Author's Profile Photo

SarPhat Author

16/05/2024

တရုတ်စကားပန်း

1 min read
General Knowledge
Art
18 Again
တရုတ်စကားပန်း's photo

တရုတ်စကားပန်းလေးတွေကို မြတ်နိုးတတ်သူလေးတွေက ရိုးရှင်းတဲ့စိတ်ထားလေးလည်းရှိကြတယ်တဲ့?

ပကာသနတွေထက် အေးချမ်းငြိမ်သက်မှုကိုသာပိုပြီး သဘောကျကြတယ်တဲ့။

ဟာဝိုင်အီမှာဆိုရင် တရုတ်စကားပန်းလေးကို ဘယ်ဘက်နားမှာပန်ထားရင် ချစ်သူ ဒါမှမဟုတ် အိမ်ထောင်ရှိတယ်လို့အဓိပ္ပာယ်ရပြီး ညာဘက်နားမှာပန်ထားရင်တော့ single လို့ အဓိပ္ပာယ်ရတယ်ဆိုပြီး ဖတ်သားဖူးခဲ့ပါတယ်။

တရုတ်စကားပန်းလေးတွေက ရာသီမရွေး လှပဖူးပွင့်နိုင်တဲ့ပန်းလေးတွေဖြစ်တာကြောင့် ထိုပန်းလေးတွေကိုနှစ်သက်သူလေးတွေက လောကဓံကို အပြုံးမပျက်ဘဲ ကြံ့ကြံ့ခံနိုင်တဲ့သူလေးတွေဖြစ်တတ်တာများတယ်တဲ့။

တရုတ်စကားပန်းလေးတွေရဲ့ ရနံ့လေးက လူတစ်ယောက်ရဲ့စိတ်ကို ကြည်နူးလန်းဆန်းစေတဲ့အစွမ်းသတ္တိတစ်မျိုးလည်းရှိပါတယ်။
တရုတ်စကားပန်းလေးတွေကို သုပ်စားရင်လည်း ကျန်းမာရေးအတွက်ကောင်းကျိုးရှိစေပါတယ်။

တရုတ်စကားပန်းလေးရဲ့အကြောင်းကို T Kyi လေ့လာမှတ်သားထားရသလောက်လေး ရေးသားဖော်ပြပေးလိုက်ပါတယ်ရှင်။
အားလုံးပဲ ဘေးဘယာခပ်သိမ်းကင်းဝေးကြပါစေ။

Keep Reading

မုန်းခိုင်းတိုင်း မုန်းမှာလား စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာရေးဆရာနတ်နွယ်ဆိုတာThe Fall Of SpartacusVictor Hugo ပေးတဲ့သင်ခန်းစာ𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚Oppenheimer ရုပ်ရှင်ကိုလေ့လာခြင်းအဆန့်အဖျက်လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြဿနာဒေါ့စတာယက်စကီးရဲ့ဘဝအမောပြေ