Nicolette
“Talent” ကို မြန်မာလို အနီးစပ်ဆုံးဘာသာပြန်ရမယ်ဆိုရင် “ပါရမီ” လို့ပဲ ဘာသာပြန်ရမှာပါ။
“Skill” ကတော့ “ကျွမ်းကျင်မှု” ပေါ့။
ပါရမီဆိုတဲ့စကားကို မြန်မာ အဘိဓာန်တွေ ခက်ဆစ်ဖွင့်ဆိုချက်တွေထဲမှာ ရှာကြည့်လိုက်ရင်
“အထပ်ထပ် ဆည်းပူးထားသော အလေ့အကျင့်” လို့ရေးထားတာ တွေ့ရပါလိမ့်မယ်။
ဒါဖြင့် ပါရမီ ဟာ မွေးရာပါ ပါလာတာဖြစ်တယ်လို့ ဘာကြောင့် လူတွေက ယူဆကြတာပါလဲ။
အရှေ့တိုင်းသားတော်တော်များများဟာ လူဝင်စားဖြစ်စဉ်ကို ယုံကြည်ကြသူတွေပါ။
အရင်ဘဝက တယောပညာရှင် ဖြစ်ခဲ့ရင် ဒီဘဝမှာ တယောပညာကို လွယ်လွယ်ကူကူ သင်လို့ရမယ်။
သူများထက် ထူးချွန်မယ်။
သူ့ဝိညာဉ်ဟာ အရင်ဘဝကတည်းက တယောတီးလာတာဖြစ်တဲ့အတွက်
ဒီဘဝမှာ ခက်ခက်ခဲခဲ သင်စရာမလိုဘဲ နည်းနည်းလောက်သင်ပေးလိုက်တာနဲ့ ကျွမ်းကျင်သူဖြစ်လာမယ်။
ဒါကို မွေးရာပါ ပါရမီလို့ အရှေ့တိုင်းသားတွေက ယုံကြည်လက်ခံကြပါတယ်။
အနောက်တိုင်းက ယုံကြည်တဲ့ “Talent” ကတော့ ဘုရားသခင်ရဲ့လက်ဆောင်လို့ တင်စားကြပြီး
သူ့သဘာဝအတိုင်း အထွေအထူးသင်ယူထားတာမဟုတ်ဘဲ ကျွမ်းကျင်နေတာမျိုးကို ခေါ်တာပါ။
အသံအရမ်းကောင်းနေတဲ့ လူတစ်ယောက်ကို နည်းနည်းလောက်လေ့ကျင့်ပေးလိုက်တာနဲ့ နာမည်ကြီးအဆိုတော် ဖြစ်သွားတာမျိုးက Talent ပါ။
Skill ကတော့ ရှင်းပါတယ်။
လေ့ကျင်ယူထားတာပါ။
ပညာရပ်တစ်ခုခုကို အစွမ်းကို ကြိုးစားအားထုတ်သင်ယူပြီး ကျွမ်းကျင်လာအောင် လေ့ကျင့်ထားတာမျိုးရယ်၊
နေ့တိုင်း လုပ်နေကျဖြစ်လို့ ကျွမ်းကျင်သွားတာမျိုးရယ်ကို Skill လို့ခေါ်ပါတယ်။
လူတိုင်းမှာ Talent တစ်ခုတော့ အနည်းဆုံးပါပါတယ်။
ကိုယ်ဘာကို ပါရမီ ပါတာလဲဆိုတာကို မသိကြပေမယ့် ပါရမီတစ်မျိုးမျိုးတော့ လူတိုင်းမှာ ပါတတ်ကြပြီး
အသက်ကြီးမှ ပါရမီပါလာတဲ့အရာကို သိကြတဲ့သူတွေရှိသလို
ငယ်ငယ်ကတည်းက ပါရမီပါတဲ့အရာကို သိကြတဲ့သူတွေလဲရှိပါတယ်။
