SarPhat Author
RRR(Risk and Reward Ratio)
Risk and Reward ကို ဘယ်မှာစသိသလဲဆိုတော့ Crypto Trading လုပ်ခဲ့တုန်းက သိခဲ့တဲ့အကြောင်းအရာတစ်ခုပါ
ကိုယ်ကျွမ်းကျင်တဲ့နယ်ပယ်မဟုတ်တာရယ် လေ့လာအားနည်းတာရယ်
Trading မှာအဓိကအရေးကြီးတဲ့
Emotionကိုမထိန်းနိုင်တဲ့အတွက် ဆက်မလုပ်ခဲ့ပါဘူး
Trading မှာရှုံးခဲ့သလားဆို မရှုံးခဲ့ပါဘူး
Strategies Trading လုပ်တဲ့အခါ
သက်ဆိုင်ရာ Indicator တွေသုံးရတယ်
Candle Sticks တွေကြည့်ရတယ်
Trendတွေကြည့်ရတယ်
Trend lineတွေဆွဲရတယ်
Support level and resistance level စသဖြင့် အခြေခံလေး
တွေသိနေရတယ်
Market ကြီးတစ်ခုလုံးကလဲ လူတွေရဲ့ စိတ်အခြေအနေပေါ်မူတည်နေတယ်
Supply များနေလား Demand များနေလား စသဖြင့်သုံးသပ်ရတယ်
လူတွေရဲ့ psychology ကိုနားလည်ရတယ် စိတ်ရှည်ရတယ်
တစ်ခြား Gold Trading ,forex trading မှာလဲ ဒီတိုင်းပဲ
ဒီကနေ ကျွန်တော်ဘာတွေသိခဲ့လဲဆိုတော့
Risk and Reward ကို နည်းနည်းနားလည်လာတယ်
Trading မှာမှ မဟုတ်ဘူး
Business တစ်ခုခုကိုစမယ့်အချိန်မှာလဲ
Risk and Reward ကိုထည့်စဉ်းစားရတာပဲ
ဘယ်လိုတွက်လဲဆိုတော့
RRR=potential loss/potential gain
Risk တန်ဖိုးကို ရမယ့် reward နဲ့စားလိုက်ရုံပဲ
RRR တန်ဖိုးနည်းလေလေ ကိုယ့်လုပ်ငန်းက Risk နည်းပြီး အောင်မြင်နိုင်ခြေများလေလေ
Risk ဆိုတာဘာလဲ ?
Risk ဆိုတာ ဆုံးရှုံးနိုင်ခြေ အန္တရယ်ပါ
Reward ဆိုတာဘာလဲ?
ပြန်ရမယ့်အကျိုးအမြတ် ဆုလာဒ်ပါ
Business တစ်ခုစမယ်ဆိုပါဆို့
Coffeeဆိုင်ဖွင့်မယ်ဆိုပါစို့
အရင်းဆုံး ကိုယ့် business ဖြစ်လာမယ့် အရာတွေကို တိုင်းတာဖို့လိုပါတယ်
ဘယ်လိုတိုင်းမလဲ
အရမ်းကြီးခက်တာတော့မဟုတ်ပါဘူး
ကျွန်တော်တို့ ကိစ္စရပ်တွေကို Rating ပေးသလို
1 ကနေ 10 ထိ အမှတ်ပေးရပါမယ်
ပထမဆုံး Risk တွေကိုစဉ်းစားမယ်
ကိုယ့်လုပ်ငန်းကိုဘယ်အရာတွေကထိခိုက်နိုင်လဲပေါ့
ဒါကဥပမာပေးတာနော် serious မဖြစ်ကြနဲ့ဦး
စတင်ရင်းနှီးစရိတ် - ဆွဲဆောင်မှုရှိတဲ့ဆိုင်တစ်ဆိုင်လေးဖြစ်ဖို့က သိန်း 300 ဝန်းကျင်လောက်တွက်လိုက်မယ်
ဒီတော့ အရင်းအနှီးများတဲ့အတွက် Decoration ပစ္စည်းတွေ ဆိုင်အသုံးအဆောင်ပစ္စည်းတွေက ဆိုင်ပိတ်လို့ ပြန်ရောင်းရင်တောင် တစ်ဝက်ဈေးပဲရနိုင်မယ်လို့ယူဆလို့ရတာကြောင့် risk က 5လောက်ယူသင့်တယ်
