Author's Profile Photo

မြ (စံကားဝါမြေ)

19/05/2024

(2) ကမ္ဘာပျက်ခြင်း အကြောင်း(၃)ပါး

1 min read
General Knowledge
History
(2) ကမ္ဘာပျက်ခြင်း အကြောင်း(၃)ပါး's photo

မြသူငယ်ချင်းတစ်ဦးမှ SarPhatမှာ တင်ပေးဖို့အတွက် မြဆီကို ပို့လာပေးသော ဆောင်းပါးလေး(၃)ပုဒ်ကို ရေးသားသွားပါမယ်ရှင်။

➽ ဒုတိယအပုဒ်လေးကတော့....

? ကမ္ဘာပျက်တဲ့ အကြောင်းပါလာပြီ။ တစ်ချိန်က ကမ္ဘာဟာ ဘယ်လိုပျက်စီးခဲ့ရသလဲဆိုတော့ အကြောင်း(၃)မျိုး ရှိပါတယ်တဲ့။

? အဲ့အကြောင်း(၃)မျိုးက.....

(၁) ရေကြောင့်ပျက်ဆီးတာ၊

(၂) လေကြောင့်ပျက်ဆီးတာနဲ့

(၃) မီးကြောင့်ပျက်ဆီးတာတွေပါရှင်။

? ပထမဆုံး ရေ ကြောင့်ပျက်ဆီးတယ်။ ဘယ်လိုလဲဆိုတော့ မိုးတွေအသားကုန်ရွာတယ်။ လုံးဝ မတိတ်ဘူး။ ၁ ရက် ၂ရက် / ၁ လ ၂ လ မကဘူးရွာတယ်။ ရွာတာမှ တစ်ရက်မှ မပျက်ကွက်ဘဲနဲ့ကို သည်းသည်းမဲမဲ ရွာတာ။ အဲ့ဒီလိုတွေ ရွာတော့ တစ်ချို့ နေရာတွေဟာ ပင်လယ်ရေ၊ သမုဒ္ဒရာရေတက်တာနဲ့ပဲ ရေအောက်ကိုရောက်ကုန်ကြတယ်။

? အဲ့နောက်တော့ လေကြောင့်ပျက်ဆီးတယ်။ ဆိုင်ကလုန်း မုန်တိုင်းထက် (၁၀)ဆ ပိုမိုပြင်းထန်တဲ့ လေတွေတိုက်တယ်။ တစ်ကမ္ဘာလုံးမုန်တိုင်းဒဏ်ခံရတယ်။ မုန်တိုင်းကြီးက ဘယ်လောက်ထိ ပြင်းသလဲဆိုရင် သက်ရှိဆိုတာမရှိတော့ဘူး။ ကမ္ဘာပေါ်မှာ၊ အကုန်လုံး လေထဲပါသွားတာ။ ဘာမှ မကျန်တော့ဘူး။

? နောက်တော့ မီးကြောင့်ပျက်ဆီးကြတယ်။ ကမ္ဘာမှာ ပုံမှန်အားဖြင့် နေတစ်လုံးပဲထွက်တယ်။ ဒါပေမယ့် အဲ့အချိန်မှာ နေ‌ နောက်တစ်လုံးထွက်လာတယ်။ နေတစ်လုံးနဲ့တောင်မှ မနေနိုင်၊ မထိုင်နိုင်လောက်အောင်ထိကို မတအားပူတာ (၂)လုံးဆိုတော့ စဥ်းစားသာကြည့်ပေတော့‌ပေါ့ရှင်။ ပြီးတော့ မိုးတွေမရွာတော့ဘူး။ မိုးတွေ အကြာကြီး ခေါင်သွားတယ်။ သစ်ပင်တွေက ရေမရှိတော့ ခြောက်ကပ်ပြီး စားနပ်ရိက္ခာတွေ ပြတ်လပ်ကုန်တယ်။ ‌နေက (၂)လုံးနဲ့တင် ရပ်မသွားဘူး ထွက်လာတာ။ နောက် (၃)လုံး၊ (၄)လုံး၊ (၅)လုံး၊ (၆)လုံးကနေ (၇)လုံးအထိ ထွက်လာတယ်။ အဲ့အချိန်မှာ မရတော့ဘူး။ မတရား ပူတော့ ရေတွေဟာ အကုန် ခမ်းခြောက်ကုန်တယ်။ ကမ္ဘာကြီးမှာ သောက်စရာ ရေမရှိအောင်ကို ရေတွေအကုန်လုံး ခမ်းခြောက်သွားတာ‌ပေါ့ရှင်။ ဒါ့အပြင် ရေတွေခမ်းရုံတင်မကဘူး သူက နေ(၇)လုံးဆိုတော့ တစ်ကမ္ဘာလုံးကို ဘေးကနေ ပတ်ပတ်လည် အပူပေးပြီး မီးလောင်တိုက်သွင်းနေသလိုပဲ။ အဲ့အချိန်မှာ ကမ္ဘာက မီး လောင်ပြာကျပြီး ပြာမှုန့်လေး တစ်မှုန့်မှ တောင် မကျန်တဲ့အထိ ပျောက်ကွယ်သွားခဲ့တယ် တဲ့။ ဒါကတော့ "ကမ္ဘာပျက်တဲ့ အကြောင်း"လေးပေါ့နော်။

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
19.5.2024(Sunday)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒီကဗျာလေး ဖတ်ကြည့်ပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း