SarPhat Author

အချစ်ဆိုတာဘာလဲ?
ဗုဒ္ဓဘာသာအမြင်နဲ့သုံးသတ်ရရင်
ချစ်ခြင်းမေတ္တာဆိုတာ အရှိတရား ၊ နိူးကြားနေတဲ့စိတ်။ ဖွဲ့ဆိုဖို့ နယ်ပယ် ကျယ်ဝန်းတာကြောင့် နိုးကြားရှင်သန်နေတဲ့ ဒီအချစ်စိတ်ကို ဖယ်ရှား သုတ်သင်ပစ်ဖို့ဆိုတာကား ဖြစ်နိုင်ပါ့မလား။ မေ့ပစ်လိုက်ဖို့ဆိုတာကားဖြစ်နိုင်ပါ့မလား။
အချစ်ဆိုတာ သတ္တဝါတိုင်းကြုံဆုံကြရတဲ့ လောကဓမ္မအတွေ့အကြုံတစ်ခုပါပဲ။ ကျွန်ုပ်တို့တွေဟာ အခြားတစ်ဦးဦးနှင့် ဆက်နွယ်ပတ်သင့်ရတဲ့အခါ အချစ် အပေါ်မှာသာယာလိုတဲ့စိတ်၊ ဆန္ဒပြည်ဝလိုတဲ့စိတ်တွေ ဖြစ်လာကြရပါတယ်။ အချစ်စစ်အချစ်မှန် (မေတ္တာချစ်)မှာတော့ အဲဒါတွေနဲ့ မသင်ဆိုင်သလို လိုလည်းမလိုအပ်ပါဘူး။
အိုရှိုးပြောခဲ့တာရှိတယ်
'' အချစ်မှာ ဘာတောင်ဆိုချက်မှ မလိုပါဘူး....အချစ်ဆိုတာ မျှဝေခံစားဖို့အတွက်ပါပဲ'' တဲ့။
◾ ဗုဒ္ဓဘာသာဝင်တိုရဲ့ အယူအဆအရ ဒုက္ခ နှင့် အချစ်စစ်တိုရဲ့နှီးနွှယ်ဆက်စပ်ပုံ
ချစ်ခြင်းမေတ္တာတရားကို အခြားတစ်နည်းနဲ့ အနက်ဖွင့်ကြည့်ရရင် '' ဘဝဟူသည် ဒုက္ခ'' ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ ပရမတ်သစ္စာ စကားရပ် ဘောင်းအတွင်းကနေ ဆက်စပ်ပြီး ရှုမြင်ရမှာပဲဖြစ်ပါတယ်။ ဒုက္ခသစ္စာမှာ ဆင်းရဲ့ခြင်းအကြောင်းတရားရယ်၊ မမြဲခြင်းအကြောင်းတရားရယ်၊ သင်္ခါရက္ခန္ဓာ(ပြုပြင်စီရင်တတ်သောတရား) ဆိုပြီး ခွဲခြားပြထားတယ်။
၁။ ?ဒုက္ခဖြစ်ကြောင်းတရား။
ဖန်တီးထားတဲ့ပုံစံ၊ ဒါမှမဟုတ် စိတ်ရဲ့စေ့ဆော်မှု ကြောင်ဖြစ်လာတဲ့ စိတ်စေတနာ ဟာ လောကဓါတ်တစ်ခွင်မှာ ပြည့်နက်လို့နေပါတယ်။ အဲဒီ စိတ်စေတနာဟာ ရှိရင်းစွဲ ကိလေသာစိတ်ကို ချက်ချင်းလက်ငင်း အကျိုးပေးပါတယ်။ ရလာတဲ့ ကိလေသာအညစ်အကြေးတွေ မကုန်ခန်းသမျှ (နိဗ္ဗာန် မရောက်သမျှ ကာလပတ်လုံး) ပြည့်တယ်လို့ကိုမရှိပါဘူး။ ကိလေသာဆိုတာ ဖောက်ပြန်တတ်တတ်သလို ဒုက္ခကိုဖြစ်စေတဲ့ အကြောင်းတစ်စိတ် တစ်ဒေသ လည်းဖြစ်ပါတယ်။
၂။? အနိစ္စ...ဖောက်ပြန်ပျက်စီးခြင်းတရား
ဒီလောကကြီးမှာ ဘယ်အရာမှ မြဲတယ်လို့မရှိပါဘူး။ အရာအားလုံးဟာ အမြဲပြောင်လဲနေပါတယ် ။ အဲဒီမမြဲတဲ့လောကထဲ့ရောက်လာပြီဆိုကတည်းကပင် ကျွန်ုပ်တို့တွေဟာလည်း ပြောင်းလဲနေတာပါပဲ။ နောက်ဆုံး ဒီလောကကြီးက ထွက်ခွာသွားခဲ့ရင်တောင် ဆက်လက်ပြီး ပြောင်လဲနေအုံမှာပါ။ မပြောင်လဲတာတစ်ခုတော့ရှိပါတယ်။ အဲဒါဘာလည်းဆိုရင် အနိစ္စဆိုတဲ့ ဖန်တလဲလဲ ပြောင်းလဲနေတဲ့ မမြဲခြင်းတရား၊ ပရမတ္ထဆိုင်ရာ ဘဝဖြစ်စဥ်ကြီးတစ်ခုလည်းပဲဖြစ်ပါတယ်။
