Mai Nyo (မိုင်ညို)
ကျွန်မသိပ်ချစ်ရတဲ့ အဲဒီအမျိုးသားလေးကို ကျွန်မက အမြတ်တနိုးနဲ့ 'မောင်' လို့ခေါ်တယ်။ မောင်က ကျွန်မအတွက်တော့ ဘုရားသခင်က ပေးသနားတဲ့ ဆုလာဘ်ပါပဲ။ ကျွန်မလေ မောင့်ကိုချစ်ခဲ့ရတာ ရှစ်နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုကို ကျော်ခဲ့ပြီ။ ဒါပေမဲ့ မောင်က ကျွန်မအချစ်တွေကို မမြင်ဘူးထင်ပါရဲ့။ ကျွန်မကို သူငယ်ချင်းတစ်ယောက်လိုပဲ ဆက်ဆံတယ်လေ။ ကျွန်မဘက်က ရေလာအောင် ဘယ်လောက်မြောင်းဖောက်ဖောက် မောင်ကတော့ မလှုပ်မယှက်။
မောင့်ကို စတွေ့ခဲ့တာ ကျွန်မ တတိယနှစ်မှာပေါ့။ အဲနေ့ကမိုးတွေရွာနေတယ်။ ကျွန်မက မနက်ပိုင်းတစ်ချိန်ပြီးတော့ စိတ်မပါတာနဲ့ ကျောင်းက Canteen မှာသွားထိုင်ဖြစ်တယ်။ Canteen ကိုထွက်လာတုန်းက မိုးမရွာတာကြောင့် ကျွန်မလည်း ထီးကိုယူမလာခဲ့ဘူး။ ကျွန်မ Canteen ကနေပြန်ထွက်ဖို့ လုပ်တုန်းမှာပဲ အစိုးမရတဲ့ မိုးက ရွာချပါလေတော့တယ်။ ကျွန်မလဲ ဘာလုပ်ရမယ်မသိ ပျာယာခတ်နေတဲ့အချိန် ရုတ်တရက် ကျမလာတော့တဲ့ မိုးစက်တွေကြောင့် အပေါ်ကို မော့ကြည့်မိတယ်။ ထီးတစ်လက်။ ဟုတ်တယ်။ ကျွန်မခေါင်းပေါ်မှာ ထီးတစ်လက်ရှိနေတယ်။ တစ်ချိန်တည်းမှာပဲ ထီးအောက်မှာ နောက်ထပ် လူသားတစ်ယောက်ရှိနေတယ်။ အဲတာက လူသားလားဆိုတာ ကျွန်မ မသေချာဘူး။ သူရဲ့ ရုပ်ရည်က ကြည့်ကောင်းလွန်းနေတယ်။ နက်မှောင်တဲ့ မျက်ခုံးအောက်က စူးရှရှမျက်ဝန်းတွေမှာ ကျွန်မနစ်မျောသွားတာ ဘယ်လောက်ကြာသွားမှန်းတောင် မသိလိုက်ပါဘူး။ တစ်ဖက်လူက စကားပြောလိုက်မှပဲ ကျွန်မ အသိပြန်ဝင်တော့တယ်။
"အဆင်ပြေရဲ့လား အမိ"
ခပ်ဩဩအသံချိုချိုလေးမှာ ကျွန်မစိတ်တွေ ထပ်ပြီး လွင့်သွားပြန်ပါပြီ။
"အမိ...အဆင်ပြေရဲ့လားလို့"
"ရှင်....ဪ...ဟုတ်။ ပြေပါတယ်"
"အမိကြည့်ရတာ ထီးမပါဘူးထင်တယ်။ အမိက ဘယ်မေဂျာကလဲ"
"ဟို... Physics ပါ"
"ကျွန်တော်လိုက်ပို့ပေးမယ်။ နောက်ခါတွေ ထီးယူဖို့တော့ မမေ့နဲ့ပေါ့ဗျာ။ မိုးဆိုတာ အစိုးရတဲ့အထဲမပါဘူးဗျ"
သူဆရာလုပ်ကာ ဆုံးမတာလေးကို ကျွန်မဘာမှပြန်မပြောဘဲ ခေါင်းလေးငုံ့ပြီး နာခံနေမိပါသည်။
"ဟိုလေ...ကျွန်မက အတန်းမတက်တော့ဘူးရှင့်။ ခေါင်းကိုက်နေလို့ အိမ်ပြန်နားမလို့"
ကျွန်မ တိုးတိုးပြောတော့ သူက ကျွန်မဘက်ကို မျက်စောင်းလေးတစ်ချက်ထိုးလိုက်သည်။
"အမိ အတန်းလစ်ချင်လို့ အကြောင်းပြနေတာတော့ မဟုတ်ပါဘူးနော်။ ထားပါ။ အဲ့တာဆိုလဲ ကျွန်တော် ကျောင်းဝထိ လိုက်ပို့ပါမယ်"
