Author's Profile Photo

သစ်တိုင်းမွှေး

13/06/2024

ပင်လယ်ကသစ်ပင်

1 min read
General Knowledge

ပင်လယ်ကသစ်ပင်ဟာ တာဝတိံသာရဲ့ အထိမ်းအမှတ်နဲ့ ထင်ရှားတဲ့ အပင်။ပင်လတ်မျိုး ဖြစ်ပြီး အကြီးမြန်သော အပင်မျိုး ပါ။ ၁၅ ပေ မှ ၄၀ ပေ အထိအမြင့်ပေရှိပါတယ်။ အသီးတောင့်မှာ ၁ ပေနီးပါးရှိပါတယ်။ အစေ့ကအနီရောင်ရှိပြီး အစေ့ ၆ စေ့မှ ၈စေ့ အထိ ရှိပါတယ်။သုံးရွက်ဆိုင် ထွက်လေ့ရှိပါတယ်။ ခြံဥယျာဉ် စည်းရိုးတို့၌ စိုက်ပျိုးကြသည်။ အလိုအလျောက်လည်း ပေါက်တတ်တဲ့ အပင်မျိုးတွေပါ။ တခါတရံတွင် ငရုတ်ကောင်း နွယ်များ တင်ရန် စိုက်ပျိုးလေ့ ကြလေ့ရှိပါတယ်။ အသီးမှ ဖြစ်စေ အကိုင်းမှ ဖြစ်စေ စိုက်ပျိုး နိုင်ပါတယ်။ပင်လုံးပင်တံ ချောမွေ့ပြီးပင်လုံး၏အရောင်မှာ စိမ်းစို၍နေပါတယ်။ နွေရာသီမှာ အရွက်များ ကြွေကျပြီးတာနဲ့ တပြိုင်နက် ကြက်သွေးရောင် အပွင့်များသည် အကိုင်းထိပ်ဖျားများ၌ ပင်လုံးကျွတ်ပွင့်တက်ပါတယ်။ အပွင့်မှာ အဆုပ်လိုက် ပွင့်၍ အနီရောင်မျိုး များပြီးအဖြူ အဝါတို့လည်း ရှိတတ်ပါရဲ့။ အချို့အပင်တို့၏ အရွက်တွေက ပကတိ အစိမ်းရောင်မျိုး မဟုတ်ဘဲ ပန်းပလောပီနံပင်ကဲ့သို့ ကျားတားတား ရှိတက်ပါတယ်။ အစိမ်းရောင် နှင့် အဝါရောင် ရောတတ်ပြီး ယင်းအပင် ကို မြန်မာတို့က ကသစ်ကျားဟု ခေါ်တက်ပါသတဲ့ဗျာ။

ချစ်သော
သစ်တိုင်းမွှေး

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levelsရှယ်ယာခေါ်တဲ့ ကိစ္စကို လုပ်ငန်းရှင် အနေနဲ့စဉ်းစား ကြည့်ရအောင်။