၃။? သင်္ခါရတရား
ကျွန်ုပ်တို့တွေဟာ ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ အရာခပ်သိမ်းတို့ရဲ့ ချယ်လှယ်ခြင်းကိုခံနေကြရတာပါ။
(ဖြစ်ပျက်- ပရမတ္ထတရား)ဆိုတာ ဖျက်စီးလို့ရနိုင်တဲ့အရာမျိုးမဟုတ်ပါ။ ပုံစံအသစ် ( ဘဝအသစ်) တစ်ခုထဲ့သို့ လွဲပြောင်း၊ ကူးပြောင်လို့ ရနိုင်ရုံမျှပဲ လုပ်နိုင်ပါတယ်။ ဒါကြောင့် လောကမှာ “ဖြစ်လာတဲ့ ” အရာအားလုံးဟူသမျှဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် သက်ရောက်ဆက်နွယ်နေကြပါတယ်။
ဆိုခဲ့ပြီးပြီ ဖြစ်တဲ့ ဆင်းရဲ့ခြင်းအကြောင်းတရားရယ်၊ မမြဲခြင်းအကြောင်းတရားရယ်၊ သင်္ခါရက္ခန္ဓာ(ပြုပြင်စီရင်တတ်သောတရား) ဆိုတဲ့ ဒုက္ခသုံးရပ် ဘောင်းအတွင်းထဲ့မှာပဲ တဏှာနွယ်တဲ့ အချစ်မျိုးကို ကျွန်ုပ်တို့တွေဟာ တွေ့ကြုံခံစားနေကြရတာပါ။ ပူပင်ကြောင်းကြရနေရတဲ့အချိန်တွေမှာဆို အရမ်း ဒုက္ခရောက်ကြရတယ်။တစ်ခါတစ်ရံမှာမှာ နာကျင်မှုက မခံမရနိုင်လောက်အောင်ဖြစ်ရတယ်… ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ တစ်ယောက်တည်း ရှိနေရသလိုမျိုးပဲပေါ့။ ဒါပေမည့် ဆင်းရဲဒုက္ခဆိုတာ တကယ့်တကယ်မှာတော့ အမှတ်မှားနေတဲ့ ထင်ယောင်ထင်မှားတစ်ခုပါပဲ။
ကြုံရလာရမည့် ဒုက္ခကို ကြောက်လေလေ နဂိုရှိရင်းစွဲ ဒုက္ခက ပိုပြီး ဒုက္ခဖြစ်လေလေပါပဲ။ အချစ်ဆိုတာ ပူလောင်စေပါတယ်။ မပူလောင်ချင်ရင် မချစ်ပဲနေမှရပါမယ်။ ဒါပေမည့် မချစ်ပဲနှင့်လည်းမနေနိုင်ကြပြန်ပါဘူး။
ဒါကြောင့် ချစ်ရင်လည်း ဒုက္ခရောက်ကြရတယ်။ မချစ်ပဲနေပြန်ရင်လည်း ဒုက္ခရောက်ကြရတယ်။ သာယာချင်လို့ချစ်ကြတယ်။ သာလည်းသာယာတယ်။ ပြီးရင် ခံစားကြရ ၊ဒုက္ခဖြစ်ကြရပေမည့်လည်း အဲဒီဒုက္ခကို ဘယ်သူတစ်ဦးတစ်ယောက်မှလည် ပျော်အောင် မဖန်ဆင်းပေးနိုင်ပါဘူး။ ဒါကြောင့် သာယာချင်တဲ့စိတ်ကိုခံစားချင်ရင် အချစ်နဲ့ ဒုက္ခကို ခံစားရင်း ပျော်ပျော်ကြီး ကြည်နူးခံစားလိုက်ကြပေါ့။
သင့်ကိုယ်၌က ပြင်ပက အရာတွေနဲ့ ပတ်သက်ရင် ဒါဟာ ဒုက္ခကို ဖိတ်ခေါ်တာနဲ့အတူတူပါပဲ။ ဒုက္ခဆိုတာ ကိုယ်တိုင်ကြုံဖူး၊ဆုံးရှုံးဖူးမှနားလည်တာပါ။
◾ ဆင်းရဲဒုက္ခတို့ကို လွန်မြောက်စေတဲ့ အချစ်စစ်
တကယ့်အချစ်စစ်စစ် (မေတ္တာနွယ်တဲ့အချစ်)ဆိုတာ အလုံးစုံ ပြီးပြည့်စုံပြီး အနှစ်သာရအားဖြင့်လည်း ဆင်းရဲဒုက္ခကို လွန်မြောက်သွားကြတယ်။
