Thar Htoo-Be Unique
ကိန်းဂဏန်းတွေ အသီးသီးမှာ သူမတူတဲ့ စွမ်းအင်တွေရှိကြပါတယ်။ သက်ဆိုင်ရာဂဏန်းတွေအနေနဲ့ သူတို့ရဲ့အထောက်အပံ့တွေ၊ အစောင်အမတွေကို ပေးကြလေ့ရှိပါတယ်။ တောင်းဆိုချက်များအရ ဒီအခေါက်မှာတော့ ၉-ဂဏန်းအကြောင်းကို ဆက်လက်ရေးသားတင်ပြသွားချင်ပါတယ်။
ပထမဦးစွာ မိမိအနေနဲ့ ၉-ဂဏန်းပိုင်ရှင်တစ်ယောက်ဖြစ်မဖြစ် ဘယ်လိုသိရှိနိုင်မလဲဆိုတာနဲ့ စချင်ပါတယ်။ အဖြေကတော့ မွေးရက် ၉ ရက်, ၁၈ ရက် (၁+၈) , ၂၇ရက် (၂+၇) တွေမှာ မွေးဖွား ကြတဲ့ လူတိုင်းဟာ ၉ ဂဏန်းပိုင်ရှင်များဖြစ်ကြပါတယ်။ နံပါတ် ၉ ရဲ့ထူးခြားချက်က သူ့ကိုစိုးမိုးတဲ့ ဂြိုဟ်ဟာ အင်္ဂါဂြိုဟ် ဖြစ်ပြီး နေ၊လ၊ ဗုဒ္ဓဟူးဂြိုဟ် အပါအ၀င် ကြာသပတေးဂြိုဟ် တို့နှင့် မိတ်ဘက်များဖြစ်ကြပြီး၊ စနေဂြိုဟ်၊ သောကြာဂြိုဟ်၊ ရာဟုဂြိုဟ်၊ ကိတ်ဂြိုဟ် တို့နဲ့ ရန်ဘက်များဖြစ်ကြပါတယ်။
ဤ ၉ဂဏန်းပိုင်ရှင်များဟာ ရည်မှန်းချက်ကြီးမားကြပြီး ယုံကြည်မှုအပြည့်ရှိကြပါတယ်။ ၉ ဂဏန်းဟာ အားကောင်းပြီး သန်မာမှု ကိုရည်ညွန်းလို့ ထိုရက်၌မွေးကြတဲ့ လူတွေဟာ သန်မာကြပြီး ကာယဥာဏစွမ်းအားတွေ အားကောင်းကြပါတယ်။ ဇွဲရှိပြီး စိတ်ဓာတ်မာကျောသူများဖြစ်လို့ သတ္တိတွေလည်းရှိကြတယ်။ အာရုံစူးစိုက်မှုကောင်းပြီး လုပ်မယ်ကြံတဲ့အလုပ်တွေမှာ ဇောက်ချလုပ်ကိုင်ကြလေ့ရှိပါတယ်။ ပုံပန်းသဏ္ဍန်အရ ခက်ထန်သလိုမြင်ရပေမဲ့ စိတ်နှလုံးသား နူးညံ့ဖြူစင်ကြပါတယ်။ သူတို့ဟာ အချိန်မှန်ကန်တိကျမှုကို လိုလားတယ်၊ စည်းကမ်းတကျနဲ့နေထိုင်ကြတယ်၊ ဘေးကလူတွေအပေါ်မှာလည်း သြဇာလွမ်းမိုးမှုအားကောင်းကြလေ့ရှိပါတယ်။ ကိန်းဂဏန်း ၉ဟာ ပေါ်များကြွယ်၀ခြင်း၊ ပျော်ရွှင်ခြင်း၊ ကံကောင်းခြင်းများကို ဖော်ကြူးသော သင်္ကေတဖြစ်ပါတယ်။
၉ဂဏန်းသမားများအနေနဲ့ စိတ်နေသဘောထားတွေက ဘယ်လိုရှိလဲ?
