AJ
လူတွေအနေနဲ့ ရှင်သန်ရာဘဝမှာ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနိုင်ဖို့ဆို ဗုဒ္ဓဟောကြားခဲ့တဲ့ ဗြဟ္မစိုရ်တရား(၄)ပါးကိုလိုက်နာကျင့်သုံးသင့်ပါတယ်။
ဗြဟ္မစိုရ်တရား(၄)ပါး -The Four Sublime Virtues
မေတ္တာ - Loving -kindness
ကရုဏာ - Compassion
မုဒိတာ - Appreciative Joy
ဥပေက္ခာ -Equanimity
မေတ္တာ - မေတ္တာဆိုတာကတော့ တစ်ပါးသူရဲ့အကျိုးကိုလိုလားတာ၊ တစ်ပါးသူ အကျိုးဖြစ်စေရန်အတွက် မိမိအကျိုးကိုမမျှော်လင့်ဘဲ မေတ္တာစိတ်သန့်သန့်ဖြင့် ကူညီဆောင်ရွက်ပေးခြင်း။
ဂရုဏာ - ဒုက္ခိတ သတ္တဝါလေးတွေ ၊ ဆင်းရဲခြင်းကိုကြုံတွေ့နေရသော လူတွေရဲ့ ဒုက္ခကိုမြင်ရတဲ့အခါ ကရုဏာစိတ်ဖြစ်ရခြင်း။စစ်မှန်တဲ့ကရုဏာစိတ်သည် ဒုက္ခတွေကိုကယ်ဆယ်နိုင်တယ်။
မုဒိတာ - တစ်ပါးသူရဲ့ပြည့်စုံကြွယ်ဝခြင်း ၊ အလုပ်အကိုင်အဆင်ပြေချောမွေ့ခြင်းက်ိုကြားရသည့်အခါမျိုးတွင် စိတ်ထဲမှ ကြည်နူးပျော်ရွှင်နိုင်သောစိတ်ထားရှိခြင်း။
ဥပေက္ခာ - တစ်ပါးသူအပေါ်တွင်ချစ်ခြင်း ၊ မုန်းခြင်း၊ ကရုဏာထားခြင်း ၊ဒေါသထွက်ခြင်းမရှိဘဲ တစ်ပါးသူအပေါ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ် ( သူပြုသူခံ) ခက်ခဲသော အလယ်အလတ်လမ်းစဉ်သဘောတရားတစ်ခုဖြစ်ပါတယ် ။
ဗြဟ္မစိုရ်တရား(၄)ပါးကို လက်ကိုင်ထားသောသူသည် တခြားသူအပေါ်ယုတ်မာသောစိတ်မရှိ၊ နစ်နာလိုစိတ်မရှိ ၊ ထိခိုက်နာကျင်လိုသောစိတ်မရှိ၊ မနာလိုမုန်းတီးခြင်းတော့မရှိသောကြောင့် ထိူသူသည် ဘဝကိုအေးအေးချမ်းချမ်း နေရတတ်သည်။
လူအချင်းချင်းဖြစ်စေ ၊ သတ္တဝါလေးတွေအပေါ်တွင်ဖြစ်စေ မေတ္တာ ၊ကရုဏာ၊ မုဒိတာ ၊ ဥပေက္ခာ (ဗြဟ္မစိုရ်တရား၄ပါး) ဖြင့်နေထိုင်ခြင်းသည် မြင့်မြတ်စွာနေထိုင်ခြင်းဖြစ်သည်။
Keep Reading