SarPhat Author
ကျွန်တော်ဒီတစ်ခေါက်ပညာရေးနဲ့ပတ်သက်တယ့်အကြောင်းလေးပြောပြချင်ပါတယ်။
စနစ်သစ် (10) တန်းတက်မည့်ကလေးတွေအတွက်ပြောပြချင်တာပါ။အာ့တာကဘာလဲဆိုတော့...
စနစ်သစ်(10) တန်းတက်တာနဲ့ကလေးတွေကအခက်ခဲနဲ့စကြုံရတယ်လို့ပဲဆိုရမှာပဲ။အာ့အရွယ်မှစပြီး
ဆုံးဖြတ်ချက်တွေချရတော့မယ်။အာ့လိုဆုံးဖြတ်ချက်တွေချတယ့်အခါမှလည်းခိုင်ခိုင်မာမာချနိုင်ဖို့လိုမယ်။
အဓိက ကမေဂျာခွဲတာပေါ့
main major နှစ်ခုအနေနဲ့ ဘိုင်အိုတွဲနဲ့ ဘောဂတွဲပေါ့
အာ့မှာတစ်ချို့ကလေးတွေက ကိုယ့်ကိုယ်ကို သေချာမသိဘဲနဲ့ယူကြရတာတွေရှိတယ်။ပြီးတော့ကလေးတွေကို ကိုယ့်စိတ်နဲ့ကို လွတ်လပ်စေချင်တယ်။ပြောချင်တာက
မိဘတွေယူခိုင်းလို့၊ဆရာတွေယူခိုင်းလို့၊နောက်ထပ်အဖြစ်များဆုံးအချက်က သူငယ်ချင်းတွေယူခိုင်းလို့ သူအာ့တာယူလို့ငါလည်းအာ့တာလိုက်ယူမယ်လို့မဖြစ်စေချင်ဘူး။တစ်နေ့ကျရင်တော့သူငယ်ချင်းတွေဆိုတာလည်းခွဲရမှာပဲ လို့ထည့်တွက်ထားစေချင်တယ်။
ကိုယ်စိတ်ကိုလွတ်လွတ်လပ်လပ်ရွေးစေချင်တယ်။ကိုယ်ဝါသနာပါတာကိုပဲရွေး။တစ်ကယ်လို့မှားသွားတယ်ပဲဆိုပါစို့ ပြန်ပြီးရွေးလို့ရပါတယ့နော်။စာက တစ်လနောက်ကျလည်းဘာမှမဖြစ်ဘူး။ နှစ်လနောက်ကျလည်းဘာမှမဖြစ်ပါဘူး။ပြန်ပြောင်းလို့ရတယ်။မရတာက ကိုယ်ကဒီစာကို ဝါသနာမပါဘဲနဲ့ ဒီစာကိုယ မလိုက်နိုင်ဘဲနဲ့ စိတ်ပင်ပန်းပန်းနဲ့သင်ရတာ ဘဝမှဆုံးဖြတ်ချက်မှားတယ်လို့ပြောလို့ရတယ်။
အဓိက ကပြောချင်တာက ကိုယ်စိတ်ကိုလွတ်လပ်စေချင်ပြီး ဝါသနာကိုဦးစားပေးရွေးချယ်စေချင်ပါတယ်။
တစ်ကယ်လို့ ဒီစာနဲ့ပတ်သက်လို့
ကိုယ်ကိုယ်တိုင်ကရွေးချယ်ရခက်နေတာတို့ ၊ပြီးတော့တက်တာတက်ရမှာဘာတွေသင်မှာလည်းသေချာမသိတာတို့ မေးလို့ရပါတယ်ရှင့်။
Rainshow
Keep Reading