖြစ်များတာတွေ့ရပါတယ်။ နားအတွင်းပိုင်းဟာ ဦးနှောက်နဲ့ တိုက်ရိုက်ချိတ်ဆက်နေတာဖြစ်ပြီး နည်းနည်းလောက်ပိုးဝင်ရင်တောင် ဦးနှောက်ကို တိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။

? - နားပိုးဝင်ခြင်း


ကိုယ့်ရဲ့နားကြပ်ကို တစ်ကြိမ်တစ်ခါလောက် သူများတွေကိုငှားသုံးခိုင်းလိုက်တာနဲ့ လွယ်လွယ်နားပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်။ နားထဲက ဘက်တီးရီးယားတွေက နားကြပ်တွေကတဆင့် တစ်ယောက်နဲ့တစ်ယောက်ကူးစက်ဖို့ လွယ်ပါတယ်။ 

ဒါ့ကြောင့် တခြားသူဆီကိုငှားပေးရတော့မယ်ဆိုရင် သန့်စင်ဆေးရည်နဲ့ပိုးသတ်တာမျိုး၊ ဒါမှမဟုတ် လုံးဝမငှားတာမျိုး၊ ငှားမသုံးတာမျိုး လုပ်သင့်ပါတယ်။

?‍♂️ - နားကိုက်ခြင်း


နားကြပ်သုံးတဲ့သူတွေမှာ နားကိုက်တဲ့ပြဿနာ ခဏခဏကြုံရတတ်ပါတယ်။ နားထဲမှာ တဝီဝီနဲ့အသံတွေကြားနေရတာ ဒါမှမဟုတ် ဟိုးအတွင်းက စူးကနဲနာကျင်ကိုက်ခဲတာတွေ ခံစားရတတ်ကြပါတယ်။

ဒါကြောင့် စာဖတ်သူလေးတို့အနေနဲ့ နားကြပ်ကို ဆင်ခြင်အသုံးပြုစေချင်ပါတယ်ခင်ဗျာ။ ??

My Media - https://t.me/Healthy_Life_by_Haruki

Keep Reading

အမြဲလိုလို ချွေးထွက်နေတတ်တဲ့လက်ဖဝါးတွေ သင့်မှာရှိနေပြီလားသင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…ဖားပြုပ်အဆိပ်အရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မှန်ကန်စွာ သင့်စွမ်းအင်ကိုစီမံခန့်ခွဲပြီး အောင်မြင်မှုကိုရယူလိုက်ပါလူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု Doorway Effectငိုစရာ မျက်ရည်တွေ မကျန်တော့တဲ့အထိ ငိုပါ‘Me Time များများပေးပါ’