ကောင်းကွက်တွေရှိသလို တဖက်မှာလည်း ပြုပြင်သင့်တဲ့အချက်တွေရှိနေပါတယ်။ ၉ဂဏန်းသမားများဟာ စွမ်းအားကြီးလို့ တစ်ခုခုဆိုရင် စိတ်လိုက်မာန်ပါလုပ်တတ်လေ့ရှိတယ်၊ ကိစ္စသေးသေးလေးတွေမှာပါ စိတ်ဆိုးဒေါသထွက်လွယ်တတ်ပါတယ်။ ခေါင်းမာတတ်ပြီး ဘေးကလူရဲ့ အကြံဥာဏ်တွေကိုလည်း နားထောင်တတ်လေ့မရှိကြပါဘူး။ ဟန်ဆောင်ရတာမကြိုက်လို့ ဒဲ့ဒိုးမျက်နှာရှေ့မှာ ရှင်းတတ်ကြပါတယ်။ ဒါ့ကြောင့်မို့လို့ မခံနိုင်ကြတဲ့လူတွေက ၉ဂဏန်းသမားတွေကို ရှောင်ကြလေ့ရှိပါတယ်။ ဆက်လက်ပြီး တစ်စုံတစ်ဦးကို ချစ်ကြိုက်မိပြီးဆိုရင်လည်း မရမက လိုက်ကြလေ့ရှိပါတယ်။ ဒီလို အလေ့အထတွေကြောင့်ပဲ မျက်နှာပျက်စရာတွေနဲ့ ကြုံရတတ်ပါတယ်။
အလုပ်အကိုင်နဲ့ပတ်သက်ရင်ဘယ်လို အခြေအနေရှိလဲ?
အိမ်ခြံမြေ ရောင်း၀ယ်ရေး လုပ်ငန်းများ၊ အားကစားသမားများ နှင့် အစိုးရ နဲ့ဆိုင်တဲ့ အလုပ်တွေမှာ လုပ်ကိုင်ကြလေ့ရှိပါတယ်။
ကံကောင်းစေတဲ့အရောင်တွေကဘာတွေလဲ?
အနီရောင်၊ ပန်းရောင်တွေကို မိမိတို့ရဲ့ အသုံးအဆောင်များမှာ သုံးစွဲပြီး ဆောင်သင့်ပါတယ်။
နိဂုံးချုပ်မှာတော့ ၉-ဂဏန်းတွေရဲ့ အားသာချက်တွေကတော့ ပြင်းပြသော စိတ်ဓာတ်ရှိတယ်၊ အပိုတွေ၊ မဟုတ်မမှန်တာတွေကို လက်ပိုက်မကြည့်နေပဲ တုံ့ပြန်စရာရှိတာတုံ့ပြန်တတ်ကြတယ်။၊ ဒါ့အပြင် လူသစ်တွေနဲ့ မိတ်ဆွေဖွဲ့ရတဲ့နေရာမှာ အားသာချက်ရှိတယ်၊ တက်ကြွပြီး သိလိုစိတ်မြှင့်မားသူတွေဖြစ်တယ်၊ ဂုဏ်သိက္ခာရှိစွာနေထိုင်တတ်ကြပြီး အလွန် သစ္စာရှိကြသူတွေဖြစ်တယ်၊
တဖက်တွင်လည်း ပြင်ဆင်နေထိုင်သင့်တာတွေကတော့ အလွန်အကျွံအငြင်းအခုံရှိတာတွေကိုထိန်းသင့်တယ်၊ ကိုယ်ထိလက်ရောက် လုပ်ခြင်းမှ ရှောင်ကျဥ်သင့်တယ်၊ ဆုံးဖြတ်ချက်မြန်ဆန်စွာချလေ့ရှိလို့ အရှုံးတွေနဲ့ ရင်ဆိုင်ရလေ့ရှိတာကြောင့် ခေါင်းအေးအေးထားဖို့လိုတယ်၊ တကိုယ်ကောင်းဆန်တတ်တာတွေ၊ ကိုယ်နှုတ်အမူအရာကြမ်းတမ်းမှုတွေကို ဆင်ခြင်သင့်ပါတယ်။
Ref: TimesofIndia,
Thar Htoo-Be Unique
Keep Reading