Author's Profile Photo

SarPhat Author

3/06/2024

မြောက်ကိုးရီးယားသားများ နှင့် စမတ်ဖုန်း

3 mins read
မြောက်ကိုးရီးယားသားများ နှင့် စမတ်ဖုန်း's photo

မြောက်ကိုရီးယားမှာ စမတ်ဖုန်းတစ်လုံးရဲ့ လုပ်ဆောင်နိုင်တဲ့ စွမ်းဆောင်ရည်အတိုင်း အပြည့်အဝအသုံးချခွင့်ပေးမထားပါဘူး။ အသုံချရင် အန္တာရယ် အရမ်းများပါတယ်။ မြောက်ကိုးရီးယာသားတွေဟာ ကိုပိုင် စမတ်ဖုန်းသုံးခွင့်တော့ရှိပါရဲ့။

ဒါပေမယ့် အစိုးရက ခွင့်မပြုထားတဲ့ ဆော့ဖ်ဝဲလ်တွေ၊ မီဒီယာတွေကို ဖုန်ထဲမှာ ထည့်သုံးခွင့်မရကြပါဘူး။ အစိုးရက စောင့်ကြည့် ကြပ်မတ်လုပ်ဆောင်ထားတဲ့ ဆော့ဖ်ဝဲလ်တွေကိုလောက်သာ သံးစွဲခွင့်ရကြတာပါ။

အဲဒါတွေတင်မကပါဘူး အစစအရာရာဖိနှိတ် ပိတ်ပင်တားဆီးခံနေရတဲ့ မြောက်ကိုးရီးယားမှာ တောင်းကိုးရီးယားက ဒရာမာ ဇတ်လမ်းတွဲတွေတောင် နိုင်ငံပိုင် မီဒီယာတွေက ခွင့်မပြုလို့ ဝင်ရောက် ကြည့်ရှု့ခွင့်လည်းမရကြပါဘူး။ အနောက်တိုင်းစာပေတွေ၊ သတင်းစာတွေဆိုရင်လည်း ဝေလာဝေးပါပဲ။

ခွင့်ပြုပေးတဲ့ အစိုးရပိုင် ဆော့ဖ်ဝဲလ်တွေကလည်း ကန့်သတ်ချက်တွေ အရမ်းများပါတယ်။ မြောက်ကိုးရီးယားမှာ သုံးခွင့်ရတဲ့ စမတ်ဖုန်းတွေကလည်း Kwangmyong လို့ခေါ်တဲ့ အစိုးရ အင်တာနက်နဲ့သာ သုံးလို့ရတာပါ။ Kwangmyong အင်တာနက်ကတော့ ကိုးရီးယားတွေအတွက် “bright star”ပေါ့ ။

အထက်တန်းလွှာရေပိုဆီတွေနှင့် သီးသန့်ရွေးချယ်ခန့်အပ်ထားတဲ့ အစိုးရအလုပ် သမားတွေကသာ Access to the global internet ကို ဝင်ရောက်သုံးစွဲခွင့်ရကြတာပါ။

တားမြစ်ထားတာတွေကို နိုင်ငံသားတွေ ဝင်ရောက် သုံးစွဲမိလို့ ဖမ်းခံရရင်တော့ ဒဏ်ငွေကနေ သေဒဏ်အထိ ချမှတ်တာကို ရင်ဆိုင်ရနိုင်တယ်။ ကျူးလွန်သူတွေကိုလည်း နိုင်ငံရဲ့ (2020 Reactionary Ideology နှင့် Culture Rejection Law) ဥပဒေကြောင်းအရ “ညစ်ညမ်းစာပေ ထုပ်ဝေမှု၊ ဝါဒဖြန့်မှု ”ဆိုပြီး ဆွဲစိတာကိုခံကြရတယ်။

ကမ္ဘာ့အဖိနှိပ်ဆုံးနိုင်ငံအဖြစ် စံရှိန်ချိုးထားတဲ့ နိုင်ငံမှာ ပြင်ပက သတင်းအချက် အလက်တွေဝင်ရောက်တာတွေကို အစိုးရအတွက် အကြီးမားဆုံး အန္တာရာယ်အဖြစ် ကာလကြာမြင့်စွာကတည်းကပင် ရှုမြင်ခံနေရတာပါ။

ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို ရင်ဆိုင်ရကြရပေမည့်လည်း တစ်ချို့ မြောက်ကိုးရီးယား ဟက်ကာ အနည်းအကျဥ်းလောက်ဟာ အစိုးရဲ့ ဒစ်ဂျစ်တယ် ပိတ်ဆို့မှုတွေကို ကျော်လွှားနေကြတာတွေလည်းရှိပါတယ်။

