Author's Profile Photo

Moe Moe Soe Min

20/05/2024

သေခြင်းတရား

1 min read
General Knowledge
သေခြင်းတရား's photo


ကျွန်မတို့ သတ္တဝါတွေဟာ သေမျိုးတွေဖြစ်ကြတယ်ဆိုတာ လူတိုင်းသိထားကြပါတယ်။သတ္တဝါဆိုတာနဲ့ လူသားတွေလည်းအပါအဝင်ပေါ့။ သာမာန်ပုထုစဥ်လူသားအားလုံးက သေခြင်းတရားကို အနည်းနဲ့အများတော့ ကြောက်ရွံကြတာပါပဲ။သေခြင်းတရားကိုေကြာက်တဲ့ထဲ ကျွန်မလည်းပါပါတယ်။ရဟန်း သံဃာ သီလရှင် သာသနာ့အရိပ်အာဝါသအောက်ခိုလှုံကြသူအချို့တောင် သေခြင်းတရားကိုကြောက်ကြပါတယ်။အားလုံးလို့ကျွန်မ မဆိုလိုပါဘူး။နေ့စဥ်တေွ့ကြုံဖြတ်သန်းနေတဲ့အလျောက် ကျွန်မပုံမှန်ကြားနေကြစကားတစ်ခွန်းရှိတယ်။"သေသွားရင်အေးတာပဲ" အဲ့စကားပါ။ လူတေွကအဲ့လိုသာပြောပေမယ့် တစ်ကယ့်တစ်ကယ် ေသခြင်းတရားနဲ့ နှာဖူးတေွ့ဒူးတွေ့ကြုံလာပြီဆို ကြောက်ကြတာပါပဲ။သေရင်အေးတာပဲဆိုတဲ့စကားကို ပြန်ဆက်ပါရစေ။ တစ်ကယ်တော့သေရင်မအေးပါဘူး။လက်ရှိဘဝမှာ သံသရာအတွက်ဘာမှကျင့်ကြံမအားထုတ်ထားရင် သံသရာဟာေကြာက်စရာပါ။ေမှာင်မိုက်တဲ့လမ်းခရီးအရှည်ကြီး၊ဘယ်တော့မှပြီးဆုံးမလည်းမသိတဲ့ခရီးအရှည်ကြီးမှာ မိမိတစ်ယောက်ထဲကုသိုလ်မပါပဲ လျှောက်လှမ်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။အခြားဘာသာတေွတော့ ကျွန်မလည်းသေချာမသိဘူးပေါ့ေနာ်။ကျွန်မတို့ဗုဒ္ဓဘာသာအယူအရတော့ ဒီလိုမျိုးေပြာလို့ရပါတယ်။ကျွန်မတို့ဟာ သေမျိုးတေွဖြစ်တဲ့အတွက် သေခြင်းတရားအကြောင်းအရာတွေကို သိနားလည်ထားရပါမယ်။"မရဏံမေဘဝဿတိ" မရဏံ သေခြင်းသည် မေ ငါ့အား ဘဝဿတိ ဖြစ်အံ့ဆိုတဲ့အတိုင်း ကျွန်မတို့သေခြင်းတရားကို နားလည်ထားရပါမယ်။ကျွန်မတို့ ဗုဒ္ဓဘာသာအယူဝါဒအရ လက်ရှိကျန်ရှိနေတဲ့ဘဝမှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ပြီး သံသရာကောင်းဖို့အတွက်ကျင့်ကြံအားထုတ်ကြရပါတယ်။ ဆိုးရိုးစကားတစ်ခွန်းတောင်ရှိပါသေးတယ်။ "ထီးနှင့်ဖိနပ်မပါရင် နွေအခါမှသိ၊ဒါနနှင့်သီလမပါရင် သေခါမှသိ"တဲ့။ကျွန်မပေးချင်တဲ့ messageလေးတစ်ခုက လက်ရှိကျန်ရှိနေတဲ့ဘဝမှာ သံသရာအတွက်ကောင်းမွန်အောင် ကုသိုလ်ဘာဝနာတွေပွားများကျင့်ကြံအားထုတ်ကြပါဆိုတာလေးပါပဲ။အများကြီးမတိုက်တွန်းပါဘူး ေန့စဥ်ကုသိုလ်လေးတွေပွားနိုင်သလောက်နိုင်သလောက်လေးပွားကြပါ။အခုဒီဆောင်းပါးကို ဖတ်နေတဲ့စာဖတ်သူလေးက ဘာသာခြားတစ်ယောက်ဆိုရင်လည်း မိမိတို့ဘာသာ မိမိတို့ယုံကြည်မှုအရ ကောင်းမှုကုသိုလ်များပွားပြီး မေတ္တာတရားများနဲ့ ကောင်းမွန်စွာနေထိုင်ပါ။

ကျွန်မ ဒီဆောင်းပါးလေးကိုဒီတိုင်းဆိုမရေးဖြစ်လောက်ဘူး။မနက်ကနာရေးသတင်းတစ်ခု မထင်မှတ်ထားပဲကြားလိုက်ရတဲ့အတွက် ကျွန်မတတ်သလောက် မှတ်သလောက်လေးရေးသားဖြစ်တာပါ။ဒီဆောင်းပါးကိုရေးနေတဲ့ကျွန်မကိုယ်တိုင်လည်း ဒါနနဲ့သီလကို မကျင့်ကြံရသေးပဲ သံသရာမှာနစ်မျောနေတဲ့ပုထုစဉ်တစ်ပါး ဖြစ်နေဆဲပါ။

ချစ်လှစွာသော
မိုချီနွေး?

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း