Author's Profile Photo

Moe

12/06/2024

မော်တင်စွန်းစေတီ

1 min read
General Knowledge
Culture
History
မော်တင်စွန်းစေတီ's photo

ပုသိမ်မြို့ကနေ ၅နာရီလောက်မောင်းရုံနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း မော်တင်စွန်းအငူမှာရှိတဲ့ မော်တင်စွန်းစေတီဆီကိုရောက်ဖူးပြီးပြီလား။

သမိုင်းအထောက်အထားများအရ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကတည်းက တည်ထားကိုးကွယ်ခဲ့တဲ့စေတီတစ်ဆူလည်း ဖြစ်ပါတယ်။
မော်တင်စွန်းဘုရားပွဲကို နှစ်စဉ်မတ်လမှာ ကျင်းပလေ့ရှိကြပြီး မော်တင်စွန်းဘုရားပွဲက ဘုရားပွဲတော်သက်သက်မဟုတ်ဘဲ လာရောက်လည်ပတ်စရာများတဲ့ ဘုရားပွဲတော်တစ်ခုအဖြစ်ခရီးသွားတွေကြား‌မှာ နာမည်ကြီးပါတယ်။
စေတီနဲ့မလှမ်းမကမ်းမှာရှိတဲ့ နတ်တောင်နဲ့ သကြားတောင် ကနေလည်း ဘုရားများကိုဖူးမြော်နိုင်ပါသေးတယ်။
နတ်တောင်ကနေတဆင့် အနောက်ဘက်လျှိုမြောင်ထဲကို ဆက်သွားရင် ရှေးနှစ်ပေါင်းများစွာကတည်းက ရေတစ်ခါမှ မခမ်းဖူးတဲ့ နတ်ရေတွင်းတစ်တွင်းရှိပါတယ်။
နတ်ရေကန်ထဲက ရေကို ယုံယုံကြည်ကြည်နဲ့ သောက်သုံးလိုက်ရင် ရောဂါဝေဒနာ ပျောက်ကင်းတယ်လို့ နာမည်ကြီးတဲ့အတွက် အနယ်နယ်အရပ်ရပ်မှ ခရီးသွားတွေက တကူးတကလာရောက်သောက်သုံးကြပါတယ်။
မော်တင်စွန်းတောင်ခြေကနေတဆင့် ကမ်းခြေလမ်းအတိုင်း ဆက်သွားမယ်ဆိုရင် ငွေတောင်ကမ်းခြေကိုရောက်ပြီး ငွေတောင်စေတီကို ဖူးမြော်နိုင်မှာပဲဖြစ်ပါတယ်။
ကမ်းခြေအနီးမှာလည်း ရေကူးအပန်းဖြေလို့ရတဲ့အတွက် လာရောက်လည်ပတ်သူများတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

#Moe
#Knowledge
#forward_only

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levelsအလုပ်ထွက်ဖို့ စဉ်းစားနေပြီလား