Author's Profile Photo

စောမြတ်နွယ်

29/05/2024

အရွယ်ရဲ့ပြောင်းလဲမှု

1 min read
Software Development
Life Style
Personal Development
အရွယ်ရဲ့ပြောင်းလဲမှု's photo

အသက်အရွယ်ရလာတာနဲ့အမျှ
ကိုယ်ရဲ့နေထိုင်မှုပုံစံတွေ ပြောင်းလဲလာတယ်။

ဟိုအရင်အချိန်တွေလို
တခြားသူတွေရဲ့ ထင်မြင်ချက်တွေကို
ဦးနှောက်ထဲ မထည့်ဖြစ်တော့ဘူး။

ကိုယ်စိတ်သက်သာရာရဖို့ပဲ
ဦးစားပေးဖြစ်လာတယ်။

အပေါင်းအသင်းနည်းလို့
အားမငယ်မိတော့ဘူး။

ကိုယ့်အနားက
စစ်မှန်တဲ့မိတ်ဆွေအနည်းငယ်လောက်နဲ့ပဲ
ကျေနပ်တတ်လာတယ်။

မိဘရဲ့တန်ဖိုး
အချိန်ရဲ့တန်ဖိုးကို
ပိုသိလာတယ် ပိုတန်ဖိုးထားဖြစ်လာတယ်။

အရာရာတိုင်းကို
လိုက်ခံစားမနေတော့ဘူး
သင့်တင့်စွာ နှလုံးသွင်းတတ်လာတယ်။

ကိုယ်နဲ့ သဘောထားမတူတာတွေ
ကြုံရတဲ့အခါ နားလည်ပေးတတ်လာတယ်။

အေးအေးဆေးဆေး
တိတ်တိတ်ဆိတ်ဆိတ်နေရတာကို
ပိုသဘောကျလာတယ်။

ကိုယ့်ကို ပူလောင်စေမယ့်အရာတွေကို
ဝေးဝေးက ရှောင်ကြဥ်တတ်လာတယ်။

ဘဝမှာ ပျော်ရွှင်ဖို့ အရေးကြီးပါလားဆိုတာ
သိပြီးနောက်ပိုင်း ပိုရယ်မောဖြစ်လာတယ်။

သေချာတာတစ်ခုက
ဘယ်သူ့ကြောင့်မှ ကိုယ့်စိတ်ကို အပင်ပန်းမခံတော့ဘူး။

ကိုယ့်စိတ်ကို အေးချမ်းအောင်ပဲ
နေဖြစ်တော့တယ်။

နောက်ထပ်တစ်ခုကတော့
ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာတာပါပဲ။

#စောမြတ်နွယ်

Keep Reading

VPN အကြောင်း သိကောင်းစရာဘာကြောင့် နည်းပညာနယ်ပယ်မှာ အမျိုးသမီး Software Developer ဦးရေက 10 ရာခိုင်နှုန်း ခန့်သာရှိတာလဲ?လုပ်ငန်းခွင်ဝင်ရောက်မယ့် လူငယ်များအတွက် Remote Working ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် အချက်(3)ချက်Programming လေ့လာရာမှာ Study Plan တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။What Is a VPN? VPN ဆိုတာဘာလဲ?အင်္ဂလိပ်စာကို မြန်မာပြန်ခြင်းမှ ရသည့် အသိ။cyber security အကြောင်းသိကောင်းစရာWhat is Function??Telegram ကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်တည်ထောင်ခဲ့လဲ။ ဆက်လေ့လာကြမယ်။