Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

6/06/2024

အုန်းရည်သောက်ကြပါဦး?

1 min read
Health
Book Review
General Knowledge
အုန်းရည်သောက်ကြပါဦး?'s photo



 အုန်းရည်ရဲ့အကျိုးလေးတွေပြောပြချင်တယ် စစသောက်တုန်းကတလုံး ၈၀၀ပါ အခုလောလောဆယ်တော့ တလုံး၂၀၀၀ဖြစ်နေပြီဗျ အဲ့ဘက်မှာရောတလုံးဘယ်လောက်လဲ ဈေးကောင်းသလောက်အကျိုးကျေးဇူးကလဲတယ်များတာကိုး

အုန်းရေက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိတယ်လို့ သိထားပါတယ် ပထမဆုံးအနေနဲ့

ရေဓာတ်ကိုပေးခြင်း

 အုန်းရေက ရေပါဝင်မှု 95% ဖြင့်ပြုလုပ်ထားတာကြောင့် ရေငတ်နေတဲ့ချိန် ဒါမှမဟုတ် အားနည်းနေချိန်မှာ ရေဓာတ်ကို တိုးစေပါတယ် အန်တာ ဒါမှမဟုတ် ဝမ်းလျှောတာလိုမျိုး ဖျားနာမှုတွေကြောင့် ရေဓာတ်ဆုံးရှုံးတဲ့အခါမှာ အုန်းရေက ကျွန်တော်တို့ကို ရေဓာတ်မခမ်းခြောက်အောင် ကူညီပေးနိုင်ပါတယ်အုန်းရည်ကိုသောက်သုံးရမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပမာဏက ၂၄၀ မီလီလီတာလို့ သိရပါတယ် အရာရာကတန်ဆေးလွန်ဘေးဆိုတော့အတိုင်းအတာနဲ့သောက်ဖို့‌တော့လိုတာပေါ့ အခုအိမ်ကအဘိုးကတော့တနေ့ကိုရေ‌ခွက်ဖန်ခွက်တခွက်သောက်‌တယ် နောက်ထပ်တခုက

ကိုယ်အလေးချိန်ထိန်းတာ ဒါမှမဟုတ်အလေးချိန်လျှော့ချဖို့တွေမှာကူညီပေးတယ်

အုန်းရည်ကခုနကပြောသလိုဘဲရေဓာတ်အများကြီးပါတာကြောင့် အဆီတက်စေမယ့်ပရိုတင်းနဲ့အဆီတွေလိုမျိုးမပါဘူး ဒါကြောင့် တခြားအဆီဖျော်ရည်သောက်မယ့်အစား အုန်းရည်သောက်မယ်ဆိုရင်တော့ ကျန်းမာရေးလဲညီညွတ်မယ် ကိုယ်အလေးချိန်လဲထိန်းထားပြီးသားဖြစ်သွားတာပေါ့ ကဲ တချက်ခုတ်နှစ်ချက်ပြတ်ဘဲ ကဲဘယ်လောက်မိုက်လဲ နောက်ထပ်တခုကတော့

ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်တယ်

အုန်းရေသောက်ခြင်းက ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ဖို့အတွက် အလွန်အသုံးဝင်ပါတယ်ကျောက်ကပ်လုပ်ဆောင်ချက် ကောင်းမွန်ချင်ရင် နေ့စဥ် အုန်းရေပုံမှန်သောက်ပေးသင့်တယ်လို့လည်း သိပ္ပံပညာရှင်တွေက ဆိုထားတယ်လို့သိကြပါတယ်

လေ့ကျင့်ခန်းလုပ်ပြီးနောက်မှာအားဖြည့်ပေးခြင်း

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီးနောက် အုန်းရေကို အချိုရည်အဖြစ် မကြာခဏအသုံးပြုပြီး လေ့ကျင့်ခန်းလုပ်ပြီးနောက် ကျွန်‌တော်တို့ဆုံးရှုံးသွားသော ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းဖို့ အုန်းရေကို မကြာခဏအသုံးပြုလေ့ရှိတယ်လို့ ဆိုကြပါတယ်ကျွန်တော်တို့ ချွေးအလွန်အကျွံထွက်ပြီး ကြွက်သားတွေ အားစိုက်ထုတ်ရတဲ့အခါမျိုးမှာ လေ့ကျင့်ခန်းလုပ်ပြီးရင် ရိုးရိုးရေထက် အုန်းရေက ပိုအကျိုးရှိနိုင်တယ်လို့ လေ့လာမှုတွေတောင်ရှိပါတယ်

အားနည်းချက်

ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိပေမဲ့လည်း အရာရာတိုင်းကကောင်းကျိုးနဲ့ဆိုးကျိုးဒွန်တွဲနေတာမဟုတ်လား လူတိုင်းသိပြီးသား အားနည်းချက်ကတော့ သူ့မှာ သကြားဓာတ်ပါဝင်နေတာဘဲသူ့အရသာကချိုတယ်မဟုတ်လား အုန်းရေက သွေးတွင်းသကြားဓာတ်ကို မြန်မြန်တိုး‌ေစတယ် အထူးသဖြင့်ဆိုရရင် ဗိုက်ထဲအစာမရှိချိန် သောက်မိရင် ဒါမှမဟုတ် အများကြီးသောက်မိတဲ့အခါတွေမှာ ဖြစ်ပါတယ်

ဒါကြောင့် ဆီးချို‌သွေးချိုရောဂါကို ရှောင်ရှားဖို့ အခြားအမျှင်ဓာတ်ပါတာမျိုး တမျိုးမျိုးနဲ့ တွဲဖက်စားသုံးတာ ဒါမှမဟုတ် ဖျော်ရည်အနေနဲ့ အနေတော် သောက်သုံးတာ အကောင်းဆုံးပါပဲပြောချင်တာက အလွန်ကျွံမသောက်ဖို့ပါ လူတစ်ဦး နေ့စဥ်ပုံမှန်သောက်သုံးသင့်တဲ့ အုန်းရေပမာဏကတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ၂၄၀ မီလီလီတာပဲ ဖြစ်ပါတယ်

ရှာဖွေတွေ့ရှိရသလောက်ရေးထားခြင်းဖြစ်ပါတယ် အခုလိုအသိပညာပြန်လည်မျှဝေခွင့်ရအောင် မူရင်းဝေမျှပေးခဲ့တဲ့ ဆရာတဦးတယောက်ချင်းစီကိုကျေးဇူးအထူးပါရှင့် အမှားပါခဲ့ရင်တောင်းပန်ပါတယ် သည်းခံပြီးဖတ်ပေးကြပါနော် အကျိုးကျေးဇူးများတဲ့အုန်းရည်ကိုအကျိုးရှိရှိအသုံးချကြစို့နော် လောလောဆယ်တော့ ဝယ်မသောက်နိုင် အလိုလေး ကြီးလိုက်တဲ့ဈေး?

ချစ်သောreadersလေးတွေ?


Keep Reading

အမြဲလိုလို ချွေးထွက်နေတတ်တဲ့လက်ဖဝါးတွေ သင့်မှာရှိနေပြီလားသင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…ဖားပြုပ်အဆိပ်အရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မှန်ကန်စွာ သင့်စွမ်းအင်ကိုစီမံခန့်ခွဲပြီး အောင်မြင်မှုကိုရယူလိုက်ပါလူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု Doorway Effectငိုစရာ မျက်ရည်တွေ မကျန်တော့တဲ့အထိ ငိုပါ‘Me Time များများပေးပါ’