မိုးနှောင်းအလင်္ကာ
စာအုပ်စာပေလူ့မိတ်ဆွေဆိုတဲ့ အတိုင်း စာအုပ်တစ်အုပ်ရဲ့အဖိုးဟာငွေကြေးထက် စာရွက်တစ်ရွက်ခြင်းစီရဲ့ ဗဟုသုတ က ပိုပြီးကြီးကျယ်နေပါတယ်။ယနေ့ခေတ်လို ဖုန်းတွေမှာစာဖတ်လို့ရတဲ့အထိတိုးတတ်နေပေမဲ့ လက်ဖ၀ါးပေါ်စာအုပ်ကလေးတင်ပြီး တစ်ရွက်ခြင်းစီကို လှန်ဖတ်ကတဲ့ ရသဟာသိပ့်ကိုကြည်နူးဖွယ်ကောင်းတယ်ဆိုတာ ငြင်းမရတဲ့ အမှန်တရားတစ်ခုပါ။
ကိုယ်သဘောကျရတဲ့ စာရေးဆရာ/ဆရာမ ရဲ့ ကလောင်နာမည်ကို စာမျက်နှာတစ်ခုခြင်းစီတိုင်းမှာမြင်တွေ့နေရတဲ့ခံစားမှု လေးဟာ သိပ့်ကို သဘောကျစရာကောင်းတယ်။ အဲ့တာထက်ကို ပိုပြီး ကြည်နူးမိတာက ဖတ်နေတဲ့စာအုပ်ကလေးမှာ စာရေးဆရာရဲ့ လက်မှတ်ကလေး တစ်ချက် ပါလာခဲ့ရင် ရင်ခုန်လို့ မဆုံးဖြစ်ရတဲ့ အထိပါဘဲ။ အဲ့ဒီစာအုပ်တွေကိုဘဲ ဖတ်ပြီးရင်း ဖတ်ချင်နေတာဟာ စာချစ်သူတို့ ကြုံဘူးကြလိမ့်မယ်ထင်ပါတယ်။တကယ်ကောင်းတဲ့ စာအုပ်ဆိုတာ ဘယ်လောက်ဖတ်ဖတ် ရိုးသွားတယ်ဆိုတာမရှိပါဘူး။
စကားလုံးတွေအများကြီးပြောစရာမလိုဘဲ အဲ့ဒီ စာအုပ်မျက်နှာဖုံးက ပုံကလေးနဲ့တင် မြောက်များစွာသောအဓိပ္ပာယ်တွေနဲ့ခံစားချက်တွေကို မသိမသာလှပ်ဟာပြနေသိလို သိပ်သဘောကျစရာကောင်းတဲ့အဲ့ဒီစာအုပ်တွေဟာမြတ်နိုးဖွယ်တွေဖြစ်တယ်လို့ပြောရင်စာဖတ်သူတို့ငြင်းနိုင်မယ် မထင်ပါဘူး။ကိုယ်သဘောကျရတဲ့စာအုပ်တစ်အုပ်၊၀တ္ထုတစ်ပုဒ်၊ဇာတ်လမ်းတစ်ခု ဆိုရင် ဇာတ်သိမ်းခန်းရောက်သွားမှာ သိပ့်ကြောက်တဲ့အထိ နှစ်သက်ခဲ့ရတယ်။စာရေးသူ ရဲ့ အရေးအသားတွေထဲ နစ်မြုတ်တဲ့အထိ ခံစားဖူးတယ်။ဇာတ်သိမ်းခန်း ရောက်သွားမှာစိုးလို့ နည်းနည်းချင်းစီဖတ်ခဲ့ရတယ်။စာအုပ်တွေကရတဲ့ အဲ့ဒီ ၀ါးရွက်နုငယ်ရနံ့သင်းပျံ့ပျံ့တွေဆို အလွန်နှစ်သက်မိပါတယ်။
