Author's Profile Photo

WHY:ဘာကြောင့်လဲ

31/05/2024

စွမ်းအင် နဲ့ စွမ်းအား (Energy vs Power)

1 min read
Education
General Knowledge
စွမ်းအင် နဲ့ စွမ်းအား
(Energy vs Power)'s photo

"တူသယောင်နဲ့ မတူ၊ မတူသယောင်နဲ့ တူသ‌လိုဖြစ်နေတဲ့ သူတို့နှစ်ဦး"

စွမ်းအင်(Energy) နဲ့ စွမ်းအား(Power) ကအပြင်လောကမှာဆိုရင်တော့ တူညီကောင်းတူညီနိုင်ပေမယ့် ရူပဗေဒ မှာတော့ မတူပါဘူး။ သူတို့နှစ်ခုက တူသယောင်ရှိပေမယ့် မတူပါဘူး။

➡️ စွမ်းအင်(Energy) ကို 'လုပ်နိုင်စွမ်း' ဆိုပြီးတော့ အရိုးရှင်းဆုံးအဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ လူတစ်ယောက်ကပစ္စည်းတစ်ခုကို 'မနိုင်စွမ်း' ရှိမရှိ၊ ရှိတယ်ဆိုရင် အဲ့လူမှာပစ္စည်းကို မ ဖို့အတွက် စွမ်းအင်ရှိတယ်(လုံလောက်တယ်)၊ မ 'မ' နိုင်ဘူးဆိုရင် စွမ်းအင်မရှိလို့(မလုံလောက်လို့)ပါ။ ဒီအပူပမာဏလေးက ဟော့ဒီ ရေပမာဏကို ဆူအောင်'လုပ်နိုင်စွမ်း' ရှိမရှိ၊ ဒီအလင်းရောင်ပမာဏလေးက ဒီဟာကြီးတစ်ခုလုံးကို အလင်းရောင်'ပေးနိုင်စွမ်း'ရှိမရှိ စသဖြင့် အဲ့လို့သတ်မှတ်ထားတဲ့ပမာဏကို 'စွမ်းအင်' လို့ခေါ်ပါတယ်။
တစ်ခုခုကို လုပ်နိုင်စွမ်းရှိရင် စွမ်းအင်ရှိပါတယ်(လုံလောက်တယ်)၊ လုပ်နိုင်စွမ်းမရှိရင် စွမ်းအင်မရှိလို့(မလုံလောက်လို့)ပါ။ စွမ်းအင်တွေက ပုံစံအမျိုးမျိုးနဲ့ရှိနေတယ်ဆိုတာကိုအားလုံးသိကြမှာပါ။(ဥပမာ - အလင်း၊ အပူ၊ အသံ၊ လျှပ်စစ်၊ ဓာတု၊ အရွေ့စွမ်းအင် စသဖြင့်)
ရူပဗေဒမှာဆိုရင် 'စွမ်းအင်' ကို ' joule(J)' ဆိုတဲ့ ယူနစ်နဲ့တိုင်းတာဖော်ပြပါတယ်။

➡️ စွမ်းအား(Power) ဆိုတာကို 'လုပ်နိုင်နှုန်း' လို့အရိုးရှင်းဆုံးဖော်ပြနိုင်ပါတယ်။ အလုပ်တစ်ခုဖြစ်မြောက်ဖို့ 'စွမ်းအင်' ကိုသုံးရတယ်ဆိုရင် 'စွမ်းအား'ဆိုတာက အဲ့'စွမ်းအင်'ကို ဘယ်လောက်နှုန်းနဲ့ သုံးစွဲနေတယ် တစ်နည်း အလုပ်ကိုဘယ်လောက်အမြန်နှုန်းနဲ့လုပ်နေတယ်ဆိုတာကို ပြပေးတာပါ။
သာဓကအနေနဲ့ ထွန်းထွန်းနဲ့ ဦးမောင် နှစ်ယောက်စလုံးက သေတ္တာတစ်လုံးကိုသယ်နိုင်ဖို့ လုံလောက်တဲ့စွမ်းအင်ရှိတယ်ဆိုပါစို့(စွမ်းအင်တူညီ)။ ဒါပေမယ့် ထွန်းထွန်းက သေတ္တာကို စက္ကန့်၃၀ အတွင်း ၁၀ပေ အကွာအဝေးအထိသယ်နိုင်ပြီးတော့ ဦးမောင်က စက္ကန့် ၆၀ ကြာမှသာ ၁၀ပေ ဆိုတဲ့အကွာအဝေးကိုရောက်လာပါတယ်။ ဒါကြောင့် ထွန်းထွန်းရဲ့ လုပ်နိုင်နှုန်းက ဦးမောင်ထက်ပိုများတဲ့အတွက် 'စွမ်းအင်'ချင်းတူ‌ပေမယ့် ထွန်းထွန်းရဲ့စွမ်းအားက ဦးမောင်ရဲ့ စွမ်းအားထက်ပိုများပါတယ်။
ရူပဗေဒမှာဆိုရင် 'စွမ်းအား'ကိုလိုချင်ရင် 'စွမ်းအင်'ကိုတည် ပြီး ကြာချိန်နဲ့စားရပါတယ်။
P = energy / time
သူ့ရဲ့ယူနစ်က watt(W) / joule per second (J/s)။ဒါကြောင့် 'စွမ်းအား'ဆိုတာ အချိန်တစ်စက္ကန့်အတွင်းမှာ အသုံးချလိုက်တဲ့(ကူပြောင်းလိုက်တဲ့) စွမ်းအင် ပမာဏကိုဖော်ပြတာပါ။ ဥပမာအနေနဲ့ မီးသီးတစ်လုံးက တစ်စက္ကန့်အတွင်းမှာ စွမ်းအင် 5 joules ကိုအသုံးပြု(ကူပြောင်း)ပြီးတော့ နောက်မီးသီးတစ်လုံးက တစ်စက္ကန့်အတွင်းမှာဘဲ စွမ်းအင် 10 joules ကိုအသုံးပြု(ကူ‌ပြောင်း) လိုက်တယ်ဆိုရင် ဒုတိယမီးသီးရဲ့'စွမ်းအား' က ပထမမီးသီးရဲ့ စွမ်းအားထက်ပိုများပါတယ်။

'စွမ်းအင်' နဲ့ 'စွမ်းအား'ကတူမယောင်နဲ့ မတူကြပါဘူး။ 'စွမ်းအင်' ဆိုတာက သိုလှောင်လို့ရတဲ့ ရူပ‌ဗေဒသတ်မှတ်ချက် တစ်ခုဖြစ်ပြီးတော့ 'စွမ်းအား'ဆိုတာက နှုန်းထားတစ်ခုသာဖြစ်ပါတယ်။ 'စွမ်းအင်' က 'စွမ်းအား'ထက် ပိုအခြေခံကျပြီးတော့ 'စွမ်းအင်' မရှိရင် 'စွမ်းအား' လည်းမရှိနိုင်ပါဘူး။ ဒါကြောင့်လည်း မတူသယောင်နဲ့ တူနေချင်နေပြန်ပါတယ်။


-ဘာကြောင့်လဲ (why)

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့တွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?