တင်ညွန့်
စာရေးရတာ အားမရပါ။
ကျွန်တော်က Laptop ပေါ်တွင် စာရေးပြီး ထိုစာတွေကို Copy လုပ်ကာ၊ Facebook ပေါ်သို့ ပြန်တင်လေ့ရှိပါ သည်။
ယခု Facebook သုံးရတာ အဆင်မပြေပါ။ Laptop ပေါ်တွင် Facebook ကို အသုံးပြု၍ မရနိုင်တော့သော ကြောင့်ဖြစ်သည်။ ထို့ကြောင့် နီးစပ်ရာကလေးတွေကို လုပ်ခိုင်းသော်လည်း အဆင်မပြေ။ တစ်နေ့ တစ်နေ့ ဝယ်လိုက်ရသည့် Package ကလည်း အနည်းဆုံး ၂၀၀၀ ကျပ်ဖိုးလောက်ဖြစ်လာသည်။ ဟိုစမ်း သည်စမ်းနှင့် ကုန်ခြင်းဖြစ်သည်။ ကြာတော့ ဘတ်ဂျက်ထိခိုက်လာသဖြင့် ကလေးတွေဆီက ဒေတာတွေကို မျှသုံးရင်း ဖုန်းနှင့် စာရိုက်နိုင်အောင် ကြိုးစားရသည်။
အခက်အခဲတွေကို လူကို ပိုပြီးတော့ ထက်မြက်စေသည်။
ကြိုးစားအားထုတ်မှုတွေက အဆင်ပြေနေလျှင် လျှော့နည်းလာသည်။ ယခုတော့ အဆင်မပြေသဖြင့် အားစိုက်ရမှုတွေ၊ အားထုတ်ရမှုတွေ ပိုများလာသည်။ ထိုသို့သော အနေအထားကို ကြိုက်သည်။ ပျင်းချိန် မရှိတော့။ ပျင်းချိန်မရှိတော့သဖြင့် ထိုင်းမှိုင်းနေသောစိတ်တို့ကလည်း ပိုပြီး နိုးကြားလာသည်။
တစ်နေကုန် နည်းပညာနှင့် ရင်းနှီးရန် အားထုတ်သည်။ ယခင်က စာရေး၊ စာဖတ်အလုပ်နှစ်ခုသာရှိရာမှ ယခုတော့ ကမ္ဘာကြီးနှင့် အဆက်အသွယ်မပြတ်စေရန် ပိုပြီးကြိုးစားအားထုတ်လာရခြင်းကိုပင် သဘောကျလာ သည်။
ဖုန်းပေါ်တွင် စာရိုက်ရသဖြင့် ဤမျှသာရိုက်နိုင်ပါသည်။
ဆက်ပြီး ကြိုးစားပါဦးမည်။
(Photo Credit: Open Access Government)
တင်ညွန့်
၅.၆.၂၀၂၄
Keep Reading