WHY:ဘာကြောင့်လဲ
➡️ မြွေများ၏ သွားလာပုံမှာ သိပ္ပံပညာရှင်တွေအတွက်ပင်လျှင် ပဟေဠိဆန်သည့်ကိစ္စရပ်တစ်ခုပါ။ အစောပိုင်းကာလများ၌ ပညာရှင်အချို့လက်ခံထားကြသည်မှာ မြွေတွေက ကျောက်တုံးကျောက်ခဲတွေနဲ့ တခြားနောက်ခံ တစ်ခုခုကို တွန်းကန်ပြီးတော့ သွားလာကြသည် ဟူ၍ဖြစ်၏။
သို့သော် ဒီသီဝရီသည် မြွေများက သဲသောင်ပြင်ပေါ် ၊ ပြောင်လင်းချောမွတ်နေသည့် လမ်း၊ သမန်သလင်း စသည်တို့တွင်ရော ဘယ်လိုသွားလာကြသနည်း စသည့်မေးခွန်းကိုတော့ မဖြေရှင်းနိုင်ခဲ့ပါ။
အထက်ပါ မေးခွန်းကို ဖြေရှင်းနိုင်ခဲ့သည့် သီဝရီမှာ - "မြွေများသည် ဦးတည်ချက်ရှိပွတ်မှုတွန်းကန်ခြင်းနည်း(directional friction) နှင့် အလေးချိန်ဖြန့်ကျက်ခြင်း(weight distribution) နည်းကိုအသုံးပြု၍ သွားလာကြသည်" ဟူ၍ဖြစ်သည်။
➡️ ဦးတည်ချက်ရှိပွတ်မှုတွန်းကန်ခြင်း(directional friction)
ဒီနည်းလမ်းသည် မြွေ၏အကြေးခွံက မြေကြီးကို ပွတ်တိုက်ယက်ကန်ခြင်းနည်းဖြင့် လှုပ်ရှားသွားလာခြင်းဖြစ်သည်။ ဥပမာအနေနှင့် ကားဘီးသည် မြေကြီး(လမ်း) ကိုပွတ်တိုက် ယက်ကန်ခြင်းအားဖြင့် လိမ့်ပြီးကားကို ရွေ့လျားစေခြင်းနည်းကဲ့သို့ ဖြစ်သည်။
ဤနေရာတွင် မြွေအရေခွံချောချောမွတ်မွတ်က ပွတ်တိုက်ယက်ကန်မှုများ မလုပ်နိုင်ဟု ထင်နိုင်သည်။ အမှန်မှာ မြွေအရေခွံသည် ထင်သလောက်မချောမွတ်ပါ။ မြွေများသည်သူတို့၏ရေခွံကို ချောမွတ်အောင် ကြေးခွံတစ်ဖက်နှင့်တစ်ဖက်ကြား စိနေအောင်ထားနိုင်သည်။ ထို့နည်းတူ ကြမ်းသွားအောင်လည်း အကြေးခွံကြားကို ကားထားနိုင်သည်။
ယခုလို အကြေးခွံကို ချောတစ်ခါကြမ်းတစ်လည့် ပြုလုပ်ပြီးတော့ ရွေ့လျားကြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အကြေးခွံနှင့် မြေကြီး၏ ပွတ်မှုအားကိုအသုံးပြုခြင်းဖြင့် ရွေ့လျားကြခြင်းဖြစ်သည်။
အကယ်၍ သက်ရောက်လိုက်သည့်ပွတ်မှုအားများသည် လားရာ(direction) အားလုံး၌တူညီနေမည်ဆိုလျှင် မြွေက ဘယ်ညာ လှုပ်ယုံမျှသာလှုပ်နေပြီးတော့ ရှေ့သို့ ဆက်ရွေ့မည်မဟုတ်ပါ။ ပွတ်မှုတွန်းကန်အား၏ တန်ဖိုးက လားရာအလိုက်ပြောင်းလဲ နေမှသာလျှင် ရှေ့သို့ဆက်သွားနိုင်မည်ဖြစ်သည်။ ဥပမာ- ဘယ်ဘက်အကြေးခွံ၏ သက်ရောက်အားက လားရာ +X နှင့် ၅ နယူတန်ဆိုလျှင်၊ ညာဘက်ကြေးခွံရဲ့ သက်ရောက်အားက ဘယ်ဘက်နှင့်မတူသည့် လားရာရော အားပမာဏရော ရှိဖို့ရန်လိုအပ်သည်။
မြွေများသည် သူတို့၏ ကိုယ်ခန္ဓာကို ထောင့်တစ်ခုကဲ့သို့ကွေးကောက် လိုက်ခြင်းဖြင့်လည်း သွားလာနိုင်ကြပါသေးသည်။ များများကွေးလေ ပွတ်မှုအားများလေ ဖြစ်ပြီးတော့ နည်းနည်းကွေးလေ ပွတ်မှုအားနည်းလေပါ။ထို့ကြောင့် မြွေများသည် ပွတ်မှုအားများသည့် ကွေ့ကွေ့ကောက်ကောက်သွားခြင်းက အဖြောင့်တိုင်း သွားခြင်းထက် ပိုမြန်ခြင်းဖြစ်သည်။
➡️ ကိုယ်အလေးချိန်ဖြန့်ကျက်မှု( weight distribution)
အလေးချိန်ဖြန့်ကျက်မှုသည်လည်း မြွေများ၏ သွားလာမှုပုံစံအတွက် အရေးပါသည်။
မြွေတစ်ကောင်သွားနေသည်ကို အနီးကပ်သေချာကြည့်မည်ဆိုလျှင် ၎င်းတို့၏ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးသည် မြေကြီးနှင့် အမြဲထိမနေသည်ကိုတွေ့ရပါလိမ့်မည်။
အဘယ်ကြောင့်ဆိုလျှင် သူတို့၏ကိုယ်ခန္ဓာအလေးချိန် ကျရောက်နေသည့် အမှတ်တစ်ခုမှ နောက်ထပ်အခြားအမှတ်တစ်ခုကို ရွေ့ပြောင်းနိုင်ရန် ထိုအစိတ်အပိုင်းများကို 'မ' နေခြင်းကြောင့်ဖြစ်သည်။ ထိုကဲ့သို့အလေးချိန်များကို အမှတ်တစ်ခုမှ အခြားတစ်ခုသို့ ပြောင်းရွေ့ခြင်း (အလေးချိန်ဖြန့်ကျက်ခြင်း) ကမြွေများအား မြန်မြန်သွားနိုင်အောင်ကူညီပေးသည်။
ဤနည်းလမ်းသည် လူသားများ မြန်မြန်ပြေးချင်သည့်အခါတွင် ကိုယ်ခန္ဓာအလေးချိန်ကို ခြေဖနှောင့်မှ ခြေချောင်းများဆီသို့ပြောင်းရွေ့ချင်နှင့် အတူတူပင်ဖြစ်သည်။
သို့သော် အချို့မြွေမျိုးစိတ်၏ သွားလာပုံနှင့်ပတ်သက်၍ လုံးဝမဖြေရှင်းနိုင်သည် များလည်းရှိနေသေးပါသည်။
- ဘာကြောင့်လဲ(why?)
Keep Reading