Author's Profile Photo

SarPhat Author

6/06/2024

သတ်ပုံမှားတဲ့ပုစ္ဆာ

1 min read
Book Review
Entrepreneurship
18 Again

#သတ်ပုံလွဲတဲ့ပုစ္ဆာ

(တစ်မျက်နှာ ၀တ္ထုတို )
---------------
----
"ပေါင်မုန့်တွေရမယ် ...ကိတ်မုန့်တွေရမယ် " အသံကို ခပ်ကျယ်ကျယ်အော်ပြီး စက်ဘီးကိုဖြည်းဖြည်းမှန်မှန်ပဲ သူ နင်းလာခဲ့တယ်။သူ့ အသံကြား
တာနဲ့ ဝယ်နေကျဖောက်သည်တွေက အိမ်ဝက ကြိုပြီးထွက်စောင့်နေတတ်ကြတယ်။

ရှေ့ကလမ်းဆုံလေးက လူအတော်လေးစည်ပြီး
အရောင်းရဆုံးနေရာဆိုလည်းမမှားပါဘူး။ပြီးတော့ လစ်ရင်လစ်သလို
အလစ်သုတ်တဲ့ကလေးတွေပေါတဲ့နေရာပေါ့။ဒါကြောင့် ဒီနေရာရောက်ရင် မျက်စိရှင်ရှင်ထားရသလို လက်လည်းမြန်ရတယ်။
သတိထားနေတဲ့ကြားကနေ ဆံပင်နီကြောင်ကြောင်နဲ့ စွပ်ကျယ်အင်္ကျီပွပွကြီးဝတ်ထားတဲ့ ကောင်လေး
လူကြားထဲအတင်းတိုးဝင်လာပြီး မုန့်တစ်ထုတ်ကို ဆတ်ခနဲဖြုတ်ယူပြီးထွက်ပြေးသွားတယ်။

" ဟဲ့ ...ဟဲ့ကောင်လေး နင်လုပ်ပြန်ပြီလား "
လူသူကြားထဲမို့ စိတ်ထိန်းထားရပေမယ့် သူအရမ်းစိတ်တိုသွားမိတယ်။ မုန့်တစ်ထုတ်မှတစ်ဆယ် ၊နှစ်ဆယ်မြတ်တာ။တစ်နေကုန်ညောင်းချိနေ
အောင်စက်ဘီးနင်းပြီးလိုက်ရောင်းရတဲ့ အမြတ်ငွေက လေးငါးထောင်လောက်ရတာ။
ဒီငွေနဲ့သားအမိနှစ်ယောက်မနည်းလောက်ငှအောင်သုံး​ပြီး လှူနိုင်တန်းနိုင်အောင် တောင် မနည်းကြိုးစားနေရတာ။
ဒီကောင်လေးကတစ်ရက်လည်းမဟုတ်နေ့တိုင်းလုပ်နေတာ။
ဝယ်သူပါးသွားတာနဲ့ ဘေးဘီကိုမေးပြီး ကောင်လေးအိမ်ကို သူလိုက်သွားတယ်။စိတ်ထဲကဒေါသတွေကဟုန်းဟုန်းတောက်​နေတုန်းပဲ။
***********************
အိမ်​ရှေ့မှာ စက်ဘီးကိုရပ်လိုက်တော့ အလစ်သမားကောင်လေးက အိမ်ပေါ်ကိုအလျှင်အမြန်ပြေးတက်သွားတယ်။သူလည်းစိတ်တိုတိုနဲ့အိမ်ပေါက်ဝအထိ တက်သွားလိုက်တယ်။

ရှုပ်ပေပွ နေတဲ့အိမ်ပေါ်မှာ အရက်ထိုင်သောက်နေတဲ့ယောကျ်ားတစ်ယောက်နဲ့ ကြမ်းပေါ်
မှာ မှောက်ခုံကြိီးလှဲ​ပြီးစာအုပ်တစ်အုပ်ဘောပင်တစ်ချောင်းနဲ့အလုပ်ရှုပ်နေတဲ့မိန်းမတစ်ယောက်က သူ့ကိုလှမ်းကြည့်ပြီး

"ဘာဖြစ်လို့လဲမသိဘူး "

သူလည်းစိတ်တိုနေသေးတာမို့ အိမ်ထဲက​နေကုပ်ချောင်းချောင်းနဲ့ကြည့်နေတဲ့အလစ်သမားလေးကို လက်ညှိုးထိုးလိုက်ပြီး
" ဟိုကလေး... ကျွန်မဆီကမုန့်ထုတ်ခိုးလာလို့ လိုက်တောင်းတာ၊
ရှင်တို့သားက ဒီနေ့တစ်ရက်ထဲခိုးတာမဟုတ်ဘူး၊နေ့တိုင်းခိုးနေတာ "
သူ့စကားဆုံးတော့ မိန်းမလုပ်သူက ဝုန်းခနဲ့ထလိုက်ပြီး ကောင်လေးကို ထုရိုက်ရင်းပါးစပ်ကလည်းအယုတ္တအနတ္တစုံအောင်ဆဲတယ်။ဒီကြားထဲ အရက်သောက်နေတဲ့ယောကျာ်းကလည်း တစ်ချက်တစ်ချက်ဝင်ကန်လိုက်သေးတယ်။
" နင်ငတ်နေလား... အချိန်တန်ရင်ကျွေးမှာပေါ့...မိဘတွေမအားပါဘူးဆို နင်ကတော်တော်ဂြိုလ်ထနေတယ်...ခုတော့ဘာမှတန်ဖိုးမရှိတဲ့ဟာနဲ့အပြောခံနေရပြီ...ကဲဟယ်...သေစမ်း...သေစမ်း "
ရိုက်သံနှက်သံတွေကြောင့် သူ့စိတ်ထဲ ကျေနပ်သွားတာလား ဘာလားမသိတဲ့စိတ်နဲ့ အိမ်ထဲက ပြန်ထွက်လာတော့ ဝင်လာတုန်းကလုံးဝသတိမထားမိခဲ့တဲ့ သုံးနှစ်အရွယ် ကလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။
ကလေးက စားလက်စကိတ်မုန့်ကို လက်မှာကိုင်ပြီး အရိုက်ခံနေရတဲ့ကောင်လေးကိုလှမ်းကြည့်နေတယ်။ကောင်လေးကိုလှမ်းကြည့်နေတဲ့ ကလေးရဲ့မျက်လုံးက စီးကျနေတဲ့မျက်ရည်စတွေကိုကြည့်ပြီး သူ့ရင်ထဲတလှပ်လှပ်မူးဝေလာတယ်။
*********************
#ဧကြည်ဖြူ

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးလိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ မေတ္တာမဏ္ဍိုင်ရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)