Author's Profile Photo

သစ်တိုင်းမွှေး

23/05/2024

အသက်ရစ်

1 min read
Education
General Knowledge
အသက်ရစ်'s photo

ကမ္ဘာ့မှာ အသက်အရှည်ဆုံးသတ္တဝါ။သူမှာ ရှည်လျားတဲ့ သမိုင်းတွေရှိတယ်။သူအသက်ရစ်မှာ ​သူ့ဖြစ်တည်မှုတစ်လျှောက် ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တွေရဲ့မှတ်တမ်းတွေရှိတယ်။ဒီကို ကျွန်တော်ရဲ့ သူငယ်ချင်းလေးတို့ သိကြမယ်ထင်ပါရဲ့။ဒီသတ္တဝါလေးက အပင်လေးတွေပါပဲဗျ။

အပင်တွေမှာ လူတွေလို့ အသက်အလိုက်ကြီးထွားမှုတွေရှိတာ သူငယ်ချင်းလေးတို့သိကြမှာပါ။ဒါတွေအပြင် လူသားတွေရဲ့ အမှတ်တရ ၊အတိတ်တွေကို ဉီးနှောက်မှာ အပင်တွေကလဲ သူတို့ရဲ့ မှတ်တမ်းတွေကို သူတို့ရဲ့ပင်စည်မှာ မှတ်တမ်းတင်ထားခဲ့ပါတယ်။ဘာနဲ့မှတ်တမ်းတင်ထားခဲ့သလိုဆိုရင် အသက်ရစ်တွေနဲ့ပါတဲ့။

ဉပမာဆိုရင်ဖြင့် ဒီညောင်ပင်လေးဟာ ရန်ကုန်မြို့တည်မဲ့တောမှာ ၁၇၄၀ကပေါက်ခဲ့တယ်။ညောင်ပင်အသက်၁၃နှစ် ရန်ကုန်ကို စပြီးတည်ထောင်ကြတယ် စသည့်ဖြင့် မှတ်တမ်းများစွာပေါ့။


အသက်ရစ်ဆိုတာ အပင်တိုင်းမှာရှိပါတယ်လို့ ရန်ကုန်တက္ကသိုလ်ရှိ ရုက္ခဗေဒပါမောက္ခတစ်ဉီးက ရေးသားအဆိုအပြုထားပါတယ်။သူက သစ်ပင်တွေက တစ်နှစ်ကို အသက်ရစ်တစ်ရစ်တက်ကြတယ်လို့လဲ​ပြောထားပါတယ်။အသက်ရစ်တွေကိုရေပြီး သစ်ပင်ရဲ့အသက်ကိုလဲသိနိုင်ပါတယ်တဲ့။သစ်ပင်တစ်ပါဟာဆို ဘေးပယောဂသာမပါဘူးဆို နှစ်၃၀၀ ကျော်အနည်းဆုံး အများဆုံးဆို နှစ်ပေါင်း၂၀၀၀ ကျော်၃၀၀၀၀နီးပါးအသက်ရှည်နိုင်ပါတယ်။ဘယ်ကများ သစ်ပင်ရဲ့ သက်တမ်းကိုသွားကြည့်သလဲဆို သစ်ပင် ပင်စည်မျက်နှာပြင်က အသက်ရစ်တွေကနေပါပဲတဲ့။

ဒါလေးကိုအကြောင်းပြုပြီးပြောရရင် ကမ္ဘာ့မှာ အသက်အရှည်ဆုံးသတ္တဝါက အခုကမ္ဘာပေါ်မှာ သိပ်ကို သိပ်ကိုရှားပါးနေပါတယ်ဗျာ။ဒီလိုရှားပါးကြောင်းကို တောင်ကတုံးတွေက သက်သေပြထားပါရဲ့။ကျွန်တော်တို့ဟာ တစစနဲ့ သစ်ပင်တွေရဲ့အသက်တွေ အသက်ရစ်တွေ မှတ်တမ်းတွေကို ဆုံးရှုံးရလာပါပြီ။ဒါတင်ပဲလား မဟုတ်ပါဘူး။ကျွန်တော်တို့ နေထိုင်ရာမြေပေါ်က ဖြစ်အင် မှတ်တမ်းတွေရော တစစပျောက်ဆုံးသွားခဲ့ပါပြီ။ဒါကြောင့် ကျွန်တော်တို့မြေပေါ်က ဖြစ်အင်မှတ်တမ်းတွေကို အသက်ရစ်လေးတွေဆီ မှတ်တမ်းတင်လို့ရအောင် ကျွန်တော်တို့အနေနဲ့ တောင်ကတုံးတွေကို သစ်ပင်အပြည့် စိုက်ကြရအောင်ဗျ။


ချစ်သော
သစ်တိုင်းမွှေး

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့တွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?