အချစ်နဲ့ဝေးရာ ရှောင်ပုန်းခြင်းသည်လည်းဒုက္ခတစ်မျိုးပါပဲ။ မရှိသည်သည်ကို အရှိဟု( သက္ကာယဒိဋ္ဌိအစွဲ) ထင်ယောင်ထာင်မှား ငြိမ့်တွယ်နေနေရတာဟာလည်း ဒုက္ခတစ်မျိုပါပဲ။ တစ်ခုခု ဆုံးရှုံးတာဟာ ကိုယ်ကဆုံးရှုံးလိုက်ရတယ်လို့မထင်လိုက်ပါနဲ့ ဘယ်အရာမှ ဒီလောကမှာ ကိုယ်ပိုင်တာမရှိပါဘူး။ အရာအားလုံးဟာ သခ်ါရသဘောတွေချဲပါပဲ။ တကယ်မရှိတာကို အရှိထင်ပြီး သံယောဇာဥ်တွေလေလေ ပိုပြီးခံစားရလေလေပါပဲ။
အချစ်စစ်(မေတ္တာစစ်) မှာ ဆုံးရှုံးရိုးထုံးစံဆိုတာမရှိပါဘူး ဒါကြောင့်လည်း အချစ်စစ်ရဲ့သဘော သဘာဝမှာ ဘာ နာကျင်စရာမှလည်းမရှိသလို ပူဆွေးနေစရာ ဘာအကြောင်းမှလည်းမရှိနိုင်ပါ။
အချစ်စစ်စစ် ရင်မှာ မွေးဖွားပြီဆိုတာ နဲ့ နတ်ပြည်၊နတ်ဘုံဘဝမှာ ထဝရ စံစားနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာဆိုတဲ့စကားရပ်ဟာ ဖောင်ဖွဲပြီး အလှဆင်ထုံးဖွဲ့နေတာထက် ကျော်လွန်သလို ဆွေးနွေး အဖြေရှာလို့ရနိုင်တာထက်လည်း ကျော်လွန်နေပါတယ်။ ချစ်ခြင်းမေတ္တာတရားဆိုတာ အရွယ်ရောက်စ လိပ်ပြာငယ်တစ်ကောင်ရဲ့ ပထမဦးဆုံး တောင်ပန်ဖြန့် ပြန်သန်းတော့မည့် အလားအလာ တွေနဲ့ ပြည့်နက်နေပြီး တရွရွ နဲ့ သက်ဝင်လှုပ်ရှားနေတတ်သလိုမျိုးပဲပေါ့။
တကယ်တော့ အချစ်ဆိုတာ လူတစ်ယောက်စီဆီမှာ အဓိပ္ပါယ်တစ်မျိုးစီနဲ့ရှိနေကြတဲ့ စကားလုံး နှစ်လုံးမျှသာဖြစ်ပါတယ်။
ဒါကြောင့် အချစ်ကို
Rumi က ခုလိုအဓိပ္ပါယ်ဖွင်ဆိုထားခဲ့ပါတယ်။
''အို.... ချစ်သူတို့ရယ်
ဘယ်ဆီဘယ်ကမ်းမှာ
ဘယ်သူ့ကိုများ ရှာပုံတော်ဖွင့် နေကြပါလိမ့်
တကယ်တော့ မင်းရှာနေတဲ့ အချစ်က အနီးမှာပါ'' တဲ့
ရမက်အချစ်- ဆိုတာ သောက်လေသောက်လေ ငတ်မပြေ တရှိုက်မက်မက် ရမ္မက်စုံအောင်ဖွေရှာရင်းနဲ့ ဆုံးတယ်လို့ကို မရှိကြပါဘူး။ ဒါဟာ လူးသားတိုင်းရဲ သဏ္ဍာန်မှာ ရှိနှင်းပြီးသားလည်းဖြစ်ပါတယ်။ ဒီနေ့ဟာ မနက်ဖန် မဖြစ်နိုင်သလို မနက်ဖန်သည်လည်း ဒီနေ့ဘယ်လိုမှမဖြစ်နိုင်တာပဲမဟုတ်ပါလော။ စိတ်ချမ်းသာအောင်နေတတ်ဖို့သည်သာ အဓိကပါပဲလေ။ ဝိရောဓိများနဲ့နေသားကျအောင် ပျော်တတ်ဖိုလိုပါတယ်။ အရေးကြီးဆုံးကတော့ မေတ္တာထားတတ်ဖိုနဲ့ ဘဝမှာ နေပျော်ဖို့ပါပဲ။
David Starlyte ရဲ့ The Meaning of True Love (from a Buddhist’s Perspective) ကို ဆီလျှော်အောင်ဘာသာပြန်သည်။
ဘာသာပြန် -Kyi San Khin
မူရင်းကို ဖတ်ချင်ရင် https://elejrnl.com?p=448545 ထဲ့မှာ ဝင်ဖတ်လိုရနိုင်ပါတယ်။
ဓာတ်ပုံ Google မှ
Keep Reading