Author's Profile Photo

စောမြတ်နွယ်

29/05/2024

ဟီရိနဲ့ သြတ္တပ္ပ

2 mins read
Personal Development
General Knowledge
Culture
ဟီရိနဲ့ သြတ္တပ္ပ's photo

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဟောထားတဲ့တရားတော်ထဲမှာ မြတ်စွာဘုရားရှင်က ဟောတယ်တဲ့။ လူ့လောကကြီးကို ထိန်းသိမ်းစောင့်ရှောက်ပေးထားတဲ့ တရားနှစ်ပါးရှိတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ဟီရိနဲ့ သြ တ္တပ္ပ။ အရှက်တရားနဲ့အကြောက်တရား။

ဟီရိဆိုတာက ရှက်တာ စက်ဆုပ်တာ ရွံရှာတာ။ ဘာကိုပြောတာလဲဆိုရင် မဟုတ်တာ လုပ်ရမှာ ရှက်တယ် ။လိမ်ပြောရမှာ ရှက်တယ်။ မကောင်းတာ လုပ်ရမှာ ရှက်တယ်။ လူရှိရှိ မရှိရှိ မဟုတ်တာ မမှန်တာ လုပ်ဖို့ရန် အတွက် ကိုယ့်ကိုယ်ကို ရှက်တာ။အဲ့ဒါက ဟိရီ။

သြတ္တပ္ပ ဆိုတာကျတော့ မကောင်းမှု လုပ်ဖို့ရန် အတွက် ကြောက်တယ် လန့်တယ်။
ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ မျက်နှာ မပြရဲမှာကို ကြောက်တယ်၊။ကိုယ့်ရဲ့ ပတ်ဝန်းကျင် မိသားစု ဆွေမျိုး အသိုင်း အဝိုင်း ထိခိုက်မှာကို အမြဲစဥ်းစားတယ်။ ပတ်ဝန်းကျင်ကို အလေးအနက်ထား စဥ်းစားပြီး ဦးစားပေးတယ်။

မြတ်စွာဘုရားရှင်က ဟီရိသြတ္တပ္ပကို လောကပါလ တရားလို့ ဟောထားပါတယ်။

လောကကြီးမှာ ဟီရိသြတ္တပ္ပ မရှိတော့ဘူး ဆိုလို့ရှိရင် လူ့လောကကြီးဟာ တိရိစ္ဆာန်လောကနှင့် ရောထွေးရှုပ်လိမ် ထူးမခြားနားဖြစ်သွားလိမ့်မယ်တဲ့။

အဲဒီတော့ ကျွန်မတို့လူတစ်ဦးချင်းစီမှာလည်း ဟီရိသြတ္တပ္ပတရားရှိဖို့ အလွန်မတန်အရေးကြီးပါတယ်။ ဒီတရားနှစ်ပါးဟာ လောကကြီးပျက်စီးမသွားအောင် စောင့်ရှောက်သလို လူတစ်ယောက်ချင်းစီရဲ့ဘဝကို ပျက်စီးမသွားအောင်လည်း စောင့်ရှောက်ပါတယ်။

လူတစ်ယောက်ဟာ ရှက်သင့်ရှက်ထိုက်တာကို မရှက်တော့ဘူး။ကြောက်သင့်ကြောက်ထိုက်တာကို မကြောက်တော့ဘူးဆိုရင် အဲ့ဒီလူရဲ့ ဘဝဟာ ပျက်စီးသွားတာပါပဲ။

ကျွန်မတို့ လောကကြီးထဲမှာ ရဟန်းလည်းရဟန်းအလျောက် လူလည်း လူအလျောက် စောင့်ထိန်းရတဲ့ ကျင့်ဝတ်တွေရှိပါတယ်။

ဘုရားရှင်ရဲ့သားတော် ရဟန်းတော်တွေမှာဆိုရင် စောင့်ထိန်းရတဲ့ သိက္ခာပုဒ်က အကျဥ်းအားဖြင့် ၂၂၇သွယ်၊ အကျယ်အားဖြင့် ၉ ကုဋေ ရှိပါတယ်။

ကျွန်မတို့လူတွေမှာဆိုရင် အခြေခံစောင့်ထိန်းရတဲ့သီလ (၅)ပါးရှိပါတယ်။လူတစ်ယောက်ဟာ ငါးပါးသီလ လုံခြုံတယ်ဆိုရင် အပါယ်မလားတော့ဘူးလို့ ဘုရားရှင်ရဲ့ တရားတော်တွေထဲမှာ ကြားနာဖူးပါတယ်။

အထူးသဖြင့် ကျွန်မတို့လူ့ပတ်ဝန်းကျင်မှာ လူတွေစက်ဆုပ်ဆုံးက ကိုယ်ကျင့်တရားဖောက်ပြန်ပျက်စီးတာပါပဲ။

ကျွန်မတို့လူ့ပတ်ဝန်းကျင်မှာ လူအများစုက တခြားသောအရာတွေထက် မိမိမှာ ကာမပိုင်လင်ယောကျ်ား၊ ကာမပိုင်
ဇနီးမယားရှိပါရက်နဲ့ တခြားတစ်ပါးသော အမျိုးသား၊ အမျိုးသမီးနဲ့ ဖောက်ပြန်တာကို ပိုစက်ဆုပ်ကြပါတယ်။

အိမ်ထောင်ရေးဖောက်ပြန်လို့ မိဘတွေ
အိမ်ထောင်ကွဲတဲ့အခါ အပြစ်မရှိတဲ့ ကလေးတွေမှာ မြေစာပင်ဖြစ်ကြရတယ်။ ဒုက္ခရောက်ကြရတယ်။ကလေးတွေမှာ စိတ်ဒဏ်ရာတွေ ရကြရတယ်။

အိမ်ထောင်ရေးဖောက်ပြန်တဲ့မိဘရဲ့ သားသမီးတွေဟာ ပတ်ဝန်းကျင်မှာ မျက်နှာငယ်ကြရတယ်။ သိမ်ငယ်ကြရတယ်။

အဲ့ဒီအမည်းစက်က တခြားအရာတွေနဲ့မတူပါဘူး။ ကိုယ့်ရဲ့နောက်မျိုးဆက်အ

ချေးများစေ့စပ်တဲ့သူစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတန်ဆေးလွန်ဘေးမရိုးတရိုးနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်အာရုံစူးစိုက်မှုအင်တာနက်နဲ့ လူနေမှုဘဝ Cambridge English Examလိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း

Unlock to read this premium article with 10 points.