Author's Profile Photo

Spirit

13/06/2024

ENIAC - The first programmable general-purpose electronic digital computer

1 min read
Education
General Knowledge

ENIAC - The first programmable general-purpose electronic digital computer
-------------------------------------------------------------------------------

?️ ကမ္ဘာ့ပထမဆုံး ကွန်ပျူဝာာ အမျိုးအစားကို သိကြလားဗျ။ သူ့နာမည်က ENIAC တဲ့။ အရှည်ကောက်ကတော့ Electronic Numerical Integrator and Computer ဖြစ်ပါတယ်။

?️ ENIAC ကို ဒုတိယကမ္ဘာစစ်အတွင်းမှာ အမေရိကန်နိုင်ငံသား ရူပဗေဒပညာရှင် John Mauchly နဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ J. Presper Eckert, Jr. ရဲ့ ဦးဆောင်မှုနဲ့အတူ ကျောင်းနေဖက်သူငယ်ချင်းတွေက ပန်ဆယ်ဗေးနီးယားတက္ကသိုလ်မှာ ဖန်တီးခဲ့ပြီး အမေရိကန် စစ်တပ်မှာ အသုံးပြုဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့တာပါ။

?️ ENIAC က တော်တော်လေးကို ကြီးမားတဲ့ ကွန်ပျူတာတစ်လုံးဖြစ်ပြီးတော့ (၅၀×၃၀) ပေ ရှိတဲ့ Moore School ရဲ့ မြေအောက်ခန်းမှာနေရာယူထားပြီး အကန့် ၄၀ ရှိတဲ့ နံရံသုံးဘက်ပါ U-shaped ပုံစံဖြစ်ပါတယ်။ အကန့်တစ်ကန့်စီက အလျား ၂ ပေ၊ အနံ ၂ ပေနဲ့ အမြင့် ၈ ပေ ခန့်ရှိပါတယ်။ 17500 Vacuum tubes, 70000 Resistors, 10000 Capacitors, ခလုတ်ပေါင်း 6000 နဲ့ Relay 1500 တို့နဲ့ တည်ဆောက်ခဲ့ပြီး တော်တော်ရှုပ်ထွေးတဲ့ အီလက်ထရွန်းနစ်စနစ်ကြီး ဖြစ်ပါတယ်။

?️ ၁၉၄၃ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာ ဖြစ်ပြီးတော့ ၁၉၄၅ ခုနှစ်မှာ ပြီးစီးခဲ့ကာ ဒေါ်လာ ၄၀၀၀၀၀ ကုန်ကျခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အလုပ်တွေကို စတင်လုပ်ဆောင်နိုင်ခဲ့ပြီး ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာတော့ ပန်ဆယ်ဗေးနီးယားတက္ကသိုလ်မှာ တရားဝင်အပ်နှံခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံး လုပ်ငန်းတာဝန်အဖြစ် ဟိုက်ဒရိုဂျင်ဗုံး တည်ဆောက်ဖို့အတွက် တွက်ချက်မှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

⭐ ဒါကတော့ ENIAC အကြောင်းကို အနည်းငယ်ဖော်ပြပေးခဲ့တာဖြစ်ပြီး အသေးစိတ်ကိုအောက်က Link မှာလည်း သွားဖတ်ကြည့်လို့ရပါတယ်။

⭐ ဒီလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေကို အမြဲတမ်းမျှဝေပေးမှာဖြစ်လို့ “Spirit” ကို like & follow လုပ်ပေးထားလို့ရပါတယ်ဗျ။

Sources
1. ChatGPT
2. https://www.britannica.com/technology/ENIAC

#Spirit
#Spirit_for_You
#First_Computer


Keep Reading

နည်းပညာရဲ့ကျွေးကျွန်များ ဖြစ်လာနေပြီလားအနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၂"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါခေတ်မီဘက်ထရီနည်းပညာ(၃)မျိုးတက်ညီလက်ညီ ပန်းတိုင်ဆီသို့ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၁ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