Author's Profile Photo

SarPhat Author

18/05/2024

ကျော်မသွားခင် ပုံလေးကို ကြည့်သွားပါဦး ဘာလေးလဲ?

1 min read
ကျော်မသွားခင် ပုံလေးကို ကြည့်သွားပါဦး   ဘာလေးလဲ?'s photo

မသိ‌သေးဘူး ဆိုရင်တော့ ဒီစာလေးကို ဖတ်ကြည့်ပါနော်
ဟောသည် မှန်ကူကွက်လေးတွေနဲ့ ခြင်းလုံးပုံသဏ္ဍာန်လေး ဟာဆိုရင် ပုပ်စော်နံတဲ့ မှိုတစ်မျိုးပဲ ဖြစ်ပါတယ်။နာမည်ကတော့ ကလပ် သရပ်စ် ရူဘာ(Clathrus Ruber) လို့ ခေါ်ကြပါတယ်။ ခြင်းတောင်းမှို ၊ဂူနီ စတဲ့ နာမည်တွေလည်း ဒေသအလိုက် ကွဲပြားနေပါသေးတယ်။သူဟာအခြားမှိုတွေလိုပဲ အပင်ဆွေးတွေ မြက်ထူတဲ့နေရာတွေနဲ့ ဥယျာဉ်မြေတွေမှာ ပေါက်ရောက်တတ်ပါသတဲ့။
သူ့ကို ဥ‌ရောပအလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ တွေ့နိုင်ပါတယ်။မကာရိုးနီးရှားလို့ခေါ်တဲ့ ဥရောပနဲ့ အာဖရိက အပြင်ဘက်ရှိ စပိန်၊ ပေါ်တူဂီ ကျွန်းငယ်လေးတွေ၊ တာကီ အနောက်ပိုင်း၊အာဖရိက မြောက်ပိုင်းတွေနဲ့ အာရှ ‌အနောင်ပိုင်းတွေမှာလည်း ပေါက်ရောက်ပါတယ်။
သူရဲ့ထူးခြားချက်ကတော့ အသားပုပ်စော် နံနေတာပဲ ဖြစ်ပါတယ်။
သူ့ကို တစ်ပင်တည်းတွေ့ရတတ်သလို အစုလိုက်အနေအထားနဲ့လည်း တွေ့ရတတ်ပါတယ်။နုစဉ်မှာ မြေကြီး‌ကနေကပ်ပေါက်နေတဲ့ ဥကလေးတွေအဖြစ် တွေ့ရမှာဖြစ်ပြီးတော့ တဖြည်းဖြည်း ရင့်လာတဲ့အခါ အ‌ပေါ်ယံအလွှာက ကွဲအပ်ပြီး မှန်ကူကွက်သဏ္ဍာန် မှိုလေးထွက်လာတာမြင်ရမှာဖြစ်ပါတယ်။20 cm (7.9 in) လောက်အထိကို ကြီးထွားကြပါတယ်။ရင့်လာတဲ့ အဆင့်ထိကို ပန်းရောင် လိမ္မော်ရောင် အနီရောင်ဆိုပြီး အခြေအနေအမျိုးမျိုးနဲ့ တွေ့ရနိုင်ပြီး‌တော့ ဥအခြေအနေမှာဆိုရင်တော့ စားလို့ရနိုင်ပါတယ်။သို့ပေမယ့် သူတို့ ကြီးထွားလာပြီး သေဆုံးတဲ့ အချိန်ထိ တစ်ရက်ကျော်ပဲ ကြာပါသတဲ့။
Sources from various sites

Keep Reading