Author's Profile Photo

စာအုပ်

27/05/2024

ရင်ဖွင့်ပါ ၂

1 min read
Personal Development
Startup
ရင်ဖွင့်ပါ ၂'s photo

အကျင့်ဆိုးတွေကို ပြင်ဖို့အချိန်ယူရတဲ့အခါ ကိုယ်တစ်ယောက်တည်း ပြုပြင်ဖို့ခက်ခဲနေရင် ရင့်ဖွင့်ပါ။

ကျွန်တော် အရင် အကျင့်ဆိုးတွေထဲက အဆိုးဆုံးအကျင့်က Porn ကြည့်တာပါ။ကျွန်တော် မကြည့်တော့ဘူး ဆိုပြီး App တွေဖျက် ဖုန်းတွေ ကိုယ်ဟာကိုဖွတ်ထားရင်တောင် စိတ်ရဲ့ Dopamine က အဲ့ဒါ ကြည့်မှအမြင့်ဆုံးဖြစ်နေတော့ အချိန်ကျရင် ကြည့်ချင်နေရောတခြားဘာလုပ်လုပ်စိတ်ဝင်စားမှု မရှိ လုပ်ချင်ကိုင်ချင်စိတ် မရှိ ဖြစ်တော့။

ကျွန်တော် Youtube ကနေ အဲ့တာကြည့်တာရပ်ဖို့ ပြောထားတဲ့ Video တွေလိုက်ကြည့်။

ကိုယ်ဟာလုံးလည်ချာလည်ရိုက်နေတာပေါ့ အဲဒါ ဖျက်ဖို့လုပ်နေတာ တော်တော်အချိန် ယူနေရင်း၊

ကျွန်တော် အစ်ကို ကို ပြောပြလိုက်တာပေါ့။အစ်ကိုကိုပြောပြ လိုက်ပြီးနောက်ပိုင်း အဲ့တာကြည့်တာကိုရပ်သွားနိုင်ပြီး ကျွန်တော် အခြေအနေကသိသိသာသာကြီးတိုးတက်လာတာ ကိုယ်တိုင်ကြုံတွေ့ရတာပါ။

အဓိက က ကိုယ်ယုံကြည်ရတဲ့ လူတစ်ယောက်ကို ရင်ဖွင့်ချင်း အားဖြင့် စိတ်သက်သာရာ ရသွားတာဖြစ်ပါတယ်။

သင့်တို့လည်း လူတွေထဲကလူမို့လို့ ကိုယ်မကောင်းတဲ့ အကျင့်ဆိုးတွေကို ပြင်တာအခက်အခဲ ကြုံတွေ့နေရင် ရင်ဖွင့်လိုက်ပါ။နည်းလမ်းယူပါ။တိုင်ပင်ပါ။တကယ်လိုက်လုပ်ပါ။

ရင့်ဖွင့်တယ်ဆိုတာ လူရွေးတော်အုန်းမှပါ။
ကိုယ်ရင်ဖွင့်လိုက်တဲ့ စကားတွေနောက်ကွယ်မှာ သူများနဲ့ အတင်းမတုပ်တဲ့လူတော့ဖြစ်ရပါမယ်။
ဒီတစ်ချက်တော့ သတိထားစေချင်ပါတယ်။

ကိုယ်ရင်ဆိုင်နေရတဲ့ အခက်အခဲကို လှောင်ပြောင်မနေတဲ့သူပေါ့။

ကိုယ်ဘက်ကလည်း တစ်ခုသတိထားပါ။
ဘာမဟုတ်တဲ့ သေးသေးလေး ကအစသူများကို လိုက်ပြောပြမနေပါနဲ့။သူများ နားထဲ သံရည်ပူလောင်ထည့်နေသလို မိုးလင်း က အစ မိုးချုပ် ကိုယ် စိတ်မကျေနပ်တာတွေ သူငယ်ချင်းတွေကို လိုက်မပြောပါနဲ့။နောက်ပိုင်းသင်ပြောတဲ့ တစ်ချို့အကြောင်းအရာတွေဆို သူတို့အရေးလုပ်တော့မှာမဟုတ်ဘူး။သင့်က အလကားနေ အဲဒါတွေဘဲ ပြောနေတာဆိုပြီး သူတို့မသိစိတ်ထဲမှာဖြစ်နေပါလိမ့်မယ်။
(Reference toကျွန်တော် အမ အတွေ့အကြုံမှ)
ဟီ...ဟီ

(ဥပမာ-ရည်းစားနဲ့ရန်ဖြစ်တယ် ဟာကို ဒီတစ်ခါပြတ်ပြီး တစ်ခါလာလည်း ဒီဟာ..)

ကိုယ့်အကြောင်းကိုယ်သိပြီးတိုးတက်နိုင်ကြပါစေ။

ကိုယ်အတွေးတွေ ချမ်းသာပါစေ။

ကိုယ်ဘာတွေ ခံစားနေရလည်း သတိပြုမိပါစေ။

ကောင်းမွန်တဲ့ စိတ်အစဉ်ကို ပိုင်ဆိုင်နိုင်ပါစေ။

ကောင်းမွန်တဲ့ နေ့ရက်ကို ပိုင်ဆိုင်နိုင်ပါစေ။




Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးလိုတာထက် မပိုပါနဲ့တဇောက်ကန်းသမားစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း အကျင့်ဆိုးသမားတွေကိုရှောင်ပါ စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်နှစ်ဆယ့်ခုနှစ်-အသိရှိရှိရှင်သန်ခြင်းအကျိုးဆက်ရလဒ်ကသာ အရေးကြီးဆုံးပါ