Author's Profile Photo

ဧဝရ

23/05/2024

သီချင်းထုတ်လို့ရတဲ့ AI!!

1 min read
Software Development
General Knowledge
Entrepreneurship
သီချင်းထုတ်လို့ရတဲ့ AI!!'s photo



မင်္ဂလာပါဗျ။ ဒီတစ်ခေါက်တော့ ကျွန်တော်က အရမ်းတိုးတက်နေတဲ့ AI နည်းပညာနဲ့အတူ AI နဲ့ ဂီတတွေ၊ သီချင်းတွေကို Free ဖန်တီးလို့ရတဲ့ AI တစ်ခုအကြောင်းကို မျှဝေပေးသွားပါမယ်။


ဒီ AI က အပြည့်အဝ AI Technology ကို အသုံးချထားတာဖြစ်ပြီး လူတွေကိုယ်တိုင်ဖန်တီးထားတာလို့တောင် အထင်မှားရလောက်တဲ့အထိ အတော်လေး ကောင်းတဲ့ AI တစ်ခုပါ။ သူ့မှာဆိုရင် ဂီတ အမျိုးအစား (Music Genre) မျိုးစုံကို ကြိုက်သလို Prompt ပေးပြီး ဖန်တီးလို့ရမှာဖြစ်ပါတယ်။ စာသားတွေအတွက်ကတော့ Prompt ပေးပြီး Auto Generate လုပ်ခိုင်းလို့ရသလို ကိုယ့်ဘာသာ စာသားရိုက်ထည့်လို့လည်းရပါတယ်။ ကျွန်တော်အကြိုက်ဆုံးအချက်က အဲ့ဒီ့စာသားကိုပဲ သီချင်းမျိုးစုံ၊ ဂီတ ပုံစံမျိုးစုံနဲ့ ထုတ်လို့ရတာပါ။ ကျွန်တော့်အတွက်တော့ သုံးရတာ အဆင်ပြေပြီး သီချင်းတွေကလည်း ထုတ်သမျှကို အံ့ဩရလောက်တဲ့အထိကို ပြည့်စုံ ကောင်းမွန်နေတာကို တွေ့ရပါတယ်။



ဒီ AI ကတော့ Free အနေနဲ့လည်း သုံးလို့ရသလို Paid Version နဲ့လည်း သုံးလို့ရပါတယ်။ Free အနေနဲ့ဆိုရင်တော့ တစ်နေ့ကို Credit အခု (50) ပေးပါတယ်။ သီချင်းတစ်ပုဒ်ကို Credit (5) ခုကျပြီး တစ်ခါ ထုတ်ရင် နှစ်ပုဒ်ထုတ်ပေးတာကြောင့် တစ်နေ့ကို (5) ခါနဲ့ သီချင်း (10) ပုဒ်ထုတ်လို့ရမှာဖြစ်ပါတယ်။



ဒီ AI ကို ကြိုက်တဲ့ နောက်တစ်ချက်ကတော့ ကိုယ်ဖန်တီးထားတဲ့ သီချင်းတွေကို Website ထဲမှာ Public နဲ့ ပြန်တင်လို့လည်းရသေးတာပါ။ အဲ့တာကြောင့် အခြားလူတွေ ဖန်တီးထားတဲ့ လက်ရာတွေကိုလည်း လေ့လာလို့ရမယ့်အပြင် ကိုယ့်လက်ရာတွေကိုလည်း ချပြလို့ရပါတယ်။



ဒီ AI ကတော့ ကျွန်တော်အကြိုက်ဆုံး AI တွေထဲက တစ်ခုပါ။ သူနဲ့ထုတ်တဲ့ သီချင်းတွေက Professional အဆိုတော်တွေ ဆိုသလိုကို တိကျပြည့်စုံပြီး အံ့ဩစရာကောင်းလောက်အောင် မိမိုက်နေတာပါ။ ကိုယ်ကြိုက်တဲ့ သီချင်းကို ကိုယ်ကြိုက်သလို စိတ်ကြိုက် ဖန်တီးလို့ရတာဖြစ်ပြီး ကိုယ့်ဘက်က ထည့်ပေးရမယ့် Prompt လေးတစ်ခုသာ လိုတာ ဖြစ်ပါတယ်။



ကဲ အခုဆိုရင် AI အကြောင်းကို ပြောပြပေးပြီးသွားပြီဆိုတော့ နောက်ဆုံးအနေနဲ့ AI ရဲ့ နာမည်ကိုပြောပြဖို့ အချိန်ရောက်လာပါပြီ။ ဒီ AI လေးကိုတော့ Suno (suno.com) လို့ခေါ်ပါတယ်ဗျ။ ဘယ်လောက်တောင် မိုက်နေ ကောင်းနေလည်းဆိုတာကတော့ စမ်းသုံးပြီးသာ ကြည့်လိုက်ပါတော့ဗျ။ Website ထဲဝင်ပြီး Account ဝင်ပြီးပြီဆိုတာနဲ့ နေ့စဥ် သီချင်း (10) ပုဒ် ဖန်တီးလို့ရမှာဖြစ်ပါတယ်ဗျ။



ဒီနေ့မှာတော့ ကျွန်တော်က သီချင်းတွေ Free ဖန်တီးလို့ရတဲ့ AI အကြောင်းကို မျှဝေပေးသွားတာဖြစ်ပါတယ်ဗျ။ ကျွန်တော်က ဒီလိုမျိုး AI Technology နဲ့ ပတ်သတ်တဲ့ ဆောင်းပါးတွေ ကိုရေးနေတာမို့ ကျွန်တော့်ကို Follow လုပ်ထားပြီး လေ့လာလို့ရပါတယ်ဗျ။



ကျေးဇူးတင်ပါတယ်။



-ဧဝရ (23 May 2024)

Keep Reading

VPN အကြောင်း သိကောင်းစရာဘာကြောင့် နည်းပညာနယ်ပယ်မှာ အမျိုးသမီး Software Developer ဦးရေက 10 ရာခိုင်နှုန်း ခန့်သာရှိတာလဲ?လုပ်ငန်းခွင်ဝင်ရောက်မယ့် လူငယ်များအတွက် Remote Working ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် အချက်(3)ချက်Programming လေ့လာရာမှာ Study Plan တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။What Is a VPN? VPN ဆိုတာဘာလဲ?အင်္ဂလိပ်စာကို မြန်မာပြန်ခြင်းမှ ရသည့် အသိ။cyber security အကြောင်းသိကောင်းစရာWhat is Function??Telegram ကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်တည်ထောင်ခဲ့လဲ။ ဆက်လေ့လာကြမယ်။