မြောက်ကိုးရီးယားအပေါ် စောင့်ကြည့်လေ့လာနေတဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတဖွဲ့ နှင့်အတူ သူ့တေသီ ဂျာနယ်လစ် Martyn Williams တို့က ပူးတွဲထုတ် ပြန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်က အစီရင်ခံစာတစောင်မှာ မြောက်ကိုးရီးယကနေ ဘက်ပြောင်းလာသူတွေရဲ့ ပြောပြချက်တွေကို တင်ပြခဲ့ကြပါတယ်။

ဘက်ပြောင်းလာသူ နှစ်ဦးရဲ့အဆိုအရ သူ့တို့အပါအဝင် အခြားမြောက်ကိုးရီးယားသားတွေဟာ စမတ်ဖုန်တွေနဲ့ ဝင်ရောက်ကြည်ရှု့ခွင့်မရှိတဲ့ အစိုးရရဲ့ တားမြစ်ချက်တွေကို ချိုးဖောက်ပြီး ဖောက်ထွင်းဝင်ရောက်နေကြတယ်လို့ ဆိုပါတယ်။

“ နိုင်ငံတွင်းမှာ စမတ်ဖုန်းတွေကို ထိမ်းချုပ်ခံနေရပေမယ့်လည်း မိတ်ဆွေသူငယ်ချင်းအလိုက်၊ လုပ်ဖော်ကိုင်ဖက်ချင်းအလိုက် ဘယ်လိုဝင်ရောက် ရမလဲဆိုတာကို ကူညီလုပ် ဆောင်ပေးနေကြတယ်လို့ ဘက်ပြောင်းလာသူနှစ်ဦက သူတို့နဲ့ အင်တာဗြူးမှာ ဖြေဆိုသွားတယ်လို့ '' အဲဒီ အစီရင်ခံစာက ဖော်ပြခဲ့ကြပါတယ်။

ဒါ့အပြင် အင်တာဗျူးဖြေခဲ့ကြတဲ့ မစ္စတာကင် နှင့် မစ္စတာပက်ခ် (အဲမည်လွဲ) နှစ်ယောက်စလုံးဟာ နည်းပညာ ကျွမ်းကျင်ကြသူတွေဖြစ်ကြတယ်လို့ဆိုပါတယ်။ မစ္စတာကင်က မြောက်ကိုရီးယားအစိုးရအတွက် ပရိုဂရမ်မာတစ်ဦးဖြစ်ပြီး မစ္စတာ ပတ်ခ်က မြောက်ကိုရီးယားမှာ ၁၀ နှစ်ကျော်ကြာ ကွန်ပျူတာ သုံးခဲ့ဖူးတဲ့ တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်တယ် လို့ ဆိုပါတယ်။

သူတို့နှစ်ဦးဟာ အစိုးရက ပိတ်ပင်ထားတဲ့ Global Internet ထဲကို သူတို့ရဲ့ စမတ်ဖုန်းတွေနဲ့ ဖောက်ထွင်းဝင်ရောက်ပြီး လွတ်လပ်စွာ အသုံးပြုခဲ့ကြသူတွေလို့ ဆိုထားပါတယ်။

The jailbreaking process ဆိုတာ Android စမတ်ဖုန်းတွေကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး root ဖောက်တာကိုပြောတာပါ။ ပြီးမှ ဖုန်းထဲကို application သွင်းပြီးအဲဒီ application တွေ ကနေတဆင့် အစိုးရပိုင် ဆော့ဖ်ဝဲလ်တွေ မသိရအောင် ဖုန်းထဲမှာ ထည့်သွင်း မွန်းမံပြင်ဆင်ယူတယ်။ ဒါမှမဟုတ်ရင်လည်း ဖုန်ထဲမထားပဲ ဖျက်ပစ်လိုက်ကြတယ် လို့ ဆိုပါတယ်။

ဒီတော့ သူတို့တွေက ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို ချိုးဖောက်ပြီး စမတ်ဖုန်းတွေမှာ jailbreak ဖောက်တာကို ဘာကြောင့် စွန့်စားကြတာလည်း။ မြောက်ကိုးရီးယားမှာ
jailbreak ဖောက်ပြိးပြုပြင်ထားတဲ့ ဖုန်းတွေက မှောင်ခိုစျေးကွက်မှာ စျေးကောင်းရတာကြောင့် ခုလိုစွန်စားပြီးလုပ်နေကြတာလို့ မြောက်ကိုးရီးယားကနေ လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်အရ သိရကြောင်း ဖော်ပြထားပါတယ်။