ပြောပြောဆိုဆို သူက ရှေ့ကထွက်သွားတော့ ကျွန်မမှာ သူ့ထီးလေးအောက်ကို အပြေးလေး ခိုဝင်လိုက်ရတယ်။ မိုးရေစိုမှာ ကြောက်တာကိုး။ ကျောင်းဝရောက်တော့လဲ သူက Taxi လာတဲ့အထိ စောင့်ပေးရှာပါတယ်။ ကျွန်မ Taxi ပေါ်တက်သွားတော့မှ သူလဲ ကျောင်းထဲပြန်ဝင်သွားတယ်။
ကျွန်မနှယ်...မေ့တတ်ရန်ရော။ ကိုယ့်ကို ကူညီခဲ့တဲ့လူကို နာမည်လေးတောင် မမေးလိုက်မိဘူး။ ဒါပေမဲ့ သိပ်မကြာလိုက်ပါဘူး။ သူငယ်ချင်းတွေကောင်းမှုနဲ့ တစ်ရက်နှစ်ရက်နေတော့ သူ့နာမည်အပြင် သူ့မေဂျာကိုပါ သိလိုက်ရတယ်။ သူက E Major ကျောင်းသား။ နာမည်က ဇွဲထက်တဲ့။
နောက်နေ့ကျွန်မ စာကြည့်တိုက်ကိုသွားတော့ တစ်ယောက်တည်းထိုင်ပြီး စာအုပ်တစ်အုပ်ကို သည်းကြီးမည်းကြီးဖတ်နေတဲ့ သူ့ကိုတွေ့လိုက်တယ်။ ကျွန်မ ဟိုနေ့က မပြောလိုက်ရတဲ့ ကျေးဇူးတင်စကားပြောဖို့ သူ့နားကိုသွားလိုက်ပေမဲ့ သူကတော့ စာအုပ်ထဲ အာရုံရောက်နေတယ်ထင်ရဲ့။ ကျွန်မရောက်နေတာကိုမသိဘူး။ ကျွန်မလဲ သူစာအုပ်ဖတ်နေတာကို မနှောင့်ယှက်ချင်တာနဲ့ ထိုင်ပြီးစောင့်နေလိုက်တယ်။ သူမျက်နှာလေးကို ခိုးခိုးကြည့်ရင်းနဲ့ပေါ့။
သူက စာအုပ်ဖတ်ပြီးသွားတော့ ခေါင်းမော့လာပြီး ကျွန်မကိုမြင်တော့ အံ့ဩသွားတယ်။
"ဟင်...အမိ။ ထပ်တွေ့ပြန်ပြီ"
"ဟုတ်ပါ့ရှင်။ ကျွန်မ ရှင့်ကို ကျေးဇူးတင်စကားပြောဖို့ စောင့်နေရတာ အကြာကြီးပဲ"
"အားနာလိုက်တာဗျာ။ ကျွန်တော်က စာဖတ်ရင် ပတ်ဝန်းကျင်ကို မေ့ထားတတ်လို့ပါ"
"ဟုတ်ပါပြီ။ ထားပါတော့။ ဟိုနေ့က ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ရပါတယ်ဗျာ။ ကျွန်တော်က အမိ ထီးမပါလာတာ မြင်လို့ ကူညီလိုက်တာပါ"
"အင်း အင်း ဒါဆို ကျွန်မ သွားတော့မယ်"
"နေပါဦး အမိရဲ့။ ကျွန်တော်နဲ့ Canteen လိုက်ခဲ့ပါလား"
"အို...ဘာပြုလို့လိုက်ရမှာလဲ။ ရှင့်ကို ကျေးဇူးတင်စကားပြောဖို့ စောင့်နေတာနဲ့ပဲ အဲလောက်လွယ်မယ်ထင်နေတာလား"
"မဟုတ်ရပါဘူးဗျာ။ ဒီတိုင်း မိတ်ဖြစ်ဆွေဖြစ် ဖိတ်ခေါ်တဲ့သဘောပါ။ ကျွန်တော် ဒကာခံမှာပါဗျာ"
"ကောင်းပြီလေ။ ရှင်ရှေ့ကကြွ"
ကျွန်မလဲ မိန်းကလေးမာနလေးနဲ့ ခပ်ချေချေလေးပြောပြီး သူဦးဆောင်ရာ Canteen ဆီ လိုက်ပါလာခဲ့သည်။
"ကဲ...အမိ။ ဘာစားမလဲ။ ဘာသောက်မလဲ"
"သံပရာရည်ပဲသောက်မယ်။ ချဉ်ချဉ်လေး"
"ဟုတ်ပြီ"
သူက သံပရာရည်နှစ်ခွက်မှာလိုက်ပြီး ကျွန်မသောက်မဲ့ ခွက်ကို ချဉ်ချဉ်လေးလုပ်ပေးဖို့ သေချာပြောနေသည်။
