Author's Profile Photo

SarPhat Author

31/05/2024

VPN သုံးခြင်း၏ ကောင်းကျိုး၊ဆိုးကျိုး

1 min read
Personal Development
General Knowledge
18 Again
VPN သုံးခြင်း၏ ကောင်းကျိုး၊ဆိုးကျိုး's photo

လက်ရှိမှာ VPN နဲ့ပတ်သက်တဲ့ပြဿနာတစ်ရပ်ဖြစ်ပေါ်နေပါတယ်။ VPN ချိတ်ဆက်လို့မရတော့တဲ့ပြဿနာပါ။ Free VPN တွေချိတ်ဆက်လို့မရတော့ဘူးဆိုတဲ့သတင်းတစ်ချို့ကိုကြားရသလို၊ ပြည်တွင်းအင်တာနက်အသုံးပြုသူများသတိပြုရန်ဆိုတဲ့ စာတစ်ချို့ကိုဖြန့်ဝေနေသူများရှိတယ်လို့လည်းကြားသိရပါတယ်။

အင်တာနက်လိုင်းတွေဖြတ်တောက်ခံရတာက သတင်းမီဒီယာတွေရဲ့ သတင်းစီးဆင်းမှုကို နှေးကွေးစေပါတယ်။ VPN မချိတ်ဆက်ပဲ အင်တာနက်အသုံးပြုခြင်းကတော့ ကိုယ့်ရဲ့တည်နေရာက ဒီနေရာပါလို့ အတိအကျပြောပြရာရောက်တဲ့အတွက် လုံခြုံရေးဂရုစိုက်နေရသူများအနေနဲ့ သတိထားသင့်ပါတယ်။
ခေတ်စနစ်တစ်ခုအရ လုံခြုံရေးသတိထားသူများအနေနဲ့ VPN မချိတ်ဆက်ဘဲ အင်တာနက်အသုံးပြုခြင်းကို အထူးသတိထားစေလိုပါတယ်။

VPN ချိတ်ဆက်ပြီး အင်တာနက်အသုံးပြုခြင်းက အချို့သော application များကို အသုံးပြုရနှေးကွေးစေပါတယ်။ video တွေ download ဆွဲတဲ့အခါ၊ application အချို့ install ပြုလုပ်တဲ့အခါမှာ VPN ချိတ်ဆက်ပြီးအသုံးမပြုသင့်ပါဘူး။ Zapyaနဲ့ ချိတ်ဆက်ခြင်းပြုလုပ်တဲ့အခါမှာလည်း VPN ဖွင့်ထားရင် ချိတ်ဆက်လို့မရနိုင်ပါဘူး။

လက်တလောဖြစ်ပေါ်နေတဲ့ VPN ပြဿနာကိုဖြေရှင်းဖို့အတွက် social media မှာလေ့လာရှာဖွေကြည့်ပါ။နည်းလမ်းကောင်းအချို့တွေ့ရမှာပါ။ကိုယ်နဲ့ ကိုက်ညီမယ့် နည်းလမ်းဟုတ်၊ မဟုတ်ဆိုတာလေးတော့ စမ်းစစ်စေချင်ပါတယ်ရှင်။

အားလုံးပဲ အန္တရာယ်ကင်းရှင်းစွာဖြင့် အဆင်ပြေချောမွေ့နိုင်ကြပါစေ။

#T.Kyi

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း