Author's Profile Photo

Cherry May

16/06/2024

အဖေဆိုတာ

1 min read
General Knowledge
Culture
အဖေဆိုတာ's photo

❒ ကျွန်တော့်တို့ရှေ့ဆက်လျှောက်မဲ့ ဘဝခရီးလမ်းကို ဖွင့်ပေးခဲ့တဲ့သူ

❒ ကျွန်တော်တို့ရဲ့ ကြောက်ရွံ့မှုမှုန်သမျှကို ရှေ့ကနေ မားမားမတ်မတ်ရင်ဆိုင်ပြပီး သတ္တိပေးခဲ့သူ

❒ ကျွန်တော်တို့ လိုချင်တာတွေထက် အဆပေါင်းများစွာသာတာတွေကို ပေးချင်တဲ့သူ

❒ ချစ်တယ်ဆိုတဲ့ စကားကို ထုတ်မပြောကြပေမဲ့ ကိုယ့်သားသမီးလေး အရွယ်ရောက်ကြီးပြင်းလာတာကို ချစ်စိတ်တွေနဲ့ တစိမ့်စိမ့်ကြည့်ရင်း ပီတိဖြစ်‌နေသူ

❒ ပျော်ရွှင်မှုတွေကို မျှဝေပီး ဒုက္ခဆင်းရဲမှန်သမျှကို ဖွင့်မပြောဘဲ ခါးစည်းရင်ဆိုင်တတ်သူ
════════════════════
သမီးလေးတွေဟာ အဖေတွေအတွက်တော့ အမြဲလှနေပီး တောက်ပနေမဲ့ မင်းသမီးလေးတွေပေါ့

❍ ဒီမင်းသမီးလေးစိတ်ချမ်းသာဖို့ ဘဝမှာ ကောင်းကောင်းမွန်မွန်ရှင်သန်နိုင်ဖို့ အဖေရဲ့ ချွေးတွေ နဖူးကနေ ခြေမကျတဲ့အထိ အလုပ်လုပ်ရရင်တောင် သမီးလေးရဲ့အပြုံးတစ်ပွင့်ကိုမြင်ရရင် ခွန်အားတွေပြန်ပြည့်လာပီး စိတ်တွေ အေးချမ်းသွားတာလဲ အဖေပါပဲ...
════════════════════
ငါ့သားကြီးကို အဖေအားကိုးချင်တယ်တဲ့

❍ ဒီစကားထဲမှာ အဖေ့ရဲ့အင်အားဖြစ်တဲ့ သားကြီးကို အားကိုးတဲ့စိတ်တွေ ဂုဏ်ယူချင်တဲ့စိတ်တွေ ဘယ်လောက်တောင်ပါလိမ့်မလဲ။ သား စာမေးပွဲဂုဏ်ထူးဘယ်နှဘာသာပါတယ် ဖေဖေရေဆိုတဲ့ စကားနောက် ခပ်တည်တည်နေနေပေမဲ့ ကွယ်ရာမှာ ပျော်လွန်းလို့ မျက်ရည်တွေ ကျနေမှာလဲ အဖေပါပဲ၊ ဂုဏ်ယူစိတ်တွေနဲ့ ကြည်နူးနေမှာလဲ အဖေပါပဲ...
═════════════════════
⿻ ငါ့သားလေးတွေ သမီးလေးတွေ ကိုယ့်ဘဝကိုယ် ရပ်တည်နိုင်ဖို့ နှလူံးသားနဲ့ ခံစားပီး ဦးနှောက်နဲ့ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ဖို့ ငါဘာတွေသင်ပေးရမလဲဆိုပီး အမြဲစဉ်းစားနေတတ်တဲ့အဖေ

⿻ သားသမီးတွေ ဒုက္ခရောက်ရင် သူတို့ထက် နှစ်ဆပိုပီး ခံစားရတဲ့ အဖေ

⿻ စကားမာမာချာချာပြောတတ်ပေမဲ့ မေတ္တာစိတ်အပြည့်နဲ့အဖေ

⿻ ကလေးတွေ ကောင်းဖို့အတွက် ရိုက်နှက်ဆုံးမခဲ့ရပေမဲ့ နောင်‌တတွေ ရနေတတ်တဲ့အဖေ
════════════════════
◉ ဖေဖေရေ ချစ်တယ်လို့တစ်ခါမှ ‌မပြောခဲ့ဘူးပေမဲ့ သမီး ဖေဖေ့ကိုအရမ်းချစ်ပါတယ် ဖေဖေက သမီးအတွက် အမြဲရှိနေပေးမဲ့သူငယ်ချင်းတစ်ယောက်လိုပါပဲ

◉ ဝမ်းနည်းမှုတွေကို ရင်ဖွင့်တိုင်း နားထောင်ပေးလို့၊ နားမလည်တာရှိတိုင်း ပြောပြပေးလို့၊ အမြင်မတော်တာတွေ့တိုင်း ဆုံးမပေးလို့၊ ဘဝရဲ့အကြောင်းတွေ လောကဓံရဲ့အကြောင်းတွေ သင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်ဖေဖေ။

◉ သမီးအခုလို တစ်ဖက်သားအပေါ် ခံစားနားလည်တတ်လာပီး စာအုပ်တွေအပေါ်ချစ်တတ်လာတာလဲ ဖေဖေရဲ့ကျေးဇူးကြောင့်ပါပဲ

အရာရာတိုင်းအတွက် ကျေးဇူးတင်ပါတယ်ဖေဖေ

( ကျွန်တော့်အဖေနှင့်တကွ အဖေများအားလုံးသို့)

#Cherry_May
#For_Father_Day
#photo_crd
(16.06.2024)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါ"စကားချိုသာလျှင် လိုရာကိုရသည်"အင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါရှောင်တာက ကြောက်ခြင်းမဟုတ်