ဘာကို ပါရမီပါတာလဲ ထိုင်စောင့်၊ ထိုင်တွေးနေမယ့်အစား ကျွမ်းကျင်မှုတစ်ခုခုရှိအောင် လုပ်လိုက်တာက
ဘဝမှာ အောင်မြင်မှုတွေရဖို့ ပိုပြီးမြန်ဆန်စေပါတယ်။
ပညာရပ်တစ်ခုမှာ အောင်မြင်သူတစ်ယောက်ဖြစ်လာဖို့အတွက် ပါရမီကပဲ အရေးကြီးတာမဟုတ်ပါဘူး ကျွမ်းကျင်မှုကလဲ အရေးကြီးပါတယ်။
တချို့သော ပါရမီပါတယ်လို့ ချီးကျူးခံရသူတွေဟာ လေ့ကျင့်မှုပိုင်းအားနည်းလို့ ကျွမ်းကျင်သူတွေကို မယှဉ်နိုင်တာ နယ်ပယ်အသီးသီးမှာ ရှိကြပါတယ်။
ကိုယ့်မှာ ပါရမီပါတယ်ဆိုရင်တောင် အမြဲတမ်းလေ့ကျင့်နေမှ ဒီပါရမီဟာ ပိုပြီး ထက်သန်လာမှာပါ။
ပါရမီ နဲ့ ကျွမ်းကျင်မှု နှစ်မျိုးလုံးဟာ အရေးပါကြပါတယ်။
နှစ်ခုလုံးရှိနေရင်တော့ တကယ့်လူစွမ်းကောင်းကြီး ဖြစ်ပါပြီပဲ။
နှစ်ခုလုံးတိုးတတ်ဖို့အတွက်တော့ အောက်ပါအချက်လေးချက်ကို စမ်းသပ်လုပ်ဆောင်ကြည့်ပါ။
⭐ လေ့ကျင့်ပါ
လေ့ကျင့်မှုဟာ Talent နဲ့ Skill အတွက် အရေးကြီးပါတယ်။ နေ့တိုင်း ကိုယ်ကျွမ်းကျင်ချင်တဲ့ ပညာရပ်ကို အဆက်မပြတ်လေ့ကျင့်ပါ။
⭐ ဆရာရှာပါ
ဈေးကြီးပေးရတဲ့ သင်တန်းမျိုးမဟုတ်ရင်တောင် Youtube လိုနေရာမျိုးမှာ သင်ပေးနေကြသူတွေအများကြီးပါ။
သက်ဆိုင်ရာပညာရပ်အလိုက် ကိုယ်နဲ့ အဆင်ပြေမယ့်ဆရာမျိုးကိုရှာပါ။
⭐ တိုးတက်အောင်နေဖို့ ကိုယ့်ကိုကိုယ်သတိပေးပါ
ကိုယ်လေ့လာနေတဲ့ပညာရပ်နဲ့ ပတ်ဝန်းကျင်ကို အမြဲစောင့်ကြည့်ပြီး အသစ်တွေပေါ်လာတိုင်း လေ့လာဖို့ ကိုယ့်ကိုကိုယ် သတိပေးပါ။
⭐ ရည်မှန်းချက်ထားပါ
ရည်မှန်းချက် သေးသေးလေးတွေကနေစပြီး ပြည့်မြောက်အောင်လုပ်ပါ။ ခြေလှမ်းသေးသေးလေးတွေက အောင်မြင်မှုဆီခေါ်ဆောင်သွားမှာပါ။
ကျွမ်းကျင်ပါရမီရှင်တွေ ဖြစ်ကြပါစေ✌?
Nicolette မှ ရေးသားပါသည် ?
⛔ပြန်ကူးတင်ခွင့်မပြုပါ⛔
ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေ၊ learning tips တွေ နဲ့ ဘာသာပြန်ဝတ္ထုတွေကို ရေးသားသွားဦးမှာဖြစ်လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ?
Keep Reading