Author's Profile Photo

အက္ခရာ - Haruki

14/05/2024

Self-Study ထိရောက်ဖို့

1 min read
Personal Development
Education
18 Again
Self-Study ထိရောက်ဖို့'s photo

Self-Study ထိရောက်ဖို့ အကောင်းဆုံးနည်းလမ်းများ

Self-study လုပ်တယ်ဆိုတာ ကိုယ်ပိုင်နည်းလမ်းနှင့်စာလေ့လာရတာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ သေချာအသုံးချတတ်ရင် အကျိုးသက်ရောက်မှုကြီးမားတဲ့ စာလေ့လာနည်းဖြစ်ပါတယ်။

ဒါကြောင့် ထိရောက်တဲ့ Self-study ဖြစ်အောင် လုပ်ဆောင်ရမယ့်နည်းလမ်းတွေကို ဖော်ပြပေးသွားပါမယ်ခင်ဗျာ။

⛳️ - ယုတ္တိကျတဲ့ပန်းတိုင်ထားပါ။

တစ်ညအတွင်း တစ်လစာလေ့လာရမှာကို တစ်ညထဲနှင့်အပြတ်လေ့လာမယ်ဆိုတဲ့ မဖြစ်နိုင်တဲ့ပန်းတိုင်တွေမထားဘဲ တစ်ညကို စာဘယ်နှစ်ပုဒ်လေ့လာမယ် စတဲ့ဖြစ်နိုင်ခြေရှိတဲ့ပန်းတိုင်တွေကိုပဲထားသင့်ပါတယ်။

? - မတူညီတဲ့ဘာသာရပ်တွေကိုလေ့လာပါ။

လုပ်နေချိန်တစ်လျှောက်လုံး ဘာသာရပ်တစ်ခုကိုပဲလုပ်တာထက် အချိန်အလိုက်ဘာသာရပ်တွေ ပြောင်းပြီးလုပ်တာက ပိုပြီးအာရုံစူးစိုက်မှုရစေပါတယ်ခင်ဗျာ။

?‍♂️ - မတူညီတဲ့နည်းလမ်းတွေကို အသုံးပြုပါ။

စာလေ့လာနေချိန်မှာ မူသေပစ္စည်းတစ်ခုကိုပဲအသုံးမပြုဘဲ တစ်ခြားနည်းလမ်းတွေကိုလည်းအသုံးပြုပေးသင့်ပါတယ်။ စာအုပ်နှင့်ပဲတောက်လျှောက်လေ့လာတာထက် သီချင်းနှင့်ဗီဒီယိုတွေကနေတစ်ဆင့် သင်ယူတာကိုပါလုပ်ပေးခြင်းက စာကိုပိုပြီးမှတ်မိနားလည်စေပါတယ်။

✍️ - မှတ်သားစရာတွေကို လက်နှင့်ရေးပြီးမှတ်သားပါ။

ဖုန်းရဲ့မှတ်စုထဲမှာ မှတ်တာလိုမျိုးက မှတ်မိဖို့ခက်စေတတ်ပါတယ်။ စာအုပ်မှာကိုယ်တိုင်ချရေးတဲ့အချက်အလက်တွေကိုတော့ ပိုပြီးမှတ်မိလွယ်တဲ့အပြင် လေ့လာတဲ့စာတွေကို ပိုပြီးလည်းနားလည်လွယ်စေပါတယ်။

? - နေရာကိုသေချာရွေးချယ်ပါ။

စာလုပ်မယ့်နေရာဟာအရေးကြီးတာကြောင့် သေချာရွေးချယ်ဖို့လိုအပ်ပါတယ်။ နေရာ အနေအထား မီးအလင်းအမှောင်သေချာကြည့်မယ့်အပြင် ကိုယ့်ရဲ့စာကြည့်စားပွဲပေါ်မှာရှိနေတဲ့ ပစ္စည်းတွေကိုလည်း သေချာစီစဉ်တတ်ရပါမယ်ခင်ဗျာ။

ထိရောက်စွာ လေ့လာနိုင်ပါစေ...

နွေဦးအက္ခရာ ( May 4, 2024 . 6:35 PM )

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း