မြောက်ကိုးရီးယားသားအများစုဟာ နည်းပညာနဲ့ အလှမ်းဝေးကြပါတယ်။ အလုပ် လုပ်နေကြတဲ့ အဓိကမျိုးဆက်တွေက အသက် ၃၀ တွေဆိုပေမည့်လည်း အသက်တွေက ကြီးလို့သာလာကြတာ။ နည်းပညာနဲ့ပတ်သက်ရင် အတွေ့အကြုံမရှိကြသူတွေက ဒုနဲ့ဒေးပါပဲ။ တစ်ချိုဆို ကွန်ပြူတာရှိနေကြပြီး ကွန်ပြူသုံးနည်းကိုလည်းသိကြတယ်။ ဒါပေမည့် စမတ်ဖုန်းနဲ့ ပတ်သက်လို့ ဘယ်လို လုပ်ရမလဲဆိုတာ နားမလည်းကြ။ ဒါကိုလုပ်ချင်တဲ့သူတွေက နားလည်တတ်ကျွမ်းပြီး လုပ်စားနေတဲ့သူဆီမှာ ချဥ်းကပ်ရတယ်။

ဖုန်း​တွေကို jailbreak ဖောက်ပေးသူတွေမှာ တားမြစ်ချက်တွေကို ဝင်ရောက် သုံးစွဲသူတွေရဲ့မှတ်တမ်းမှတ်ရာတွေကိုလည်း ဖျက်ပေးရတဲ့ နောက်ဆက်တွဲ အကြောင်း ရင်းတစ်ခုကရှိနေပြန်သေးတယ်။

မြောက်ကိုရီးယားက စမတ်ဖုန်းတွေမှာ အစိုးရကဖန်တီထားတဲ့ ဆော့ပ်ဝဲလ်တွေဟာ ပုံမှန်ကြားကာလအချိန်တွေမှာ screenshots ရိုက်ယူလို့ရအောင် စီမံလုပ်ဆောင်ခံထားရတဲ့ ဖုန်းအမျိုးစားလို့ ဆိုကြပါတယ်။ ဒါ့အပြင် ( Orwellian tactic) ခေါ် လူတွေကို နည်းပေါင်းစုံနဲ့ ထိမ်းချုပ်တဲ့ နည်းပညာဟာ နိုင်ငံသားတွေအပေါ် အမြဲတမ်း အရုံခံစောင့်ကြည့်နိုင်စေဖို့ တပ်ဆင်ထားပါသေးတယ်။

မြောက်ကိုရီးယားမှ လွတ်မြောက်လာသူ ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းလောက်ဟာ စမတ်ဖုန်းတွေကို jailbreak ဖောက်တာ Jailbreak ဖောက်ဖို့ အကူအညီရယူတာတို့ကိုလုပ်ဖို့ ကြိုးစားခဲ့ကြတယ်လို့ဆိုပါတယ်။ Jailbreak နည်းပညာကို အစိုးရက ခြေရာခံမိပြီးတဲ့နောက်ပိုင်းမှာတော့ ဒစ်ဂျစ်တယ် ပိတ်ဆို့တာတွေ ကို အဆင့် မြင့်တင်လိုက်တာကြောင့် ယနေ့အချိန်တွေမှာ ဖုန်းတွေကို Jailbreak အောင်အောင်မြင်မြင် ဖောက်နိုင်သူတွေ မြောက်ကိုးရီးယားမှာ ဘယ်လောက်ရှိနေကြပြီလည်းဆိုတာ ပြောရခက်ပါတယ်။

ဒါပေမဲ့ ဟက်တာတားဆီးရေးဟာ ကြောင်နှင့် ကြွက် ဂိမ်းတစ်ခုလိုပါပဲ။ အစိုးရရဲ့ ဆင်ဆာ ယန္တရားတွေ အားကောင်းလာပေမည့်လည်း အစိုးက တားဆီးပတ်ပင်းထားတာတွေကို ကျော်လွားဝင်းရောက်နိုင်တဲ့နည်းတွေကို အမြဲလိုလို ရှာဖွယ်နိုင်တဲ့ မြောက်ကိုးရီးယားနိုင်ငံသားတွေလည်း အများအပြား ရှိနေကြပါတယ်။ သူတို့တွေ ဟာ global internet ဝင်ရောက်နိုင်ဖွယ်လည်းရှိတယ်။ သို့သော်လည်း global internet ကို ဝင်ရောက်နိုင်တဲ့ နည်းပညာကို မြောက်ကိုးရီးယာက လွတ်မြောက်လာသူတွေက ဖွင့်မပြောကြပါဘူး။

Ref: North Korean citizens are jailbreaking smartphones to bypass censorship

Keep Reading