Max's sharing
Becky Sweat ရေးသားထားတဲ့ How to raise Good Children in a Bad World စာအုပ်ထဲက အကြောင်းအရာအချို့ကို ပြန်လည်မျှဝေလိုက်ပါတယ်။
"ကလေးတွေရဲ့ တန်ဖိုးကိုလျော့ကျစေတာက?"
ယခုခေတ်မှာဆိုရင် ၄/၅/၆နှစ် ရွယ်ကလေးတွေကစ ဖုန်းကို မိဘတွေက ကစားခွင့်ပြုထားတာကို တွေ့ရပါတယ်၊ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်နေဆဲနိုင်ငံတွေမှာဆိုရင် နည်းပညာကို ဘယ်လိုအသုံးချရမလဲဆိုတာကို သိရှိမှု အားနည်းတာကြောင့် နည်းပညာရဲ့ အဆိုးကျိုးတွေကိုခံစားရပါတယ်။
United Kingdom မှာဆို ၁၃နှစ် ပြည့်မှသာ social media ကို သုံးခွင့်ပြုမည်ကြောင်း လွှတ်တော်တွင် တင်သွင်းထားတာကို သိရပါတယ်။ ပညာရှင်များ၏အဆိုအရလည်း ၁၂/၁၃အရွယ်မှသာ social media နည်းပညာကို အသုံးပြုသင့်ကြောင်း အကြံပြုထားပါတယ်။
ကျွန်တော်တို့ လွန်ခဲ့တဲ့ ၁၀နှစ်ခန့်ကို ပြန်သွားတဲ့အခါ ဆယ်ကျော်သက်ရွယ်အချို့ဟာ ကိုယ်ပိုင်ဖုန်းစတင်သုံးပြုနေတာကို သိရှိရသလို ကိုယ်တိုင်လည်း အသုံးပြုခဲ့ဖူးပါတယ်။ ဖုန်းအသုံပြုခြင်း သာမက ရုပ်သံကြည့်ခြင်းတွေကလည်း သက်ရောက်မှုရှိပါတယ်။
၁၀/၁၁/၁၂နှစ်အရွယ်သည် ဦးနှောက်ဖွံ့ဖြိုးနေတဲ့အရွယ်ဖြစ်သဖြင့် မိမိရှေ့မှာ ဖြစ်ပျက်တဲ့အရာတွေကို အတုယူတတ်သလိုအရွယ်ရောက်သည်အထိ သက်ရောက်မှုရှိပါတယ်။ အထူးသဖြင့် social media သုံးပြုခြင်းကြောင့် အမှတ်တမဲ့ တွေ့ရတဲ့ video တွေ ပုံတွေကို ကြည့်မိတဲ့အခါ မကောင်းတဲ့အရာပေါ် စွဲလမ်းတတ်တဲ့စိတ်ဖြစ်လာနိုင်ပါတယ်။ ဥပမာ- ၁၂နှစ်အရွယ် ကျောင်းသားဘဝက ဆင်ပြေတဲ့သူငယ်ချင်းတစ်ယောက်က ဖုန်းယူလာပြီး အရွယ်နဲ့မလိုက်ဖက်တဲ့ sex videos တွေကို ဝိုင်းဖွဲ့ပြီး ကြည့်နေတတ်ကြပါတယ်၊ ကလေးရဲ့ အပြစ်လို့ မဆိုလိုပေမယ့် မိဘတွေရဲ့ ထိန်းကျောင်းမှု၊ ပညာရေးစနစ်ရဲ့ အားနည်းချက်နဲ့ နည်းပညာအကြောင်းကို နားမလည်ခြင်းကြောင့် ဆိုနိုင်ပါတယ်။ အဆိုပါ ကျောင်းသားသည် မကောင်းတဲ့အရာကို ထပ်ခါထပ်ခါ လုပ်မိတဲ့အခါ ပညာရေးမှာ ထိခိုက်လာပြီး ကျောင်းထွက်သွားတဲ့အခြေအနေအထိပါရောက်ခဲ့ပါတယ်။
မကောင်းတဲ့ video တွေက
- ခန္ဓာကိုယ်တွင်း ရောဂါကာကွယ်ပေးသောစနစ်ကို ထိခိုက်စေပါတယ်။
- ပြဿနာဖြစ်လာတဲ့အခါ မသိစိတ်ထဲမှာ ကိန်းအောင်းနေတဲ့ မကောင်းတဲ့နည်းလမ်းတွေကို ထုတ်သုံးလာစေပါတယ်။
- မကောင်းတဲ့စရိုက်လက္ခဏာကို အတုခိုးခြင်း
ဒါကြောင့် အုပ်ထိန်းသူအနေနဲ့ ကလေးနဲ့ အတူရုပ်ရှင်ကြည့်တဲ့အခါ ဘယ်ဇာတ်လမ်းတွေကတော့ စာရိတ္တပျက်ပြားစေတယ်ဆိုတဲ့အကြောင်း ပညာပေးပြောဆိုပြရပါမည်။ စဉ်းစားတွေးခေါ်မှု ပါတဲ့ ဇာတ်လမ်းတွေ၊ စွန့်စားမှုဖြင့်အောင်မြင်သော ဇာတ်လမ်းတွေ၊ ပညာပေး ဇာတ်လမ်းများကို ဦးစားပေးပြရပါမည်။ ဘေးထွက်ဆိုးကျိုးများကို လည်း အကြောင်းအကျိုးခိုင်လုံစွာ ဉပမာပေး ပြောဆိုရပါမည်။ တိုးတက်တဲ့ နိုင်ငံတွေမှာတောင် social media ရဲ့ အဆိုးကျိုးတွေကြောင့် ကျောင်းသားတွေရဲ့ပညာရေးကို ထိခိုက်နေကြောင့် သိရပါတယ်၊ အထူးသဖြင့် မြန်မာနိုင်ငံတွင်လည်း မိဘများအနေဖြင့် နည်းပညာရဲ့ အကောင်းကျိုးနဲ့ အဆိုးကျိုးတွေကို သိရှိထားဖို့လိုအပ်ပါတယ်။
မိမိရဲ့ ကလေးတွေအပေါ် နည်းပညာနဲ့ပတ်သက်ပြီး ဘယ်လိုအသုံးပြုနေသလဲဆိုတာကို မိဘများအနေဖြင့် ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။
Ah_Thwin
Thanks
Keep Reading