နိုင်ငံရေးအခြေအနေအရ ဆိုင်ပိတ်ရတာမျိုးဖြစ်နိုင်သလား
ဖြစ်နိုင်တယ်ဆိုရင် risk ကို 3လောက်ထည့်ပေါင်းလိုက်
နိုင်ငံရေးအခြေအနေ ပတ်ဝန်းကျင်အခြေအနေတွေရော ထည့်တွက်သင့်တယ်
ပြီးတော့ reward ကိုပြန်စဉ်းစားမယ်
တစ်လကို 15 သိန်းအမြတ်ကျန်မယ် တစ်နှစ်နေရင် ဘယ်လောက်ပြန်ရမလဲ
150 ရမယ်ထားပါတော့ အဲ့ဒီတော့ ရမယ့် reward ကစတင်ရင်းနှီးငွေရဲ့တစ်ဝက်လောက်ပဲရမယ် ဒီတော့ 5 လောက်ထားလိုက်မယ်
(ဒီနေရာမှာ တစ်လ သိန်း 30 လောက်ရနိုင်တယ်ဆို reward ကို 10 လောက်ထိထားလို့ရတယ်)
ရောင်းအားတက်အောင်လုပ်နိုင်လား လုပ်နိုင်တယ်ဆို
3 လောက်ထည့်ပေါင်းလိုက်
Potential lossက 5+3=8
Potential gain က 5+3=8
ဒီတော့
RRR=8/8
ဆိုတော့ RRR=1
1:1 အနေထားထိ business ကစဖို့သင့်တော်သေးတယ်
1 ထက်ကြီးသွားတယ်
1.5တွေ 2 တွေဆိုရင်တော့ Risk များနေတဲ့အတွက် အရှုံးကိုလက်ခံနိုင်လားဆိုတာမျိုးတွေးထားဖို့လိုပြီ
1 အောက်ငယ်တာမျိုးဆို လုပ်သာလုပ်
Trading မှာဆိုလဲ ကိုယ်က 100 ရင်းပြီး 300 လောက်ရမယ့်
Entry မျိုးဝင်ပြီဆိုရင် ဘာမှကြည့်မနေတော့ဘူး
ဘယ်ချိန်မှာ Entry ဝင်မလဲ ဆိုတာတော့သိရမယ် စိတ်ရှည်ရှည်နဲ့စောင့်ဖို့လိုတယ်
ဒီစာကို တစ်ခြားသူဖတ်ဖို့ထက် စီးပွားရေးစလုပ်ချင်နေတဲ့ အိမ်ကအငယ်မဖတ်ဖို့ရည်ရွယ်ပြီးရေးတာပါ
ကျွန်တော်မှားခဲ့တဲ့အမှားတွေကနေ သူ့အတွက်အဆင်ပြေမယ့်နည်းလမ်းတွေ စဉ်းစားလို့ရစေချင်တာမျိုးပါ
ကျွန်တော် ဖုန်း second နဲ့ service ဆိုင်လေးဖွင့်တော့
Business idea မရှိ
Business အကြောင်းမသိ
ဖောက်သည် ဘယ်လိုရှာရမလဲမသိ
Marketing အကြောင်းမသိ
Marketing ဆိုတာဈေးရောင်းတတ်ရင်ရပြီကွာလို့ထင်ခဲ့တာမျိုး
Finance မသိတော့ ငွေကြေးအမြတ်ကလစဉ် စာရင်းထဲမှာပဲရှိပြီး
ငွေမထွက်လာဘူး
Psychology နဲ့ပတ်သက်ပြီးလဲမသိ
အခုလဲသိသလားဆိုတော့ ကောင်းကောင်းမသိသေးဘူး
ဒီတော့ business ဆိုတာမျိုးကို လုပ်ဖို့ ခဏမေ့ထားလိုက်တယ်
Time freedom ရမယ့် freelancer အလုပ်မျိုး
အိမ်မှာနေရင်းလုပ်လို့ရမယ့်အလုပ်မျိုးကိုသာ ဦးစားပေးလုပ်ပါဦးမယ် ?✌️
Keep Reading