ကျွန်တော်တို့ စာချစ်သူတို့လေးစားရသော၊မြတ်နိုးရပါသော အဲ့ဒီစာအုပ်လေးတွေဟာ လမ်းဘေးမှာ တစ်ပိဿ နှစ်ရာကျပ်ဖြင့်ရနေပါပီ။ကျွန်တော်တို့နိုင်ငံမှာ သာမန်စာရေးဆရာပေါက်စငယ်က စာအုပ်ထုပ်မယ်ဆိုရင် အုပ်ရေ တစ်ထောင်ထုတ်ရင် ငါးရာကို တစ်လအတွင်းကုန်တယ်ဆို ဒါတော်တော်ကံကောင်းတာပါဘဲ။ နော်ေ၀းနိုင်ငံမှာ စာအုပ်ထုပ်ေ၀မယ်ဆိုရင် အလိုအလျှောက်အစိုးရကနေ အုပ်ရေ တစ်ထောင်တိတိ၀ယ်ယူပြီး နိုင်ငံအတွင်းမှာ ဖြန့်ချီပေးမှာဖြစ်ပါတယ်။အကယ်၍ ကလေးဖတ်တဲ့ စာအုပ်သာဆို အုပ်ရေ ငါးရာပိုအဝယ်ခံရမှာဘဲဖြစ်ပါတယ်။ စာပေတွေရဲ့တန်ဖိုးကို နားမလည်တဲ့ လူတွေကြောင့် ကျွန်တော်တို့လိုစာအုပ်စာပေကို မြတ်နိုးသူတို့အဖို့ သိပ့်ကိုနစ်နာရာကျစေပါတယ်။ စာကြည့်တိုက်တွေဟာ ကျွန်တော်တို့ အရပ်ဒေသတွေမှာ သာမန်အပျင်းပြေထိုင်တဲ့နေရာတစ်ခုထက်မပို၊ဓာတ်ပုံကောင်း တစ်ခုရစေတဲ့ အဆောက်အဦးထက်မပို အဲ့ဒီလိုတွေ စာအုပ်စာပေရဲ့ တန်ဖိုးကို မသိတဲ့အခါ သူတပါးပြောသမျှခေါင်းငုံနေရအုံးမှာဘဲလို့ရဲရဲကြီး ပြောရဲပါတယ်။
ဒါပေမဲ့ ထိုထိုလူအပေါင်းကို စာအုပ်၊စာပေနဲ့ မွေ့လျော်အောင် ဖန်တီးပေးချင်တဲ့ စိတ်ဟာ စာအုပ်တွေဖတ်ရင်း ရလာတာဖြစ်တဲ့အတွက် အဲ့ဒီစိတ်ကလေးကိုလည်း လေးစားမိတယ်။ စာသမားပေသမား ဟာ သိပ့်စကားပြောကောင်း၊သိပ့်ကိုနားထောင်ကောင်းတာ ဥပမာတွေ လင်္ကာတွေနဲ့ အတူ ရယ်စရာ ဟာသလေးတွေ နှောပြီးပြောတဲ့အခါ အလွန်နှစ်ချိုက်ဖွယ်ကောင်းလှပါတယ်။စကားလုံး အရိုင်းတွေမပါဘဲ ပြုံးပြုံးနဲ့ နှပ်တတ်တဲ့ အဲ့ဒီ စာသမားပေသမားတွေဟာ စာအုပ်စာပေရဲ့ တန်ဖိုးကို သိရှိနေပါလိမ့်မယ်။
မသိသူကျော်သွား၊သိသူဖော်စား ဆိုရအောင်ကလည်း ပင်လယ်ရေ တစ်ယောက်ထဲသောက်လို့မကုန်ပါဘူး အားလုံးကိုမျှဝေပေးချင်တဲ့စိတ် အဲ့ဒီ နူးညံတဲ့ စိတ်တွေဟာ စာအုပ်တွေဆီကရပါတယ်။ရိုက်ချိုးတိုင်း မကြိုးဘဲ ရုန်းထပြီး ကြိုးစားတဲ့ အကျင့်ဟာ အဲ့ဒီစာအုပ်တွေဆီကပါဘဲ။ စာအုပ်တွေရဲ့ တန်ဖိုးကို သိချင်ရင် ဘယ်လောက်ပေးရသလဲဆိုတာကို မကြည့်ပါနဲ့ ဘယ်လောက်သင်ယူလိုက်ရသလဲဆိုတာကို မြင်တတ်ပါစေ။
# မိုးနှောင်းအလင်္ကာ
Keep Reading