Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

11/06/2024

?Miss Universe Myanmar 2024သရဖူကိုဆောင်းသွားနိုင်ခဲ့တဲ့ ကပြားမလေး

1 min read
General Knowledge
Marketing
?Miss Universe Myanmar 2024သရဖူကိုဆောင်းသွားနိုင်ခဲ့တဲ့ ကပြားမလေး's photo

?ဒီနှစ်မှာထူးထူးခြားခြားပဲ Miss Universe Myanmar သရဖူကို မြန်မာ-ဆွီဒင်ကပြားမလေးဖြစ်တဲ့ သက်စံအန်တာဆန်က ဂုဏ်ယူစွာနဲ့ပဲဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ ဒါဟာ Miss Universe Myanmar သမိုင်းမှာ ပထမဦးဆုံးသရဖူဆောင်းနိုင်ခဲ့တဲ့ ကပြားမလေးလို့လည်းပြောလို့ရပါတယ်။

?သက်စံကို သူမရဲ့မတူကွဲပြားပြီးချစ်စရာကောင်းတဲ့ဗိုလ်ဆန်ဆန်မျက်နှာလေးကြောင့် ဖိုင်နယ်ပွဲမတိုင်ခင်ကတည်းက ပရိတ်သတ်အများစုဟာ Winner ဆုရဖို့မှန်းထားခဲ့ကြတာဖြစ်ပါတယ်။ အခုတော့ပရိတ်သတ်တွေမှန်းချက်အတိုင်း နှမ်းထွက်ကိုက်ခဲ့သလို သက်စံကလည်း သူ့ကိုယ်သူအရမ်းဂုဏ်ယူရကြောင်း ပြောပြခဲ့ပါတယ်။

? သက်စံအတွက်တော့ မြန်မာစကားက အခုချိန်အထိ ပြောဖို့ခက်ခဲနေသေးသလို ဒိုင်တွေနဲ့အမေးအဖြေလုပ်ရတဲ့နေရာမှာလည်း ဘာသာစကားအခက်ခဲလေးတွေရှိခဲ့တာကြောင့် ပရိတ်သတ်တစ်ချို့က ဒီအချက်ကြောင့်ပဲ သူမသရဖူလွဲသွားမှာကို စိုးရိမ်နေခဲ့ကြတာပါ။ ဒါမယ့်အခုတော့ သူမက ဒီအခက်ခဲတွေအားလုံးကိုကျော်ဖြတ်ပြီး Miss Universe Myanmar သမိုင်းသစ်တစ်ခုကို ထွင်းသွားနိုင်ခဲ့ပါတယ်။

?အခုလိုမြန်မာသရဖူကိုဆောင်းနိုင်တဲ့အချိန်မှာ သက်စံက သူ့မိဘတွေနဲ့အတူရှိချင်ပေမယ့်လည်း ရေမြေခြားနေတာကြောင့် မိဘတွေကတစ်ဖက်နိုင်ငံကနေပဲ‌ စောင့်ကြည့်အားပေးခဲ့တယ်လို့ဆိုပါတယ်။ သူမရဲ့အမေက မြန်မာလူမျိုး၊ အဖေက ဆွီဒင်လူမျိုးဖြစ်ပြီးတော့ ဒီလိုလူမျိုးမတူတဲ့မိဘနှစ်ပါးကနေ မွေးဖွားလာတဲ့သက်စံအန်တာဆန်ကတော့ ဗိုလ်ဆန်တဲ့မျက်နှာကိုပိုင်ဆိုင်ထားတဲ့အပြင် တစ်ချိန်တုန်းကအောင်မြင်ကျော်ကြားခဲ့တဲ့ တိုက်တန်းနစ်ရုပ်ရှင်ကားကြီးထဲက မင်းသမီးနဲ့ရုပ်ချင်းဆင်တယ်ဆိုပြီး ပရိတ်သတ်အများစုရဲ့နှလုံးသားကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

? ဒါမယ့်တစ်ဖက်မှာလည်း လူတစ်ချို့က မြန်မာရုပ်မပေါက်တဲ့သက်စံကိုမှ မြန်မာသရဖူပေးဆောင်းတယ်ဆိုပြီး ဝေဖန်နေကြသလို တစ်ချို့ပြိုင်ပွဲဝင်‌တွေကလည်း ရလဒ်အပေါ်မှာ မကျေနပ်သလိုပြုမူတာလေးတွေတွေ့နေရပါတယ်။ သက်စံကိုယ်တိုင်ကလည်း ဒိုင်တွေမေးသွားခဲ့တဲ့ "ကိုယ့်ဘဝမှာ ဘယ်အရာက challenge အဖြစ်ဆုံးလဲ" ဆိုတဲ့မေးခွန်းကို ဖြေသွားခဲ့တာက "ကျွန်မဘဝမှာ challenge အဖြစ်ဆုံးက ကပြားတစ်ယောက်ဖြစ်နေတာပါပဲ။

?တစ်ခြားနိုင်ငံမှာကြီးပြင်းလာတယ်၊ အမေကမြန်မာ၊ အဖေကဆွီဒင်ဖြစ်တာကြောင့် အခုလိုကျွန်မရဲ့ကွဲပြားတဲ့အသွင်ပြင်ကပဲ issue တစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါမယ့် ကျွန်မဒီလိုအခက်ခဲတွေကို ဘယ်လိုကျော်လွှားမလဲ? ယုံကြည်မှုရှိအောင်၊ ကိုယ့်ကိုကိုယ်ချစ်တတ်အောင် ဘယ်လိုနေမလဲဆိုတာတွေကို သင်ယူခဲ့ပါတယ်။

?နောက်ပြီးအဲ့ဒီမှာမှ ကျွန်မထင်ထားခဲ့တဲ့အားနည်းချက်ဆိုတာက ကျွန်မရဲ့အားသာချက်တစ်ခုဖြစ်နေမှန်းသိလိုက်ရပါတယ်။ ဒါ့ကြောင့်တစ်မူထူးခြားနေပြီး အဲ့တာကိုရင်ဆိုင်လိုက်ပါ"လို့ Miss Universe Myanmar 2024 Winner ဆုရှင်ကြီးက ပြောသွားခဲ့ပါတယ်။ အခုချိန်ကတော့ မြန်မာသရဖူပိုင်ရှင်အသစ်စက်စက်လေးကို ဝိုင်းဝန်းဂုဏ်ပြုရင်း ကမ္ဘာမှာ မြန်မာ‌'ဟေ့'ဆိုတဲ့ ကြွေးကြော်သံတွေကြားရဖို့ စောင့်မျှော်နေဖို့ပဲလိုပါတော့တယ်။

?အားလုံးကလည်း သက်စံအပေါ်ယုံကြည်မှုအပြည့်ရှိနေကြပြီး သူမကိုလည်း တစ်ခဲနက်ဝန်းရံအားပေးနေကြပါတယ်။ နောက်ဆုံးအနေနဲ့ ဒီဆောင်းပါးလေးကနေ သက်စံကို Congregation ပါလို့ပြောကြားချင်ပါတယ်ရှင်...?

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါ"စကားချိုသာလျှင် လိုရာကိုရသည်"အင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါရှောင်တာက ကြောက်ခြင်းမဟုတ်