Author's Profile Photo

Spirit

13/06/2024

Laptop Battery သက်တမ်း ဘာကြောင့် ကြာရှည်မခံတော့တာလဲ❓?

1 min read
Software Development
Education
General Knowledge

Laptop Battery သက်တမ်း ဘာကြောင့် ကြာရှည်မခံတော့တာလဲ❓?
+++++++++++++++++++++++++++++++++++++++

? ဒီနေ့ခေတ်မှာ Desktop Computer ထက် Laptop Computer ကို ပိုပြီး အသုံးပြုလာကြတာကို တွေ့ရပါတယ်။ အကြောင်းကတော့ Desktop ဆိုရင် သယ်ရပြုရမလွယ်ကူတဲ့အပြင် မီးမမှန်တဲ့ ကာလဖြစ်တဲ့အလျောက် အသုံးပြုဖို့ ခက်ခဲကြလို့ဖြစ်ပါတယ်။ Laptop ဆို‌ရင်တော့ သယ်ရပြုရ လွယ်ကူတဲ့အပြင် မီးမလာရင်တောင်မှ ကြိုပြီးအားသွင်းထားရင် အချိန်တစ်ခုထိ အသုံးပြုလို့ ရနေသေးလို့ပဲ ဖြစ်ပါတယ်။ ?

? Laptop တစ်လုံးရဲ့ Battery က အချိန်ဘယ်လောက်ထိ အသုံးခံလဲ❓
? Laptop အများစုက power plug မတပ်ဘဲသုံးမယ်ဆိုရင် ၃နာရီကနေ ၄နာရီကြား အသုံးခံပါတယ်။ Battery အားအများကြီးသုံးတဲ့ software တွေကို သုံးမယ်ဆိုရင်တော့ ၂ နာရီကနေ ၃ နာရီကြားအထိသာ ခံပါတယ်။

?ဆိုတော့ ပြောရမယ်ဆိုရင် Laptop တစ်လုံး ဘယ်လောက်အသုံးခံသလဲ ဆိုတာ အရေးမကြီးပါဘူး။ သူ့ကို သက်တမ်းကြာအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာက ပိုပြီးအရေးကြီးပါတယ်။ ဒါကြောင့် ဒီနေ့မှာ Spirit ကနေပြီးတော့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

1️⃣ Laptop ကို အပူချိန်လွန်ကဲတဲ့နေရာမျိုးမှာ မထားပါနဲ့။
?အဲ့ဒီလိုထားလိုက်ရင် Battery အပူချိန်မြင့်တက်လာပြီးတော့ ပျက်ဆီးနိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် 0°C ထပ်နည်းပြီးတော့ 35°C ထပ်များနဲ့နေရာမှာ ထားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

2️⃣ နူးညံ့တဲ့ မျက်နှာပြင်မျိုးတွေမှာ ထားပြီးမသုံးသင့်ပါ။
?နူးညံ့‌တဲ့အရာတွေဆိုတာ ကော်ဇော၊ စောင် ခေါင်းအုံး အစရှိသဖြင့်ကို ပြောတာပါ။ အဲ့ဒီလို ထားပြီးအသုံးပြုတဲ့အခါ laptop ရဲ့ လေဝင်လေထွက်ပေါက်ကို ပိတ်ထားသလို ဖြစ်တဲ့အခါ Battery ပိုပြီးပူလာတတ်ပါတယ်။

3️⃣ အချိန်အကြာကြီးမသုံးဘဲ ပစ်မထားပါနဲ့။
?အချိန်အကြာကြီး မသုံးခြင်းကလည်း Laptop Battery ရဲ့ Performance ကို ကျဆင်းစေတာမလို့ အသုံးမပြုဖြစ်ရင်တောင် တစ်နေ့တစ်ခါလောက် အဖွင့်အပိတ် လုပ်ပေးပါ။

4️⃣ USB Port တွေမှာ မလိုတဲ့ ပစ္စည်းတွေကို မတပ်ပါနဲ့။
?USB Port တွေမှာ External keyboard, mouse, Memory Stick အစရှိတဲ့ ပစ္စည်းတွေကို တပ်ထားတဲ့အခါ Motherboard ကနေ Power ပေးနေရတာ ဖြစ်ပြီးတော့ Battery ကို အသုံးပြုနေရပါလိမ့်မယ်။

5️⃣ အချိန်ပြည့် အားသွင်းထားတာမျိုးမလုပ်ပါနဲ့။
?ကျွန်တော်အပါအဝင် လူတော်တော်များများက Laptop အသုံးပြုပြီဆိုရင် အမြဲတမ်း Power plag ထိုးပြီး သုံးတတ်ကြပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ 100% ပြည့်တာနဲ့ ဖြုတ်ပြီးတော့ 40% လောက်ရောက်သွားမှ ပြန်ပြီးအားသွင်းတာမျိုး လုပ်ပေးပါ။ နောက်တစ်ချက်က အားကို 0% ရောက်အောင်မသုံးသင့်ပါဘူးဗျ။

? အပေါ်ကအချက်တွေကို လိုက်နာနိုင်ပြီဆိုရင် ကျွန်တော်တို့ Laptop ရဲ့ Battery သက်တမ်းကို ကြာရှည်စွာ အသုံးပြုနိုင်ပါပြီ။ ဆိုတော့ အပေါ်ကအချက်တွေကို လုပ်ခဲ့ဖူးတယ်ဆိုရင်တောင် ဒီနေ့ကစပြီး မလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ကိုယ့်အနေနဲ့ တခြားအချက်တွေကို သိသေးတယ်ဆိုရင်လည်း Comment မှာမျှဝေခဲ့လို့ရပါတယ်ဗျ။

#Spirit
#Spirit_for_you
#Laptop
#Battery

Keep Reading

VPN အကြောင်း သိကောင်းစရာဘာကြောင့် နည်းပညာနယ်ပယ်မှာ အမျိုးသမီး Software Developer ဦးရေက 10 ရာခိုင်နှုန်း ခန့်သာရှိတာလဲ?လုပ်ငန်းခွင်ဝင်ရောက်မယ့် လူငယ်များအတွက် Remote Working ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် အချက်(3)ချက်Programming လေ့လာရာမှာ Study Plan တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။What Is a VPN? VPN ဆိုတာဘာလဲ?အင်္ဂလိပ်စာကို မြန်မာပြန်ခြင်းမှ ရသည့် အသိ။cyber security အကြောင်းသိကောင်းစရာWhat is Function??Telegram ကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်တည်ထောင်ခဲ့လဲ။ ဆက်လေ့လာကြမယ်။