Author's Profile Photo

SarPhat Author

18/05/2024

ရာသီလာခြင်း နှင့် ရှက်ရွံ့ခြင်း

1 min read
Health
General Knowledge
18 Again
ရာသီလာခြင်း နှင့် ရှက်ရွံ့ခြင်း's photo

အမျိုးသမီးတွေရဲ့ဘဝမှာ အရွယ်ရောက်ပြီးသူတိုင်း လစဉ်လတိုင်းတွေ့ကြုံရတဲ့ကဏ္ဍတစ်ခုရှိပါတယ်။ဒါကတော့ "ဓမ္မတာပန်းပွင့်ခြင်း၊ ရာသီလာခြင်း"ဆိုတဲ့ ကဏ္ဍပဲဖြစ်ပါတယ်။
အမျိုးသမီးအများစုက ရာသီလာတဲ့အခါ ရှက်တတ်ကြပါတယ်။လစဉ်သုံးပစ္စည်းဝယ်တဲ့အခါ အနက်ရောင်အိတ်နဲ့ထည့်ယူတာမျိုး၊ လူသိမခံချင်တာမျိုးကြောင့် ကွယ်ဝှက်ယူတတ်ကြပါတယ်။ဒါကဘာကြောင့်လဲဆိုတော့ ငယ်စဉ်ကတည်းက လူကြီးသူမတွေရဲ့ စကားမှား ၊အတွေးမှားတစ်ချို့ကို နားရည်ဝခဲ့လို့ပဲဖြစ်ပါတယ်။တစ်နည်းအားဖြင့် "ကိုလိုနီပြုကျင့်ခံရခြင်း"ပဲဖြစ်ပါတယ်။

အရွယ်ရောက်ပြီးသူအမျိုးသမီးတိုင်း တွေ့ကြုံရတတ်တဲ့သဘောသဘာဝမို့ ရှက်စရာတစ်ခုလို့မမြင်စေချင်ပါဘူး။

ရှေးလူကြီးတွေပြောသလို "ရာသီသွေးဆင်းတယ်ဆိုတာ သွေးပုပ်၊သွေးညစ်တွေဆင်းခြင်း မဟုတ်ပါဘူး"။အမျိုးသမီးတွေရဲ့ သားအိမ်မှာ သန္ဓေသားအဖြစ်မရောက်ရှိတဲ့ သားဥလေးတွေကြွေခြင်းမျိုးပဲဖြစ်ပါတယ်။တစ်ချို့အမျိုး‌သမီးတွေဆိုရင် တစ်လတစ်ခါမဟုတ်ဘဲ တစ်လနှစ်ခါ ရာသီလာတတ်ကြပါတယ်။ရာသီလာစဉ်နာကျင်ကိုက်ခဲတတ်ကြသူတွေရှိသလို၊ လုံးဝနာကျင်မှုမရှိဘဲ ပေါ့ပေါ့ပါးပါးဖြတ်ကျော်နိုင်ကြသူတွေလည်းရှိပါတယ်။

နာကျင်ကိုက်ခဲမှုကို ‌သက်သာစေဖို့အတွက် ရေနွေးအိတ်ကပ်ပေးတာမျိုး၊ ရေနွေးအဖြူသောက်ပေးတာမျိုးလုပ်‌လို့ရသလို ‌သက်တောင့်သက်သာဖြစ်စေမယ့် ယောဂလေ့ကျင့်ခန်းမျိုးလုပ်ပေးလို့လည်းရပါတယ်။အကိုက်အခဲပျောက်ဆေးသောက်တာမျိုးလည်းရှိပေမယ့် ရေရှည်အတွက်မကောင်းနိုင်ဘူးလို့ အကြံပြုပါရစေ။

ကျွန်မ၏အမြင်နှင့် သိထားသောအ‌ကြောင်းအရာများအား မျှဝေပေးခြင်းဖြစ်ပါသည်။

ကျွန်မ၏ဆောင်းပါးနှင့်ပတ်သက်၍ အမှားတစ်စုံတစ်ရာရှိခဲ့ပါက လွတ်လပ်စွာအကြံပြုထောက်ပြနိုင်ပါသည်။

#T.Kyi

Keep Reading

အထိုင်များသူများအတွက် Posture များစိတ်အပန်းပြေစေမယ့် စာအုပ်ကောင်းလေးများDoorway Effectသင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)