SarPhat Author
ဘယ်လိုမှမခွဲနဲ့၊ ဘာနဲ့ခွဲတာမှ ငါတော့လက်မခံဘူး၊ အဆင့်ခွဲချင်နေတည်းက အဆင့်မရှိတာပဲ မြင်တယ်။
အရင်က ကျွန်၊ သခင်ခွဲတယ် ဘာညာကစလို့ ယနေ့တိုင် အဲ့လိုခွဲတာတွေက
အင်္ဂလန်သွားလည်တဲ့ ဘိုးတော်ကြီးပြောတဲ့အတိုင်း သူတို့သောက်တဲ့ ဘီယာရဲ့ အပေါ်ကအမြှုပ်တွေလို လူတန်းစားရဲ့ အာသာဖြေစကားဝိုင်းတစ်ခုပဲ မြင်တယ်။
လူတစ်ယောက်ရဲ့ အဆင့်အတန်းက ငွေကြေးပေါ်မူမတည်ဘူး၊ ကိုယ်အမူအရာ၊ စိတ်အမူအရာ ပေါ်ပဲမူတယ်ဆိုတာရော လက်ခံကြလား။
အမူအရာဆိုတာကလည်း စိတ်ကျနေတဲ့သူတွေ၊ သားဆုံး သမီးဆုံးလို့ အပူကပ်နေသူတွေ၊ အခြေနေ အကြောင်းကြောင်းကြောင့် ထုတ်မပြောနိုင်ဘဲ နေ့စဥ်လုပ်နေကျတွေတောင် မလုပ်နိုင်တဲ့သူတွေပေါ်တော့ အမူအရာကြည့်ပြီး အဆင့်ခွဲပစ်တာ မတရားဘူး၊ ထပ်ပြောမယ်၊ အဆင့်ခွဲချင်တည်းက အဲ့လူအဆင့်မရှိတာပဲ။
မလိုပါဘူးဟ၊ သဘာဝကိုက တူရာတူရာ စုပါတယ်။
သုံးနေတဲ့ social media AI တွေကိုက တူရာတူရာ စုပေးပါတယ်။
ကိုယ်စိတ်ဝင်စားတာကိုယ်တွေ့တဲ့ ခေတ်ကြီးမှာ မလိုအပ်တော့ပါဘူး။
အဆင့်အတန်း မတူရင် အဖတ်မလုပ်ချင်ဘူးဆိုတာလည်း သူကိုယ်တိုင်က စိတ်ကျန်းမာတဲ့ အဆင့်မရှိလို့ပဲ။
လူတွေပါပဲဟ၊ မျောက်တွေ၊ ခွေးတွေ၊ မြေခွေးတွေ လူရည်ခြုံထားတာလည်း မဟုတ်ပါဘူး။ ကိုယ့်စိတ်တောင် ခွေးဖြစ်လိုက်၊ အရက်သမားဖြစ်လိုက်၊ ရသေ့ဖြစ်လိုက်ဖြစ်နေသေးတာ။
သူများကို လိုက်ခွဲပေးချင်လွန်းရင် ကိုယ်ကိုယ်ကိုယ် မှန်ကြည့်ပြီး ပါးပြန်ရိုက်။ အဆင့်မရှိဘူးဆိုပြီး။
Keep Reading