Author's Profile Photo

ဆောင်းလုလင်

5/06/2024

အဖေ

1 min read
Book Review
Poetry
Art
အဖေ's photo

အဖေ

ရှေ့မှာမျက်နှာထားတည်ပေမယ့်
သားသမီးကို နောက်ကကြည့်
ပီတိနဲ့ပြုံးတတ်တာ.... အဖေ။

အမေ့လို အလိုမလိုက်
ကြိုက်သမျှဝယ်မပေးပေမယ့်
နဖူးချွေးမြေကျ
ရသမျှရှာကျွေး
ပံ့ပိုးပေးတာ.... အဖေ။

ပါးပြင်ကို မွှေးမွှေးမပေး
မယုယ မပိုက်ထွေးပေမယ့်
သားသမီးအိပ်နေမှ
ခြင်ထောင်စ တိတ်တိတ်လှန်
ဘယ်ညာပြန်နမ်းတတ်တာလည်း
အဖေပါပဲ။ ။

ဆောင်းလုလင်

Keep Reading

မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။Haruki Murakami ဘာကြောင့်ဆုမရသေးတာလဲတောရိုင်းမြေErnest Hemingway ဘဝဟာသများမိတ်ဆွေမှရန်သူဖြစ်သွားခြင်းအချစ်ကိုကိုးကွယ်ခဲ့တဲ့မြန်မာဘုရင်ရူးဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်သုံးနှစ်သုံးမိုး