Author's Profile Photo

အယ်မွန်းသော်တာ (မြို့သာ)

18/05/2024

“လောကဓံ၏စမ်းသပ်ခြင်း"

1 min read
General Knowledge
“လောကဓံ၏စမ်းသပ်ခြင်း"'s photo

လောကဓံက
ကျွန်တော်တို့ စိတ်ပျက်အားလျော့ပြီး
အဆိုးဆုံးကို ရောက်ရှိနေချိန်မှာ
တင်းကြပ်တတ်ကြပါတယ်။
ဒါဟာ ကျွန်တော်တို့ကို လောကဓံတရားက
စမ်းသပ်နေခြင်းပါ။

လောကဓံတရားရဲ့ ရိုက်ပုတ်ခြင်းကို
အလူးအလဲခံစားရပြီး ပျော်ရွင်နေတဲ့
အချိန်နေမှာ ကျွန်တော်တို့လည်း
အောင်မြင်မှုချမ်းသာရရှိနိုင်ပါလိမ့်မယ်
မိတ်ဆွေ။

လောကဓံဆိုတဲ့ နိယာမတရားက
ကျွန်တော့်တို့ကို သူစမ်းသပ်တာခံနိုင်လား၊
မခံနိုင်ဘူးလားဆိုတာ
အခြေအနေအရပ်အရပ်အမျိုးမျိုးနဲ့
စမ်းသပ်နေတာပါ။

ကျွန်တော်တို့ အရှုံးမပေးပဲ
ဆက်လှမ်းလျှောက်လှမ်းနေတဲ့အချိန်မှာ
“အောင်မြင်မှုသုခချမ်းသာ”ကိုရရှိနိုင်ပြီး
ကျွန်တော်တို့ အရှုံး‌ပေးပြီး ဆက်မတိုက်ရင်
လောကဓံရဲ့ရိုက်ပုတ်မှုကြောင့်
ဒေါသ၊မောဟ၊ဒုက္ခတွေသာမက
ခန္ဓာကိုယ်၏နာကျင်ခြင်း၊နှလုံးသား၏
ဆင်းရဲခြင်းအစရှိသော ခံစားမှုတို့
ရရှိလာနိုင်ပါတယ်။

❝ ငါ့ဘဝမှာငါ့သာမှီခိုရာ ❞ ဆိုတဲ့စိတ်နဲ့
ကျွန်တော်တို့အရဲရင့်ဆုံး ရှေ့ဆက်သွားကြဖို့လိုပါတယ်...

(20.4.24______5:51PM)

#အယ်မွန်းသော်တာ_မြို့သာ

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး "ဂ" နှင့်သက်ဆိုင်သော သတ်ပုံများစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levels