"ဆိုပါဦး။ အမိက ဘယ် year ကလဲ"
"Third year က။ ဒါနဲ့နေပါဦး။ ရှင်က ဘာကိစ္စ ကျွန်မကို အမိ အမိ လို့ပဲခေါ်နေရတာတုံး။ ကျွန်မနာမည် အမိမဟုတ်ဘူးရှင့်"
"ဒါကတော့ ကျွန်တော်မှ အမိနာမည်မသိဘဲကို"
"ဒါဆိုလဲ မှတ်ထား။ ကျွန်မနာမည်က 'ကဗျာ' လို့ခေါ်တယ်။ အမိ မဟုတ်ဘူး"
"ဒါဆို အမိကို ကဗျာလို့ပဲခေါ်ရမှာပေါ့"
"ဟုတ်တယ် အဲ့လိုပဲခေါ်"
အဲနေ့က သူနဲ့ စကားတွေ အများကြီးပြောဖြစ်ခဲ့တယ်။ နောက်နေ့တွေလဲ စာကြည့်တိုက်မှာဆုံဖြစ်ကြတယ်။ ရည်ရွယ်ပြီး ဆုံဖြစ်တာမျိုးမဟုတ်ရင်တောင် နှစ်ယောက်စလုံးက စာဖတ်ဝါသနာပါသူတွေမို့ မကြာခဏတွေ့ရတတ်တယ်။ အမှန်တိုင်း ဝန်ခံရရင် ကျွန်မသူ့ကို စတွေ့တဲ့နေကတည်းက သဘောကျခဲ့ရတာပါ။ ကျွန်မ Final year ရောက်တဲ့အထိ သူ့ကို သဘောကျနေတုန်းပဲဆိုတော့ ကျွန်မသူ့ကိုချစ်မိနေတာသေချာနေပါပြီ။ ညဆို သူ့အကြောင်းတွေတွေးမိလာတယ်။ သူနေမကောင်းသံကြားရင် စိတ်တွေပူလာတယ်။ ရင်ထဲကနေ 'မောင်' ဆိုတဲ့နာမ်စားလေးနဲ့ သူ့ကိုခေါ်တတ်လာတယ်။
'မောင်' သိပ်ချစ်ရသောမောင်။ တကယ်ဆို မောင်က ကျွန်မထက် လပိုင်းလောက်ကြီးပါတယ်။ ဒါပေမယ့် ကိုယ့်ထက်ငယ်မှ 'မောင်' လို့ခေါ်ခွင့်ရှိတာမှမဟုတ်ဘဲကွယ်။ ကိုယ်ချစ်ရတဲ့သူ မြတ်နိုးရတဲ့သူ နက်နက်ရှိုင်းရှိုင်းချစ်ရသူမို့ သူ့ကိုခေါ်ဖြစ်တဲ့ နာမ်စားလေးက တစ်လုံးတည်းပါ။ 'မောင်' တဲ့။
တစ်နေ့မှာပေါ့။ မောင်က ကျွန်မဆီဖုန်းဆက်လာတယ်။ သူ့ကိုလာတွေ့နိုင်မလားတဲ့။ ကျွန်မ တုံ့ဆိုင်းမနေပါဘူး။ မောင်အလိုရှိတယ်ဆို ဘယ်နေရာဖြစ်ဖြစ် ကျွန်မသွားမှာပါ။ ကျွန်မ မောင်ချိန်းတဲ့နေရာကိုရောက်တော့ မောင့်ရှေ့က ခုံမှာ ဝင်ထိုင်လိုက်တယ်။ ကျွန်မ ဘာမှမပြောရသေးခင်မှာပဲ 'ခါတိုင်းလိုပဲမဟုတ်လား။ ကျွန်တော်ကြိုမှာထားပေးတယ်' တဲ့။ အဲသလိုအလိုက်သိလှတဲ့ မောင်ပါ။
ခဏနေတော့ မောင်မှာထားပေးတဲ့ စားစရာတွေရောက်လာတယ်။ ကျွန်မ တစ်ဇွန်းခပ်စားလိုက်ပြီး မောင့်ကို ချစ်တဲ့အကြောင်း ဖွင့်ဟပြောလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ မောင့်ရဲ့ ကြင်နာမှုတွေကနေ ကျွန်မမှ ရုန်းမထွက်နိုင်ဘဲ။
"ကျွန်မရှင့်ကိုချစ်တယ်"
ရုတ်တရက်ပြောလိုက်တဲ့ ကျွန်မစကားကြောင့် မောင်အံအားသင့်သွားတယ်။
"ဘာပြောလိုက်တယ် ကဗျာ"
"ကျွန်မရှင့
Unlock to read this premium article with 10 points.